အိန္ဒိယသို့ ထိုင်း မော်တော်ယာဉ် တင်ပို့မှုမှာ ဆက်လက် တိုးများ


အိန္ဒိယသို့ ထိုင်း မော်တော်ယာဉ် တင်ပို့မှုမှာ ဆက်လက် တိုးများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အိန္ဒိယဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီးချိန်မှစ၍ ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှု မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အနာဂတ်တွင် ၎င်းတို့၏ စျေးကွက်ဝေစုကို ပိုမိုချဲ့ထွင်ရန် မော်တော်ယာဉ်များ၏ အားသာချက်များကို မီးမောင်းထိုးပြရန် တင်ပို့သူများကို ဝန်ကြီးဌာနက အကြံပြုတိုက်တွန်းသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ အမြဲတမ်းအတွင်းဝန်  Buntee Parnichprapai ၏အဆိုအရ အိန္ဒိယနိုင်ငံသို့  ဇွန်လအတွင်း မော်တော်ကား တင်ပို့ရောင်းချသည့် တန်ဖိုးသည် ယခင်နှစ် ဇွန်လနှင့် နှိုင်းယှဉ်ပါက ၁၀% မြင့်တက်လာခဲ့သည်။

ထိုင်းမှ အိန္ဒိယသို့ တင်ပို့သည့် မော်တော်ယာဉ်များတွင် ၃ ဘီးယာဉ်များသည် အများဆုံး ဖြစ်ပြီး ၇၁% ပါဝင်သည်။ ထရက်တာ ၄၁% ၊ မော်တော်ဆိုက်ကယ် ၇% ပါဝင်သည်။ အိမ်စီးကား ၅% နှင့် လုပ်ငန်းသုံးယာဉ် ၀.၅% ပါဝင်သည်။

အိန္ဒိယ မော်တော်ယာဥ်ဈေးကွက်က ကြီးထွားလာနေသည်။ 

ထိုင်းနိုင်ငံသည် အိန္ဒိယသို့ အမြဲမပြတ် မော်တော်ယာဉ် တင်ပို့သည့် နိုင်ငံဖြစ်သည်။

ထိုင်းနှင့် အိန္ဒိယတို့အကြား လွတ်လပ်ကုန်သွယ်ရေး သဘောတူညီချက် ရှိနေသည့်အပြင် အာဆီယံ အိန္ဒိယ လွတ်လပ်ကုန်သွယ်ရေး သဘောတူညီချက်လည်း ရှိနေသဖြင့် ထိုင်းမှ အိန္ဒိယသို့ တင်ပို့သည့်ကားများ သွင်းကုန်ခွန် သက်သာသည်။

ကုလသမဂ္ဂ အဆိုအရ အိန္ဒိယသည် တရုတ်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ဂျပန်၊ အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ ချက်သမ္မတနိုင်ငံ၊ အီတလီနှင့် ဆွီဒင်နိုင်ငံတို့မှ မော်တော်ယာဉ်များကို တင်သွင်းသည်။  

အိန္ဒိယသည် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် မော်တော်ယာဥ်အစိတ်အပိုင်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ပေ။ သို့ဖြစ်ရာ ထိုင်းနိုင်ငံမှ  မော်တော်ယာဥ်အစိတ်အပိုင်းများ၊ ယာဉ်အပိုပစ္စည်းများ အိန္ဒိယသို့ တင်ပို့သည်။
ယမန်နှစ်က အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၉ ဘီလီယံကျော်ဖိုး မော်တော်ယာဉ်အစိတ်အပိုင်းများကို တင်သွင်းခဲ့သည်။
Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 356 times