တရုတ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လ  အရောင်းရဆုံးကားများ


တရုတ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လ  အရောင်းရဆုံးကားများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်ပြည် ကားဈေးကွက်သည် ၂၀၂၃ ခုနှစ် ဇွန်လတွင် ကားအသစ် ၁ ဒသမ ၉၈၄ သန်း ရောင်းချခဲ့ရကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA)မှ အချက်အလက် ထုတ်ပြန်သည်။


 brand အရ ကြည်လျှင် BYD သည် အရောင်းရဆုံး ဖြစ်သည်။ 
 Volkswagen သည် ဒုတိယ အရောင်းရဆုံး ဖြစ်ပြီး Toyota သည် တတိယ အရောင်းရဆုံး ဖြစ်သည်။
စတုတ္ထအရောင်းရဆုံးမှာ Honda ဖြစ်ပြီး ပဉ္စမအရောင်းရဆုံးမ‌ှာ Changan ဖြစ်သည်။

 

 

 

စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) ကားအမျိုးအစားများတွင်
ဘက်ထရီသုံး လျှပ်စစ်ကားအစီးရေ ၄၄၈,၀၀၀၊ 
ပလပ်ထိုး ဟိုက်ဘရစ် အစီးရေ ၂၁၇,၀၀၀ ရောင်းချနိုင်ခဲ့သည်။

ကားအသစ် စုစုပေါင်းရောင်းအား၏ ၃၅% သည် NEV ရောင်းအားဖြစ်သည်။

 

 

 

ဘက်ထရီသုံး အီးဗီ အရောင်းရဆုံး brand မှာ BYD ဖြစ်သည်။
BYD သည် ကားအမျိုးအစား အားလုံးအတွက် အရောင်းရဆုံးစာရင်း၊ NEV အရောင်းရဆုံးစာရင်း၊ EV စစ်စစ် အရောင်းရဆုံစာရင်း ၃ ခုစလုံးတွင် နံပါတ်(၁) နေရာတွင် ရှိနေသည်။

 

 

 

တရုတ်ပြည်တွင် အရောင်းရဆုံး မော်ဒယ်မှာ Tesla Model Y ဖြစ်သည်။ 
ဒုတိယအရောင်းရဆုံးမော်ဒယ်မှာ BYD Qin Plus ဖြစ်သည်။
တတိယအရောင်းရဆုံးမော်ဒယ်မှာ Nissan Sylphy ဖြစ်သည်။

 


Source: Dongchedi; Yiche
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1023 times