Toyota က ဘရာဇီးအတွက် ဇီဝလောင်စာသုံးကားများ ထုတ်လုပ်ရန် ဒေါ်လာ ၃၃၄ သန်း သုံးစွဲမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဘရာဇီးနိုင်ငံ၏ တစ်မူထူးခြားချက်မှာ လောင်စာဆီအရောအနှောကို သုံးစွဲကြခြင်း ဖြစ်သည်။ ထိုအချက်ကို အကြောင်းပြုပြီး တိုယိုတာမော်တာသည် ဇီဝလောင်စာသုံး ဟိုက်ဘရစ်ကား မော်ဒယ်အသစ် အငယ်စားကို ထုတ်လုပ်ရန်အတွက် ဘရာဇီး နိုင်ငံသုံးငွေ ဟေအောင်း ၁.၇ ဘီလီယံ (ကန်ဒေါ်လာ ၃၃၄ သန်း) သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဘရာဇီးတွင် ဓာတ်ဆီသုံး ကားများအပြင်ဘိုအိုင်အီသနောသုံး ကားများ၊ ဓာတ်ဆီနှင့် ဘိုင်အိုအီသနော အရောအနှောသုံး ကားများရှိနေသည်။
ဘရာဇီးသည် သကြားအကြီးအကျယ် ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ ကြံရည်မှ ရသည့် သကာရည်ကို သကြားချက်ခြင်းအပြင် ဘိုင်အိုအီသနောလည်း ထုတ်လုပ်ကြသည်။ ဘိုင်အိုအီသနောကို ပြည်တွင်း သုံးစွဲသည့်အပြင် ပြည်ပသို့လည်း တင်ပို့သည်။
Toyota သည် ဈေးသက်သာသည့် ကားအငယ်စား ဟိုက်ဘရစ်ကားများဖြင့် ဘရာဇီးဈေးကွက်တွင် ချဲ့ထွင်နေသည်။
ဘိုင်အိုအီသနော ဇီဝလောင်စာသုံး ဟိုက်ဘရစ် မော်ဒယ်အသစ်များကို ၂၀၂၄ တွင် စတင်ရောင်းချရန် အစီအစဉ် ရေးဆွဲထားသည်။
ဘရာဇီးနိုင်ငံ Sao Paulo ပြည်နယ်ရှိ Sorocaba မှ Toyota ကားစက်ရုံတွင် ထုတ်လုပ်မည်။
Brazil တွင် လျှပ်စစ်ကား စီးဖို့ အဆင်မပြေ။ အားသွင်းရုံ ကွန်ရက် ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆဲ အခြေအနေတွင်သာ ရှိနေသေးသည်။
လက်တွေ့ကျကျဖြင့် ဇီဝလောင်စာသုံး ဟိုက်ဘရစ်ကား မော်ဒယ်အသစ်များကို ထုတ်လုပ်ဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် မိတ်ဖက်ကျသည့်အတွက် Toyota သည် အခွန်ပြန်အမ်းငွေ လျှောက်ထားရယူခွင့် ရရှိမည် ဖြစ်သည်။
Toyota သည် ၂၀၂၂ ခုနှစ်တွင် ဘရာဇီးတွင် ကားအစီးရေ ၂၂၄,၁၁၃ စီး ထုတ်လုပ်ခဲ့ပါသည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U