ရေပက်ခံထွက်ရန်အလန်းဆုံးကားများ


သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုများနှင့် အတူရေပက်ခံထွက်ရန် အလန်းဆုံးကားများကို စုစည်းတင်ပြပေးလိုက်ပါသည်။

Chevrolet Colorado High Country

အင်ဂျင်မှာ2.8L,Duramax four-cylinder diselကိုအသုံးပြုထားပြီး Variable Geometry Turbocharger(VGT) စနစ်တို့ပါဝင်အသုံးပြုထားပါသည်။

လောင်စာအဖြစ်ဒီဇယ်ကို အသုံးပြုပြီးအော်တိုဂီယာခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။

ဆီစားနှုန်းသက်သာပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေသောအင်ဂျင်အမျိုးအစားဖြစ်သည်။

2016 Toyota Tacoma

2016 Toyota Tacoma  မှာစွမ်းဆောင်ရည်အမြင့်ဆုံးအင်ဂျင်အဖြစ် V6 အင်ဂျင်ကိုတပ်ဆင်ပေးထားပြီး ကိုယ်ထည်အရွယ်အစားမှာ Chevrolet Colorado နှင့်ဆင်တူပါသည်။

Tacoma ၏ 3.5 liter V6 အင်ဂျင်မှမြင်းကောင်ရေ ၂၇၈ ကောင်အားအထိထုတ်လုပ်ပေးနိုင်ပါသည်။

2016 Nissan Frontier

Nissan Frontier သည် Pick-up ကားအသေးစားဖြစ်သော်လည်း ယင်းကားမှာ မြင်းကောင်ရေ ၂၆၁ ကောင်အား 4.0 liter V6 အင်ဂျင်ကိုတပ်ဆင်ပေးထားပါသည်။

Nissan Frontier ၏အလေးလံဆုံးဆွဲနိုင်သည့် ဝန်အလေးချိန်မှာ ပေါင် ၆၅၀၀ ဖြစ်ပါသည်။

Daihatsu Hijet

Daihatsu ကုမ္ပဏီမှထုတ်လုပ်ထားသော Kei ကားအမျိုးအစား Hijet ကို Pick-up Truck အနေဖြင့်သာမက Microvan အဖြစ်နှင့်လည်းထုတ်လုပ်ထားပါသည်။

Daihatsu Hijet ကို Kei ကားအဖြစ်ထုတ်လုပ်ထာသောအင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်ပြီး 2WD,4WD နှစ်မျိုးစလုံးနှင့် ထုတ်လုပ်ထားပါသည်။

ယင်းကားကို ညာမောင်းတစ်မျိုးတည်းကိုသာ Automatic Gean Manual Gear နှင့်ထုတ်လုပ်ထားပါသည်။

အင်ဂျင်အမျိုးအစားမှာ KF3 Clinders 12 Valves DOHC အမျိုးအစားဖြစ်ပါသည်။

Suzuki Carry Truck

ယင်းကားအမျိုးအစားသည် 1.0L ဓာတ်ဆီအင်ဂျင်၊ Manual ဂီယာငါးချက်ပါဝင်သောကားအမျိုးအစားဖြစ်သည်။

ဆူဇုူကီးမြန်မာမိုတာသည် မြန်မာနိုင်ငံတွင် Carry Truck ကို ၂၀၀၀ ပြည့်နှစ်မှစတင်ထုတ်လုပ်ခဲ့ပြီး လင်ရှိအချိန်တွင် ဈေးကွက်အတွင်းကျပ် ၇၄ သိန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

 

Read 1414 times