ထိုင်းအီးဗီ ရောင်းအား စီးရေ ငါးသောင်းမျှော်မှန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံတွင် ကားအသစ်များ အဝယ်နည်းနေခြင်း၊ အိမ်ထောင်စု ကြွေးမြီမြင့်မားနေခြင်းနှင့် ဘဏ်များ၏ တင်းကျပ်သော မော်တော်ကားချေးငွေဆိုင်ရာ သတ်မှတ်ချက်များကြားမှာ ယခုနှစ်အတွင်း လျှပ်စစ်ကား အစီးရေ ၅၀,၀၀၀ ရောင်းချနိုင်မည်ဟု ရည်မှန်းထားသည့် ပန်းတိုင်ကို ရောက်ရှိရန် မျှော်မှန်းထားကြောင်း Thailand Automotive Institute (TAI) မှ ပြောကြားသည်။
ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်း အီးဗီ ရောင်းအားသည် အကြမ်းဖျင်းအားဖြင့် ကားအစီးရေ ၂၀,၀၀၀ ရှိခဲ့ပါသည်။
အစိုးရ၏ မက်လုံးပေးသည့် အစီအစဉ်ကြောင့် အီးဗီ ဝယ်ရန်ဆန္ဒ ရှိနေစေသည်။
ထိုင်းနိုင်ငံသည် ဒေသတွင်း အီးဗီ အချက်အချာဖြစ်လာရန် ကြိုးပမ်းနေသဖြင့် အီးဗီအတွက် မက်လုံး အမျိုးမျိုး ပေးအပမလျက်ရှိသည်။
၂၀၂၂ မှ ၂၀၂၃ ခုနှစ်အတွင်း အီးဗီ သုံးစွဲမှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် အခွန် လျှော့ချခြင်း၊ ထောက်ပံ့ကြေးများ အပါအဝင် မက်လုံးများကို အစိုးရအဖွဲ့မှ အတည်ပြုခဲ့သည်။
"ထိုင်းမော်တော်ယာဥ်လုပ်ငန်းဟာ ဒီနှစ်မှာ အထူးသဖြင့် အီးဗီ ကဏ္ဍမှာ အခြေအနေတွေ ကောင်းမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" ဟု TAI ဥက္ကဋ္ဌ Kriengsak Wongpromrat က ပြောကြားခဲ့သည်။
Tesla အပါအဝင် တရုတ်ပြည်ဖြစ် အီးဗီများသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် အီးဗီမော်ဒယ်သစ်များကို ဆက်လက်တင်သွင်းကြမည်ဖြစ်သည်။
ဓာတ်ဆီကားထက် ဈေးပိုမြင့်သည့် အီးဗီများကို ဝယ်ယူနိုင်သူများ ရှိနေသည့် အီးဗီဈေးကွက်တစ်ခုအဖြစ် ရှုမြင်ကြောင်း ၎င်းက ပြောသည်။
ကားဝယ်သူများသည် အင်ဂျင်ကားများအစား လျှပ်စစ်ကားများကို ပိုမိုရွေးချယ်ကြသောကြောင့် တရုတ် အီးဗီ ထုတ်လုပ်သူများသည် ၎င်းတို့၏ စျေးကွက်ဝေစုကို တိုးမြှင့်ရန် မျှော်လင့်ထားကြောင်း Mr Kriengsak က ပြောကြားခဲ့သည်။
TAI သည် ကားကုမ္ပဏီများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ အီးဗီ အင်ဂျင်နီယာများနှင့် ပူးပေါင်းကာ အီးဗီကိစ္စရပ်များအတွက် ထိုင်းမှ မော်တော်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်သူများကို ကျွမ်းကျင်လာစေရန် သင်တန်းပေးနေကြောင်း၊ အင်ဂျင်ကားအတွက် ထုတ်လုပ်ခြင်းမှ လျှပ်စစ်ကားအတွက် ထုတ်လုက်ခြင်းဆီသို့ ကူးပြောင်းရောက်ရှိရန် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U