Toyota Wish ဟာ လူသုံးများတဲ့ ကားအမျိုးအစား ဖြစ်ပြီး ဈေးကွက်မှာလည်း အရောင်းရဆုံး ကားအမျိုးအစား ဖြစ်ပါတယ်။ အဲဒါကြောင့် Toyota Wish အသုံးပြုတဲ့ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ အဲသည်ကားမှာ ဖြစ်တတ်တဲ့ပြသာနာလေးတွေကို ကြိုတင်သိရှိထားရင် အလွယ်တကူ ဖြေရှင်းနိုင်မှာဖြစ်တယ်။
၁။ မိုင်နှုန်းပြ ဒိုင်ခွက်ရဲ့ပြသာနာ
Odometer ဒါမှမဟုတ် mil-ometer လို့ခေါ်တဲ့ ခရီးမိုင်တိုင်း ကိရိယာဒိုင်ခွက်က ဖြစ်တတ်တဲ့ ပြဿနာပါ။ အထူးသဖြင့် တိုယိုတာဝှစ် ၂၀ဝ၅ မော်ဒယ်တွေမှာ ဖြစ်တာများပါတယ်။ အဲသည်ဒိုင် ခွက်ရှိတဲ့ ဒက်ရှ်ဘုတ်ဝန်းကျင်က ကြားနေကျ မဟုတ်တဲ့ အသံတွေ အဆက်မပြတ်ထွက်ပေါ် လာတာပါ။ အဲဒါဟာ ဒက်ရှ်ဘုတ်အောက်မှာရှိတဲ့ ရှုပ်ထွေးတဲ့ ဝါယာရိန်း စနစ်တွေက ချို့ယွင်း ချက်ရှိလာတာပါ။ ကျွမ်းကျင်တဲ့ ဝါယာရိန်း ဆရာနဲ့စစ်ဆေးပြုပြင်ရမှာ ဖြစ်ပါတယ်။
၂။ ရှေ့ကားဘီး တုန်ခါတာ
တိုယိုတာဝှစ်ရှ်ရဲ့ကားအင်ဂျင်ကို စက်နှိုးပြီး အလွတ်လည်ပတ်စေ (idle) တဲ့အခါ တစ်ရှိန်ထိုး လည်ပတ်တာမျိုး ရှိပါတယ်။ တစ်နာရီ ၄၀ ကီလိုမီတာ နှုန်းလောက် ရောက်ရင် ဘယ်ဘက်ရှေ့ဘီး က တုန်ခါတာမျိုး ခံစားရပါတယ်။ ဝပ်ရှော့မှာ ရှေ့ဘီးတာယာတွေ၊ စတီယာရင်နဲ့ လီဗာစနစ်တွေ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ၂၀၁၀ မော်ဒယ်တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။
၃။ ပါဝါစတီယာရင် မီးလင်းတာ
ကားမောင်းနှင်နေစဉ် ပါဝါစတီယာရင်မီး ရုတ်တရက်လင်းလာပြီး ရေဒီယိုနဲ့ အတွင်းခန်းမီးတွေ ပိတ်သွားတာမျိုး ကြုံရတတ်ပါတယ်။ အဲဒါဟာ စက္ကန့်ပိုင်းလောက်ပဲ ဖြစ်ပါတယ်။ စတီယာရင်ကို ပြန်လှည့်ပြီးတာနဲ့ ပါဝါစတီယာရင်မီး ငြိမ်းသွားပြီး ရေဒီယိုနဲ့ အတွင်းခန်းမီးတွေ ပြန်လင်းလာပါ တယ်။ အဲသည်အတွက် ပါဝါစတီယာရင်ကို စစ်ဆေးတဲ့အခါ ကောင်းမွန်နေပြီး ပုံမှန်အလုပ် လုပ်နေတာဖြစ်တယ်။ ဝါယာရိန်းစနစ်တွေ အသေးစိတ်စစ်ဆေး သင့်ပါတယ်။
၄။ အင်ဂျင်ချက်မီးလင်းတာ
အင်ဂျင်ချက်မီးလင်းတာက VSC off blinking ဖြစ်တာပါ။ Scanning ဖတ်တဲ့အခါမှာလည်း ဘာပြဿနာမှ ရှိမနေတာမျိုး တိုယိုတာဝှစ်ရှ်ကား တော်တော်များများမှာ ဖြစ်လေ့ရှိပါတယ်။ အဲဒါက အင်ဂျင်က ချို့ယွင်းတာ မဟုတ်ဘဲ ဘက်ထရီ ဒါမှမဟုတ် ဘက်ထရီနဲ့ချိတ်ဆက်တဲ့ ဝါယာတွေ အသစ်လဲလှယ်ဖို့ လိုအပ်တာပါ။
၅။ စတီယာရင် ပြသာနာ
၂၀၁၁ မော်ဒယ် တိုယိုတာ ဝှစ်ရှ်မှာ စတီယာရင်ပြဿနာ အနည်းငယ်ရှိပါတယ်။ အဲဒါက စတီယာရင် လေးနေပြီး ခပ်ကြမ်းကြမ်း ဖိလှည့်ရ တတ်တာပါ။ ပြန်ဖြောင့်တဲ့အခါလည်း အားစိုက်ပြီး ပြန် လှည့်ရတတ်ပါတယ်။ အဲဒါဟာ စက္ကန့်ပိုင်း လောက် အတွင်းမှာပဲဖြစ်ပြီး ပုံမှန်ပြန်ကောင်းသွားပါ တယ်။ အမြဲတမ်း မဟုတ်ပေမဲ့ တစ်ခါတစ်ရံ အဲသည်လိုပြသာနာ ရှိပါတယ်။
၆။ မီးအပြာရောင်လင်းတာ
ဒက်ရှ်ဘုတ်မှာ မီးအပြာရောင်လင်းတာက အင်ဂျင်အေးနေတာ ကိုပြတာပါ။ မနက်ခင်းတွေမှာ အင်ဂျင်စနှိုးခါစမှာ အပြာရောင်မီး လင်းတတ်ပါတယ်။ အင်ဂျင်က ပုံမှန်အပူချိန်ကိုရောက်တဲ့အခါ အပြာရောင်မီး ငြိမ်းသွားပါမယ်။ တကယ်လို့ အဲသည်အပြာရောင်မီးက အနီရောင်ပြောင်းသွား ရင်တော့ အင်ဂျင်အပူချိန်မြင့်တက် နေတာကို သတိပေးတာဖြစ်တယ်။
၇။ အေဘီအက်စ်မီးလင်းနေတာ
ကားတိုင်းလိုလိုမှာ အေဘီအက်စ် မီးလင်းနေရင် ဘရိတ်စနစ် နဲ့ အေဘီအက်စ် စနစ်တွေမှာ ပြဿနာရှိလို့ပါ။ Diagnose tool ဖြစ်တဲ့ အိုဘီဒီတူးနဲ့ ကွန်ပျူတာ ထိုးစစ်ရင် ဘယ်အစိတ် အပိုင်းက ချို့ယွင်းတယ်ဆိုတာ သိရှိနိုင်ပါတယ်။
၈။ မောင်းနှင်ရင် တုန်ခါတာ
အဲဒါက ၂၀ဝ၆ မော်ဒယ် တိုယိုတာဝှစ်ရှ်မှာ ဖြစ်တာပါ။ သူ့ရဲ့အင်ဂျင်မှာလည်း ဘာပြသာနာမှမ ရှိပါဘူး။ အဲဒါကတော့ တခြားကား အမျိုးအစား တွေမှာလည်း ဖြစ်တတ်ပါတယ်။ အဲသည် ပြသာနာ က ကားအလိုင်းမန့် မမှန်တာကို ညွှန်ပြနေတာပါ။ ဘီးတစ်ခုချင်းစီလည်း ဂွေချိန်ဖို့ (balancing of wheels) လိုအပ်နေတာ ဖြစ်ပါတယ်။
၉။ အဲကွန်း မအေးတာ
၂၀ဝ၅ မော်ဒယ်တိုယိုတာ ဝှစ်ရှ်ရဲ့ အဲကွန်းက ဂက်စ်ယိုစိမ့်ပြီး မအေးတော့တာပါ။ ဂက်စ် ပြန် ထည့်တာ တစ်လလောက်ရှိပေမဲ့ မအေးတဲ့အပြင် စက်ရပ်သွားပါတယ်။ ကူးလင်းကွိုင် (cooling coil) ဒါမှမဟုတ် ကွန်ဒင်ဆာ (condenser) က ယိုစိမ့်တာပါ။ အဲဒါတွေစစ်ဆေးပြီး ချက်ချင်း လဲလှယ်သင့်တာ ဖြစ်ပါတယ်။
car lover