Toyoda က လျှပ်စစ်ကား စစ်စစ် Hilux Revo နှင့် IMV 0 တို့ကို မိတ်ဆက်ပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံတွင် တိုယိုတာ နှစ် ၆၀ ပြည့် အခမ်းအနားတွင် Toyota Motor Corporation ၏ ဥက္ကဋ္ဌ နှင့် စီအီးအို Akio Toyoda က ရှေ့ပြေးပုံစံ ဘက်ထရီ လျှပ်စစ် ပစ်ကပ်ထရပ်ကားဖြစ်သည့် Toyota Hilux Revo BEV Concept အပြင် IMV 0 Concept ပစ်ကပ်ထရပ်ကားကိုလည်း ထုတ်ဖော်ပြသခဲ့ပါသည်။
“ကျွန်တော့်အတွက်ကတော့ Hilux Vigo မိတ်ဆက်ပွဲက ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အနှစ်သက်ဆုံး အမှတ်တရတွေထဲက တစ်ခုပါ" ဟု Akio Toyoda က ပြောကြားသည်။
"ခင်ဗျားတို့ကို ကျေးဇူးတင်ကြောင်း ပြသတဲအနေဖြင့် ထိုင်းနိုင်ငံအတွက် အသစ်စက်စက် IMV ပစ်ကပ်ထရပ်ကားတွေကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်မျိုးက IMV 0 Concept ဖြစ်ပြီး ကျန်တစ်မျိုးက Hilux Revo BEV Concept ဖြစ်ပါတယ်" ဟုက ဆက်လက် ပြောကြားသည်။
Hilux Revo BEV Concept နှင့် IMV 0 Concept တို့၏ ပုံများကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။
Hilux Revo BEV Concept ကို IMV 0 Concept နှင့်အတူ ထိုင်းနိုင်ငံတွင် ဖန်တီးပါသည်။
"၎င်းတို့အကြား ကွဲပြားခြားနားတဲ့ မော်တော်ယာဉ်များရဲ့ အစွန်းနှစ်ဖက်ကို ၎င်းတို့ ကိုယ်စားပြုထားပါတယ်။ တစ်မျိုးက စီးပွားရေး ကြီးထားဖို့ကို အထောက်အကူပြုပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ကျန်တစ်မျိုးက ကာဘွန်ထပ်မထုတ်ရေးကို အထောက်အကူဖြစ်ဖို့ ဒီဇိုင်းထုတ်ထားပြီး အားလုံးအတွက် ပိုကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင် ရရှိစေမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
IMV 0 Concept သည် လုပ်ငန်းသုံးမော်တော်ယာဉ် စံပုံစံဖြစ်ပြီး လုပ်ငန်းသဘာဝ လိုအပ်ချက်အရ အံကိုက်ဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ပါသည်။ အရွယ်ရောက်ပြီးသူ နှစ်ဦးက တစ်နာရီအတွင်းမှာ ပုံပြောင်းပေးနိုင်မည်ဟု ဆိုပါသည်။
အဆိုပါ IMV 0 နှင့် Hilux Revo BEV တို့ကို စတင်ထုတ်လုပ်ရန် တစ်နှစ်ဝန်းကျင် လိုသေးကြောင်း Akio Toyoda က ပြောကြားသည်။
လျှပ်စစ်ကား စစ်စစ် Toyota Hilux Revo BEV Concept နှင့် IMV 0 Concept
ယခုအခါ ဗြိတိန်တွင် Toyota Hilux လောင်စာဆဲလ်လျှပ်စစ်ကား (FCEV) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်သည်။ ၎င်းသည် Toyota ၏ ဒုတိယမျိုးဆက်လောင်စာဆဲလ်စနစ်ကို အသုံးပြုထားပြီး Toyota Mirai မှ မောင်းနှင်မှုဆိုင်ရာ အစိတ်အပိုင်းများကို အသုံးပြုမည်ဖြစ်သည်။
ရှေ့ပြေးပုံစံကို လာမည့်နှစ် ၂၀၂၃ ခုနှစ်တွင် ပြသဖို့ အဆင်သင့်ဖြစ်မည်ဟု ဆိုသည်။
Source wapcar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U