ဇွန်လတွင်  ထိုင်းကားထုတ်လုပ်မှု မြင့်တက် ပြည်တွင်းရောင်းအား ကျဆင်း


ဇွန်လတွင်  ထိုင်းကားထုတ်လုပ်မှု မြင့်တက် ပြည်တွင်းရောင်းအား ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ထိုင်းနိုင်ငံတွင် မော်တော်ယာဥ်ထုတ်လုပ်မှုသည် ဇွန်လတွင် ယခင်နှစ်ထက် ၁.၇၈% ပိုများခဲ့ပြီး ၁၄၅,၅၅၇ စီး ထုတ်လုပ်ခဲ့သည်။
ကားအများစုကို ပြည်ပသို့ တင်ပို့ခဲ့သည်။ ပြည်တွင်း ရောင်းအား လျော့ကျခဲ့သည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) က အင်္ဂါနေ့(ဇူလိုင် ၂၅)တွင် ပြောကြားခဲ့သည်။
ဇွန်လတွင် ကား ၈၈,၈၂၆ စီး ပြည်ပသို့ တင်ပို့ခဲ့သည်။ 
ယခုအခါ ချစ်ပ်ပြတ်လပ်မှု မရှိတော့ဟု FTI ၏ မော်တော်ကားလုပ်ငန်းဌာနခွဲ၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpattanapong က ပြောကြားသည်။

ဇွန်လတွင် ပြည်တွင်းကားရောင်းအားသည် ယခင်နှစ်ကထက် ၅.၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၆၄,၄၄၀ ရောင်းချခဲ့သည်။
အထူးသဖြင့် ထရပ်ကားများ ရောင်းအား ကျဆင်းခဲ့သည်။
ကားဝယ်ရန်အတွက် ဘဏ်ချေးငွေ ရဖို့ ခက်ခဲနေခြင်းကြောင့်လည်း ရောင်းအားကျသည်။

FTI သည် ယခုနှစ်တွင် ပြည်တွင်း၌ ကားအစီးရေ ၈၅၀,၀၀၀ ရောင်းချရမည်ဟု ခန့်မှန်းထားပြီး ယခင်အစောပိုင်းက ခန့်မှန်းထားသည့် အစီးရေ ၉၀၀,၀၀၀ ထက် လျော့ကျသွားကြောင်း ၎င်းက ဆိုသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 305 times