ကမ္ဘာပေါ်တွင်အမြန်ဆုံးနှင့် အကောင်းဆုံးပြိုင်ကား (၁၀)မျိုး


ကမ္ဘာပေါ်တွင် ပြိုင်ကားများစွာရှိသည့်အနက်မှ Sport Type ပုံစံနှင့် ဒီဇိုင်းဆန်းသစ်ထားသော ပြိုင်ကားများမှာ လူကြိုက်အများဆုံးနှင့် စျေးအကြီးဆုံး ကားများဖြစ်ပါသည်။

တစ်နာရီကို မိုင်နှုန်း ၂၀၀ ခန့်မောင်းနှင်နိုင်သော ပြိုင်ကားများစွာရှိသည့်အနက်မှ စစ်ဆေးအတည်ပြု၍ အမြန်ဆုံးနှင့် အကောင်းဆုံးကားများကို Automobile Equipment Directory ပရိတ်သတ်များအတွက် အစဉ်လိုက် သတ်မှတ်တင်ပြပေးလိုက်ပါသည်။

နောက်ပိုင်းတွင် မိုင်နှုန်းမြင့်ကားများကို ဆက်လက်ထုတ်လုပ်လာပါက ထိုစာရင်းပြုတင်ပြမှုမှာ ပြောင်းလဲသွားမည် ဖြစ်ပါသည်။

1. Koenigsegg Agera R

Koenigsegg Agera R ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၇၃ မိုင်နှုန်းပြီး ၆၂ မိုင်နှုန်းရရန် အချိန် ၃ စက္ကန့်သာကြာမြင့်ပါသည်။

ထိုကား၏ ကြမ်းခင်းစျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ မီလီယမ်ရှိကြောင်းသိရပါသည်။

2. Bugatti Veyron Super Sport

Bugatti Veyron Super Sport ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၆၇ မိုင်နှုန်းဖြစ်ပြီး ၆၀ မိုင်နှုန်းသို့ပြောင်းလဲရန် အချိန်အနည်းငယ်သာကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ရ မီလီယမ်ရှိကြောင်း သိရပါသည်။

3. SSC Ultimate Aero

SSC Ultimate Aero ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၅၇ မိုင်နှုန်းဖြစ်ပြီး ၆၀ မိုင်နှုန်းသို့ပြောင်းလဲရန် အချိန် ၂ ဒသမ ၈ စက္ကန့်သာ ကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ရ၄၀၀၀၀ ရှိပါသည်။

4. Bugatti Veyron

Bugatti Veyron ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၅၃ မိုင်နှုန်းဖြစ်ပြီး ၆၀ မိုင်နှုန်းသို့ပြောင်းရန် အချိန် ၂ ဒသမ ၅ စက္ကန့်သာ ကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ရ မီလီယမ်သတ်မှတ်ထားကြောင်းသိရပါသည်။

5. Koenigsegg CCXR

Koenigsegg CCXR ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၅၀ မိုင်နှုန်းဖြစ်ပြီး ၆၂ မိုင်နှုန်းသို့ပြောင်းရန် အချိန် ၃ ဒသမ ၁ စက္ကန့်သာ ကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ မီလီယမ်သတ်မှတ်ထားကြောင်းသိရပါသည်။

6. Koenigsegg CCR

Koenigsegg CCR ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၄၁ မိုင်နှုန်းဖြစ်ပြီး မိုင်နှုန်းဖြစ်ပြီး ၆၀ မိုင်နှုန်းသို့ပြောင်းလဲရန် အချိန်အနည်းငယ်သာကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ မီလီယမ်သတ်မှတ်ထားကြောင်းသိရပါသည်။

7. McLaren F1

McLaren F1 ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၃၁ မိုင်နှုန်းဖြစ်ပြီး ၆၀ မိုင်နှုန်းသို့ပြောင်းရန် အချိန် ၃ ဒသမ ၂ စက္ကန့်သာ ကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးကို အမေရိကန်ဒေါ်လာ ၁၅၆၂၀၀၀၀ ရှိကြောင်းသိရပါသည်။

8. Pagani Huayra

Pagani Huayra ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၃၀ မိုင်နှုန်းဖြစ်ပြီး ၆၂ မိုင်နှုန်းသို့ပြောင်းလဲရန် အချိန်အနည်းငယ်သာကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးကို အမေရိကန်ဒေါ်လာ ၁၅၆၂၀၀၀၀ ရှိကြောင်းသိရပါသည်။

9. Ferrari FXX

Ferrari FXX ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၂၇ မိုင်နှုန်းဖြစ်ပြီး ၆၂ မိုင်နှုန်းသို့ပြောင်းလဲရန် အချိန် ၂ ဒသမ ၈ စက္ကန့်သာ ကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ မီလီယမ်သတ်မှတ်ထားကြောင်းသိရပါသည်။

10. Gumpert Apollo Sport

Gumpert Apollo Sport ၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီကို ၂၂၄ မိုင်နှုန်းဖြစ်ပြီး အချိန် ၃ စက္ကန့်သာ ကြာမြင့်ပါသည်။

ထိုကား၏ အကြမ်းဖျင်းစျေးကို အမေရိကန်ဒေါ်လာ ၈၆၅၀၀၀ ရှိကြောင်းသိရပါသည်။

 

Read 1732 times