၂၀၁၇ ခုနှစ်တွင် Jason Hughes သည် Tesla အသိုင်းအဝိုင်းမှာ WK057 ဟူသောအမည်ဖြင့် လူသိများသည်။ သူသည် Tesla ၏“ root access” အသိုင်းအဝိုင်းထဲတွင် အစောပိုင်းအဖွဲ့ဝင်တစ် ဦးဖြစ်ခဲ့ပါတယ်။ Tesla ပိုင်ရှင်များသည် သူတို့၏ကိုယ်ပိုင်ကားများကို ကုမ္ပဏီမှ ခွင့်ပြုပေးထားသည်ထက် ပိုသော စိတ်တိုင်းကျ ထိန်းချုပ်မှုများ ရရှိလိုကြပါတယ်။ ထို့ပြင် ကုမ္ပဏီမှ ဖြန့်ဝေပေးခြင်း မရှိသေးသော လုပ်ငန်းဆောင်တာများကို ရယူလိုကြတယ်။
Hughes သည် Tesla မော်တော်ယာဉ်များကို ပြန်လည်ပြုပြင်ရန် စွမ်းအင်သိုလှောင်မှု စနစ်နှင့် လျှပ်စစ်ကူးပြောင်းရေး ကိရိယာများကို တည်ဆောက်ရန် သူ၏အသိပညာဗဟုသုတဖြင့် အသုံးပြုခဲ့ပါတယ်။ သူသည် Tesla အစိတ်အပိုင်းတွေကို ပြန်လည်ပြုပြင်ထားသောယာဉ်များမှ ရောင်းချခြင်းနှင့် ၎င်းအစိတ်အပိုင်းများမှ လူကြိုက်များသော ကိုယ်ပိုင်စိတ်တိုင်းကျထိန်းချုပ်စက်များတည်ဆောက်ခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ တစိချိန်တည်းမှာပဲ Tesla ရဲ့ ဆော့ဖ်ဝဲတွေမှာ ရှိနေတဲ့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ဟာကွက်တွေ ရှာဖွေတာကို Tesla ကုမ္ပဏီနဲ့အတူ လက်တွဲပြီး လုပ်ကိုင်ခဲ့ပါတယ်။ အခုလို ကောင်းကျိုးပြုတဲ့ ဟက်ကာတွေကို ဦးထုပ်ဖြူဟက်ကာ whitehat hacker လို့ ခေါ်ဝေါ်ကြတယ်။ Hughes က Tesla ကုမ္ပဏီအတွက် ဦးထုပ်ဖြူဟက်ကာ တစ်ဦး ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီ အများစုကဲ့သို့ Tesla တွင်လည်း အားနည်းချက်များကို ရှာဖွေတွေ့ရှိသူများကို ဆုကြေးပေးပါတယ်။ Hughes က Tesla ကုမ္ပဏီထံမှ ဆုကြေးရလေ့ ရှိပါတယ်။
Tesla သည် ၎င်း၏ ကားဝယ်စီးသူများအား Supercharger ဘက်ထရီအားသွင်း စတေရှင်များရဲ့ အချက်အလက်တွေ အသိပေးဖို့ app တစ်ခု ဖြန့်ဝေခဲ့တယ်။ အဲဒီapp ဖြင့် အားသွင်းစတေရှင် အသီးသီး မှာ သွင်းစရာ အားဘယ်လောက်ကျန်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ အဲဒီ app ကို Hughes က အားနည်းချက် ရှာဖွေကြည့်ခဲ့ပါတယ်။ app ကနေတစ်ဆင့် ဆာဗာကို သူ ဟက်လို့ ရသွားပြီး ဆာဗာမှာ သိမ်းထားတဲ့ အချက်အလက်တွေကို သူ ရယူခဲ့ပြီး Supercharger ကွန်ယက်အတွက် တာဝန်ရှိသူတွေထံ အချက်အလက်တွေ ပေးပို့ခဲ့တယ်။ Tesla ကုမ္ပဏီအနေဖြင့် အခုလို အချက်အလက်တွေ ပေါက်ကြားတာကို မလိုလားတာကြောင့် Hughes က တွေ့ဆုံကြဖို့ တောင်းဆိုတာကို သဘောတူခဲ့ကြတယ်။ အချက်အလက်တွေ ပြင်ပ မပေါက်ကြားစေဖို့ Hughes က သဘောတူခဲ့တယ်။ တကယ်တော့ သူက မသမာသူတွေ ဟက်မယ့်အရေးကို ကာကွယ်ပေးဖို့ကသာ သူ ရည်ရွယ်ချက်ဖြစ်ပြီး ဆာဗာလုံခြုံရေးအတွက် ဟာကွက်တွေကို လုံအောင် အရေးတယူဖြင့် ချက်ချင်း လုပ်ကိုင်ပေးစေလိုတာ ဖြစ်ပါတယ်။ ဆုကြေးပေးစနစ်မှတစ်ဆင့် အစီရင်ခံခဲ့ပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်ခံရပါတယ်။
၂၀၁၆ ခုနှစ်တွင် Tesla က ကားကို အဝေးတစ်နေရာမှ ဆင့်ခေါ်တဲ့ စနစ်ကို မိတ်ဆက်ခဲ့တယ်။ အကွာအဝေး ၁၂ ပေခန့်အတွင်းမှာ ကားက လူမပါဘဲ မောင်းနှင်နိုင်စွမ်း ရှိတဲ့စနစ် ဖြစ်ပါတယ်။ ကားဆီကို လူက သွားစရာမလိုတော့ဘဲ ကားကို လူရှိနေတဲ့ဆီ ဆင့်ခေါ်ပေးတဲ့စနစ် ဖြစ်ပါတယ်။ Hughes က စနစ်ကို ဟက်ပြီး အဝေးတစ်နေရာမှာ ရှိနေတဲ့ကားတစ်စီးကို အင်တာနက်မှတစ်ဆင့် Tesla ရဲ့ ကွန်ရက်ကို သုံးပြီး ဆက်သွယ်စေခိုင်းပြခဲ့ပါတယ်။ ဆင့်ခေါ်စနစ်ကို အသုံးပြုပြီး ကားကို မောင်းစေခဲ့ပါတယ်။ Tesla က သူံကို အထူးဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ငါးသောင်း ချီးမြှင့်ခဲ့ပါတယ်။ ပေးနေကျ ဆုကြေး အကန့်အသတ်ထက် အများကြီး ပိုများတဲ့ ပမာဏ ဖြစ်ပါတယ်။ Tesla က တင်ပြသည့်အမှား တစ်ခုအတွက်အမြင့်ဆုံးပေးချေမှုကို ၂၀၁၈ တွင်ဒေါ်လာ ၁၅၀၀၀ အထိ တိုးမြှင့်လိုက်ပါတယ်။
By Myanmar Automobile Guide
Ref:electrek.co