စူးစမ်းချင်စဖွယ် စိတ်ဝင်စားဖွယ်ရာများနှင့် ပြည့်နှက်နေသည့် The first- ever BMW X2


Sporty ဆန်မှုနှင့် ခံ့ထည်မှုတို့ အချိုးကျပေါင်းစပ် ထားသည့် The first- ever BMW X2 တွင် Coupe Model ၏ အနှစ်သာရနှင့် BMW X Model များ၏ ကြံ့ခိုင်မှုတို့ကိုလည်း အတူတကွ ခံစားရမည်ဖြစ်သည်။

အထူးအားဖြင့် BMW X2 သည် အစီအစဉ်ကျနစွာ ဖြစ်တည်နေသည့် ပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍသစ်အတွက် ထင်ရှားသည့် အမှတ်အသားဟုလည်း ဆိုရမည်ဖြစ်သည်။
Coupe-like Character ဖြင့် ဖန်တီးထားသည့် ဒီဇိုင်း၊ ထူးခြားဆန်းသစ်မှုများစွာဖြင့် ခင်းကျင်းထားမှု၊ နည်းပညာသုံး ပါဝင်ပစ္စည်းများ အထူးစုံလင်ခြင်းနှင့် စွမ်းဆောင်ရည်မြင့်မားသည့် အင်ဂျင်စနစ်တို့သည်

BMW X2 အား အမြင့်ဆုံးသော အာရုံစိုက်မှုကိုရရှိစေမည် ဖြစ်သည်။ The first-ever BMW X2ကို စူးစမ်း ချင်စဖွယ် စိတ်ဝင်စားဖွယ်ရာများ အပြည့်ဖြင့် ဖန်တီးထားပါသည်။

The first-ever BMW X2 ၏ အပြင်ပိုင်း ကိုယ်ထည်အပြင်အဆင်ကို တက်ကြွမှု၊ လှပခေတ်ဆန်မှုနှင့် Sporty ဆန်မှုတို့ဖြင့် ပေါင်းစပ်ဖန်တီးထားပြီး Coupe-like Character အဖြစ် ဆန်းသစ်စွာခံစားရမည်ဖြစ်သည်။

BMW Car များ၏ ထင်ရှားသည့် ဝိသေသဖြစ်သည့် အရှေ့ဘက်ရှဲလ် (Grille) ဒီဇိုင်းကို BMW Model များအနက် ပထမဆုံးအနေဖြင့် တစ်မူထူးခြားသည့်ပုံစံအဖြစ် Trapezoidal BMW Kidney Grille ပုံစံ

ဖန်တီးထားမှုသည် X2 Model အား အထူးပေါ်လွင်ထင်ရှား စေမည် ဖြစ်သည်။

ယင်းသို့ ဆန်းသစ်သည့် အရှေ့ဘက်ရှဲလ်တွင် LED Headlights with Extended Contents နှင့် LED နှင်းခွဲ မီးများလည်း ပေါင်းစပ်ပါဝင်ကြမည်ဖြစ်သည်။ ထိုမှတစ်ဖန် အဆင် ပြေပြေဖြင့် ဆွဲဆောင်မှုရှိသည့်

ဘေးဘက်ကိုယ်ထည် ဒီဇိုင်းတွင် BMW Individual Exterior Line Aluminium Satinated နှင့် Runflat Tyre များ ပေါင်းစပ်ပါဝင်မည် ဖြစ်သည်။

ကားအနောက်ဘက် အနေအထားကို ကြည့်ရှုလိုက်မည်ဆိုပါကလည်း ၁၉၇ဝ ပြည့်နှစ်များတွင် ထုတ်လုပ်ခဲ့သည့် BMW Model များ၏ Rear Pillar Design အား ပြန်လည်ဖော်ထုတ် ဖန်တီးထားသည်ကို

တွေ့မြင်ရမည်ဖြစ်ပြီး မျက်မှောက်ခေတ်၏ ဆန်းသစ်သည့် အပြင်အဆင်ဖြစ်သည့် အနောက်ဘက်မီးတန်းနှင့် Exhaust Pipe နှစ်ခု ပါရှိမှုသည်လည်း X2 အား Sporty ဆန်စေမည် ဖြစ်သည်။

ထို့ပြင် Automatic Tailgate with Contactless Open/Close of Bootlid စနစ်ကိုလည်း ထည့်သွင်းထားပါသည်။

The first-ever BMW X2 ၏ အတွင်းခန်းသည် ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားမှုကိုသာ အဓိက တွေ့မြင်ရမည်မဟုတ်ဘဲ Sporty ပုံစံနှင့် အပန်းဖြေမှုဆိုင်ရာ အခင်းအကျင်းများကိုလည်း ခံစားရ စေရန်

ဖန်တီးထားမည်ဖြစ်ပြီး ခရီးသည်ငါးဦး လိုက်ပါစီးနင်းနိုင်သည့် ကားပုံစံဖြစ်ပါသည်။

The first-ever BMW X2 တွင် အင်ဂျင်အမျိုးအစား နှစ်မျိုးရရှိနိုင်ပါသည်။ ယင်းတို့မှာ 7-Speed Steptronic Transmission with Double Clutch ဂီယာစနစ်နှင့် တွဲဖက်ထားသည့် BMW X2 sDrive

18i M Sport X ၊ 1499 CC I4 Engine ၊ 140 Hp ဓာတ်ဆီအင်ဂျင်နှင့် 8-Speed Steptronic Sport Transmission ဂီယာစနစ်ပါရှိသည့် BMW X2 xDrive 20i M Sport X 1988 CC ၊ I4 Engine ၊

192 Hp ဓာတ်ဆီ အင်ဂျင်တို့ ဖြစ်ပါသည်။

လုံခြုံရေးစနစ်အားဖြင့် The first-ever BMW X2 သည် အခြားသော X Model Lineup များကဲ့သို့ ထိပ်တန်းလုံခြုံမှုရှိသည့် ကားအမျိုးအစားဖြစ်ပြီး နောက်ဆုံးပေါ် လုံခြုံရေး ဆောင်ရွက်ချက်များလည်း

စုံလင်စွာပါရှိမည် ဖြစ်သည်။

The first-ever BMW X2 ကို အမေရိကန်ဒေါ်လာ ၁ဝ၂,၈ဝဝ(USD 102,800) မှစတင်၍ ဈေးနှုန်းသတ်မှတ်ထားကာ Prestige Automobiles Company Ltd မှ တင်သွင်းရောင်းချမည်ဖြစ်ပြီး

ဝန်ဆောင်မှုများအနေဖြင့် 3 Years Warranty နှင့် 5 Years (or) 60,000 Km Maintenance တို့ ပေးအပ်မည် ဖြစ်ပါသည်။

Automobile

Read 853 times