ကမ္ဘာကျော်နာမည်ကြီးပုဂ္ဂိုလ်များစီးနင်ကြသော ဇိမ်ခံကားများအကြောင်း


ကမ္ဘာပေါ်တွင် ကဏ္ဍအသီးသီး၌ နာမည်ရ အောင်မြင်နေကြသော လူများ၏ အသုံးအဆောင်များ၊ လှုပ်ရှားမှုများသည် ထိုသူများ၏ ကာရိုက်တာနှင့် ဆက်စပ်မှုရှိသောကြောင့် လူစိတ်ဝင်စားမှုများ လျက်ရှိပါသည်။

ထိုကြောင့် Automobile Equipment Directory စာဖတ်ပရိတ်သတ်များ စိတ်ဝင်စားနိုင်သော ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်၊ ဖေ့ဘုတ်ဖခင် ဇူကာဘတ်၊ အမေရိက Idol ပဲရစ်ဟဲလ်တွန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း၊ ရုပ်ရှင်သရုပ်ဆောင်ကြီး နီကိုလပ်စ်ကေ့ချ်၊ အဆိုတော်ကြီး ဆိုင်မွန်၊ အဆိုတော် လေဒီဂါဂါနှင့် အဆိုတော် ရီဟားနားတို့ ကြိုက်နှစ်သက်စွာ စီးနင်းသော ကားများ အကြောင်းကို ဖော်ပြလိုက်ပါသည်။

 

1. Bill Gates And The Porsche 959 Coupe

The Porsche 959 Coupe ကားသည် 1986 နှင့် 1993 အတွင်းက ထွက်ပေါ်ခဲ့သော Sports car အမျိုးအစားဖြစ်ပါသည်။

ထုတ်ခါစတွင် Rally Car အနေဖြင့်သာဖြစ်ပြီး စပေါ်ကာစကတည်းက တနာရီကို 195 မိုင်ပြေးသော ကမ္ဘာ့အမြန်ဆုံး Street-legal production ကားဖြစ်ပါသည်။

ထိုကားကို သိပ်ကြိုက်သော ဘီလ်ဂိတ်က the “Gates 959” ဟုဆိုပြီး သူ့နာမည်ဖြင့် တစီးဝယ်ခဲ့ပါသည်။

ထိုအချိန်က U.S တွင် ထိုကားမျိုးများကို တင်သွင်းခွင့် တားမြစ်ထားသောကြောင့် ဆီယက်တယ်က Storage port တွင် သောင်တင်နေခဲ့ရပြီး သမ္မတ ဘီလ်ကလင်တန် လက်ထက် ဥပဒေများ အပြောင်း

အလဲဖြစ်သည့်အခါတွင်သာ ဘီလ်ဂိိိတ်သည် ထိုကားကို တရားဝင် လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့ပါသည်။

 

2.Mark Zuckerberg And The Black Acura TSX

ဖေ့စ်ဘုတ်ခ်၏ဖခင် ဇူကာဘတ်သည် သူ့ပိုင်ဆိုင်မှုနဲ့နှိုင်းယှဉ်လျှင် မပြောပလောက်သော သာမန်ကာလျှံကာ ကားကိုစီးပါသည်။

 ထိုသို့စီးခြင်းမှာ သူ့၏နဂို ပလွှားဝင့်ကြွားခြင်းမရှိပဲ ရိုးရိုးစင်းစင်း နေတတ်သော ပုံစံကြောင့်ဖြစ်ပြီး သူ့၏ကားတန်ဖိုးမှာ ဒေါ်လာ 30000 သာရှိပါသည်။

 

3.Paris Hilton And The Custom Bentley GT Continental

အမေရိက၏ Idol ဖြစ်သူ ဘီဘာရုပ်ကလေးကဲ့သို့ လှပပြီး ပန်းရောင်ကြိုက်တတ်သော သူမက သူမနှင့် ပုံစံတူမည့် ကားတစီးကို စိတ်ကြိုက်ဖန်တီးထုတ်လုပ်စေခဲ့ပါသည်။

ကားအတွင်းပိုင်း ၊ စတီယာရင်က အစ ပန်းရောင်တွေဖြစ်ပြီး West coast Customs အဖွဲ့က ထုတ်လုပ်ပေးခဲ့သော ကားတန်ဖိုးမှာ $285000 ရှိပါသည်။

 

4.David Beckham And The Rolls-Royce Phantom Drophead

အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဘက်ခမ်က ကွင်းတွင်းမှာ ခြေစွမ်းလှလှပပ နဲ့ ညှို့ယူထားနိုင်သကဲ့သို့ ကွင်းပြင်တွင်လည်း ဖက်ရှင်ကျသောကြောင့် Sexy ကျလွန်းသူတစ်ဦးဖြစ်ပါသည်။

ကားကို အလွန်ကြိုက်နှစ်သက်သော ဘက်ခမ်းသည် ထ $400000 နီးပါးကုန်ကျခံထားသော ရိုးရွက်စ်ကားလေး တစ်စီးကို ရွေးချယ်စီးနင်းလျက်ရှိပါသည်။

ထိုကားသည် Stainless Steel နဲ့ ပြုလုပ်ထားသော ဂရိဘုရားကျောင်းပုံစံ သွင်ပြင်ဒီဇိုင်းကို ခံစားရမည်ဖြစ်ပါသည်။

 

5.Nicholas Cage And The Ferrari Enzo

နီကိုလပ်စ်ကေ့ချ် က American Award ဆုထိ ရထားသော နာမည်ကြီး မင်းသားပြီး နောက်ပိုင်းရိုက်သော ရုပ်ရှင်များတွင် လူကြိုက်နည်းပြီး အောင်မြင်မှုခမ်းလာသောကြောင့် သူ၏ Ferrari enzo ကားလေးကိုထုတ်ရောင်းခဲ့ရပါသည်။

 

6.Simon Cowell And The Bugatti Veyron

ဂီတအကျော်အမော် ဆိုင်မွန်မှာလည်း ကားအရူးအမူးတယောက်ဖြစ်သောကြောင့် ကားများ၊ အိမ်များ၊ အတော်များများ ပိုင်ဆိုင်ပြီး Bugatti Veyron ဆိုသော ကားကို ထပ်ဝယ်ထားပြန်ပါသည်။

ထိုကားသည် တနာရီ မိုင် ၂၅၀ ထိပြေးပြီး အင်ဂျင်က 1000 hp အားဖြစ်ပါသည်။

 

7.Lady Gaga And The Audi R8 GT

သူများနဲ့ ပုံစံတူ မည်သည့်အခါမှ မဟုတ်ခဲ့သော အမြဲတမ်း တမူဆန်းသစ်နေသူ Lady Gaga သည် ရှားပါးပြီး စျေးအတော်ကြီးသော R8 GT ကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။

 

8.Rihanna And The Porsche 911 Turbo S

Jay Z ၏ ROC Nation record label ကို စာချုပ်ချုပ်ခဲ့ပြီးနောက်ပိုင်းတွင် တဟုန်ထိုးအောင်မြင်လာသူ Rihanna ပိုင်ဆိုင်ထားသော Kanye နှင့် Jay-Z တို့ လက်ဆောင်ပေးခဲဲ့့သော Porsche 911 Turbo S သည် သူမအောင်မြင်မှုရသလောက်ကို နာမည်ကျော်လာခဲ့ပါသည်။

ထိုကားသည် 530 hp ရှိသော 3.8-litre twin-turbo engine တပ်ဆင်ထားသော ကားဖြစ်ပါသည်။

 

Read 776 times