မော်တော်ဆိုင်ကယ် စီးရေ ၂.၁ သန်းကျော် ထုတ်လုပ်ရန် ထိုင်းခန့်မှန်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries (FTI) သည် ယခုနှစ်အတွင်း စုစုပေါင်း မော်တော်ဆိုင်ကယ်ထုတ်လုပ်မှု လျာထားချက် အစီးရေ ၂.၁ သန်းထက် ကျော်လွန်လိမ့်မည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှုကြောင့် ဆိုင်ကယ်ဝယ်လိုအား မြင့်တက်လာသည်ဟု FTI မှ မော်တော်ကားလုပ်ငန်းကလပ်၏ ဒုဥက္ကဋ္ဌနှင့် ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။
ကမ္ဘာ့ချစ်ပ်ပြတ်လပ်မှု မရှိတော့သဖြင့် မော်တော်ဆိုင်ကယ်များ ပိုမို ထုတ်လုပ်နိုင်စေမည်ဟု ၎င်းက ပြောကြားသည်။
“ကိုဗစ်ကူးစက်ရောဂါ ပြီးဆုံးပြီး နယ်စပ်တွေ ပြန်ဖွင့်ကတည်းက ခရီးသွားလုပ်ငန်းက ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ နိုင်ငံခြား ခရီးသွားတွေ ဆိုင်ကယ် မောင်းရတာ ကြိုက်ကြတယ်”ဟု Mr Surapong က ပြောကြားသည်။
ယခုနှစ်အစောပိုင်းတွင် FTI သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းပြည်တွင်းမော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို အစီးရေ ၂.၁ သန်း ရှိမည်ဟု ခန့်မှန်းခဲ့သည်။
ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်မှုသည် ယူနစ် ၁.၇၅ သန်းဖြစ်ပြီး ပြည်ပသို့ တင်ပို့ရန် အစီးရေ ၃ သိန်းခွဲ ထုတ်လုပ်မည်ဟု ခန့်မှန်းထားသည်။
ထုတ်လုပ်မှု
ဇူလိုင်လတွင် မော်တော်ဆိုင်ကယ် ၁၉၄,၇၇၃ စီး ထုတ်လုပ်ခဲ့သည်။
အပြီးအစီး Completely built-up (CBU) ထုတ်လုပ်စီးရေ ၁၇၀,၁၂၃ ရှိပြီး အစိတ်အပိုင်းများအဖြစ် completely knocked-down (CKD) ထုတ်လုပ်စီးရေ ၂၄,၆၅၀ ရှိသည်။
ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လတာတွင် အစီးရေ ၁,၅၀၁,၄၇၀ ထုတ်လုပ်ခဲ့သည်။
CBU ၁,၂၉၇,၇၂၇ စီးနှင့် CKD ၂၀၃,၇၄၃ စီး ထုတ်လုပ်ခဲ့သည်။
ပြည်တွင်းရောင်းအား
ပြည်တွင်းရောင်းအားသည် ဇူလိုင်လတွင် ၁၅၀,၇၇၉ စီး ရှိသည်။
အတွင်း မီးလောင်ပေါက်ကွဲ အင်ဂျင် internal combustion engine (ICE) မော်တော်ဆိုင်ကယ် ရောင်းအား ၁၅၀,၇၇၀ စီး ရှိသည်။ ဟိုက်ဘရစ် မော်တော်ဆိုင်ကယ် ၉ စီး ရောင်းချခဲ့သည်။
ပထမ ၇ လတာ ရောင်းအားမှာ ၁,၁၄၄,၇၆၀ စီး ရှိသည်။ ICE ၁,၁၄၃,၇၂၂ စီး၊ ဟိုက်ဘရစ် ၈၁၈ စီး ရောင်းချခဲ့သည်။ ဘက်ထရီသုံး လျှပ်စစ်မော်တော်ဆိုင်ကယ် အစီး ၂၂၀ ရောင်းချခဲ့သည်။
ပြည်ပတင်ပို့
ဇူလိုင်လတွင် မော်တော်ဆိုင်ကယ် CBU နှင့် CKD စုစုပေါင်း ၆၄,၂၃၈ စီး ပြည်ပသို့ တင်ပို့ခဲ့သည်။ တန်ဖိုးစုစုပေါင်းမှာ ဘတ် ၅.၆၉ ဘီလီယံ ဖြစ်ပါသည်။
ပထမ ၇ လတွင် မော်တော်ဆိုင်ကယ် CBU နှင့် CKD စုစုပေါင်း ၄၉၁,၈၇၂ စီး တင်ပို့ခဲ့သည်။ တန်ဖိုးစုစုပေါင်းမှာ ဘတ် ၄၁.၆ ဘီလီယံ ဖြစ်ပါသည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL