Toyota က မျိုးဆက်သစ် 2023 Prius ကို ပွဲထုတ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota က မျိုးဆက်သစ် Prius ကို ပွဲထုတ်လိုက်ပါတယ်။ မူကွဲ ၃ မျိုး ထုတ်လုပ်ထားပါတယ်။ ဟိုက်ဘရစ် ၂ မျိုးနှင့် ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် ၁ မျိုးတို့ ဖြစ်ပါတယ်။
ပလပ်ထိုး ဟိုက်ဘရစ်ကို ဥရောပမှာ စတင်ရောင်းချပါမယ်။ ဂျပန်နှင့် မြောက်အမေရိကတို့မှာ ၃ မျိုးစလုံး ရောင်းချပါမယ်။
.
Prius မျိုးဆက်သစ် ရှေ့မျက်နှာက တူငါးမန်း hammerhead shark မျက်နှာပုံသဏ္ဌာန် ဖြစ်ပါတယ်။ LED ရှေ့မီးကြီးတွေက ငါးမန်းမျက်လုံး ၂ လုံးအဖြစ် နေရာယူထားပါတယ်။ လေယူပေါက်ကို ငါးမန်းရဲ့ ပါးစပ်ပေါက် နေရာယူတဲ့အတိုင်း အောက်ဘက်မှာ ဖောက်ပေးထားပါတယ်။
.
ပလပ်ထိုး ဟိုက်ဘရစ် plug-in hybrid မှာ တစ်မျိုးက 2.0-litre ဆလင်ဒါ၄လုံး အင်ဂျင်ကို 13.6 kWh ဘက်ထရီနှင့် တွဲဖက်ပေးထားပါတယ်။ နှစ်မျိုးပေါင်း ပါဝါ 216 hp အထိ ပေးနိုင်ပါတယ်။ 0-100 km/h ကို ၆.၇ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ကြောင်း Toyota က ပြောကြားပါတယ်။
.
မြောက်အမေရိကနှင့် ဂျပန်တို့မှာ 1.8-litre နှင့် 2-litre အင်ဂျင် ဟိုက်ဘရစ် ၂ မျိုး ရောင်းချပါမယ်။ ပါဝါ 190 hp အထိ ရနိုင်ပါတယ်။
Toyota က ကား ၃မျိုးရဲ့ ရောင်းဈေးကို ပြောကြားခြင်း မပြုပါ။ ဟိုက်ဘရစ်မော်ဒယ် နှစ်ခုကို ယခုဆောင်းရာသီမှာ ရရှိမှာဖြစ်ပြီး ပလပ်ထိုး ဟိုက်ဘရစ်ကို နွေဦးမှာ ရရှိမယ်လို့ ဆိုပါတယ်။
source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U