အတိုးနှုန်းနှင့် ကြွေးမြီကြောင့် ထိုင်းမှာ ကားရောင်းအားကျဆင်း


အတိုးနှုန်းနှင့် ကြွေးမြီကြောင့် ထိုင်းမှာ ကားရောင်းအားကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အိမ်ထောင်စုကြွေးမြီများ မြင့်တက်လာခြင်းနှင့် ဘဏ်ချေးငွေအတိုးနှုန်းများ တိုးလာခြင်းကြောင့် စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်း လျော့ကျသဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ထိုင်းနိုင်ငံတွင်း ကားရောင်းအား ကျဆင်းသွားကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က သတင်းထုတ်ပြန်ခဲ့သည်။
ပြည်တွင်းကားရောင်းအား ကျဆင်းခဲ့ပြီး ၅၈,၄၁၉ စီး ရောင်းချခဲ့သည်။ ယမန်နှစ်ထက် ၈.၇၇% လျော့ကျသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လတာတွင် ကား အစီးရေ ၄၆၄,၅၅၀ ရောင်းချခဲ့သည်။

ပစ်ကပ်ထရပ်ကားများအတွက် ချေးငွေကို ငွေကြေး အဖွဲ့အစည်းများက တင်းကျပ်မှုကြောင့်လည်းကောင်း၊ အိမ်ထောင်စုကြွေးမြီများ များနေကြခြင်းကြောင့် လည်းကောင်း၊ ဘဏ်အတိုးနှုန်း မြင့်မားခြင်းကြောင့်လည်းကြောင်း ကားဝယ်လိုအား ကျဆင်းသည်ဟု FTI မော်တော်ကားလုပ်ငန်းဒုဥက္ကဋ္ဌ Surapong Paisitpattanapong က သုံးသပ်သည်။
 
ထိုင်းမော်တော်ယာဥ်လုပ်ငန်းကဏ္ဍ တစ်ခုလုံးအနေဖြင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတို့ တိုးတက်ခဲ့သည်။

ဇူလိုင်လတွင် စုစုပေါင်း ကား ၁၄၉,၇၀၉ စီး ထုတ်လုပ်ခဲ့သည်။
ယခုနှစ် ပထမ ၇ လတွင် ကား ၁,၀၇၂,၂၂၁ စီး ထုတ်လုပ်ခဲ့သည်။
ဇူလိုင်လတွင် အပြည့်အဝ အပြီးအစီး တပ်ဆင်ထားသော ကား ၁၀၈,၀၅၂ စီး တင်ပို့ခဲ့သည်။
ပို့ကုန်ဈေးကွက်များသည် မြောက်အမေရိကမှလွဲ၍ ဒေသတိုင်းလိုလိုတွင် ပိုများခဲ့သည်။
ပို့ကုန်တန်ဖိုး ဘတ် ၆၇.၅၉ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ဇူလိုင်လတွင် ဘက်ထရီ လျှပ်စစ်ယာဉ် Battery Electric Vehicles (BEVs) ၆,၉၀၄ စီး ကနဦး မှတ်ပုံတင်ခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ BEV စုစုပေါင်း ၄၉,၉၄၉ စီး ကနဦး မှတ်ပုံတင်ခဲ့ပါသည်။

Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 323 times