နှစ်ပေါင်း ၅၅ နှစ်အကြာမှာ တိုယိုတာက ကိုရိုလာ ရောင်းချမှု မှတ်တမ်းမှာ သန်း (၅၀) မြောက် ကိုရိုလာကို ရောင်းချခဲ့ပြီး ရောင်းရစီးရေ သန်း(၅၀) မိုင်တိုင်ကို ကျော်ဖြတ်ခဲ့ပါတယ်။ အဲဒီ ရောင်းရစီးရေ သန်း(၅၀) မိုင်တိုင်ကို ရောက်ဖို့ မျိုးဆက် ၁၂ ဆက် ရှိခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှ Volkswagen ရဲ့ ထုတ်လုပ်မှု ရပ်နားထားပြီဖြစ်တဲ့ လိပ်ခုံးကား Beetle က စီးရေ ၂၁ သန်း ကျော် ရောင်းချခဲ့ရတယ်။ ဂျပန်နိုင်ငံမှ တိုယိုတာရဲ့ ကိုရိုလာကတော့ ယနေ့တိုင် ထုတ်လုပ်ဆဲဖြစ်ပြီး ဆက်လက်အောင်ပွဲခံဆဲလည်း ဖြစ်ပါတယ်။ ကိုရိုလာရောင်းချခဲ့တဲ့ အရေအတွက်က Beetle ထက် နှစ်ဆကျော်သို့ ရောက်ရှိခဲ့ပြီး ယခုအခါမှာတော့ သန်း(၅၀) မိုင်တိုင်ကို ဖြတ်ကျော်သွားပြီ ဖြစ်ပါတယ်။
ပြီးခဲ့နှစ်မှာ စီးရ ၁. ၁ သန်း ရောင်းချခဲ့ရတယ်။ ယခုလက်ရှိ ရောင်းအားနှုန်းထားအရ ပျမ်းမျှတွက်ကြည့်ရင် ၂၈ စက္ကန့်တိုင်းမှာ ကမ္ဘာ့တစ်နေရာရာမှာ ကိုရိုလာကား အသစ်ကျပ်ချွတ်တစ်စီး ရောင်းချပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ကိုရိုလာ အရောင်းပြခန်းတွေ ရှိနေပါတယ်။
လက်ရှိ ထုတ်လုပ်နေတဲ့ ကိုရိုလာမော်ဒယ်ကို စက်ရုံ ၁၂ ရုံမှာ ထုတ်လုပ်နေပြီး စက်ရုံတည်နေရာနိုင်ငံတွေက ဂျပန်၊ ဘရာဇီး၊ ဗင်နီဇွဲလား၊ တရုတ်၊ ပါကစ္စတန်၊ တောင်အာဖရိက၊ တိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ တူရကီ၊ အမေရိကန်နဲ့ ယူကေတို့ ဖြစ်ပါတယ်။
ဥရောပဈေးကွက်မှာတေ့ ကိုရိုလာဆိုတဲ့ အမည်က ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အထိ ပျောက်ကွယ်နေခဲ့ဖူးတယ်။ အဲဒီကာလမှာ တိုယိုတာက ဥရောပအတွက် မော်ဒယ်အမည်ကို Auris လို့ အမည်ပေးပြီး ရောင်းချခဲ့ပါတယ်။ ၂၀၁၉ နောက်ပိုင်းမှ တိုယိုတာက မူရင်းအမည် ကိုရိုလာကို ပြန်လည်သုံးစွဲခဲ့ပါတယ်။
အမေရိကန်ဈေးကွက်သို့ ပထမဆုံးရောင်းချခဲ့သည် ကိုရိုလာမော်ဒယ်
Toyota က ကိုရိုလာကို ၁၉၆၆ မှာ စတင်ထုတ်လုပ်ခဲ့တယ်။ ၁၉၆၉ ကျမှ အမေရိကန်ဈေးကွက်ထဲ စတင် ရောင်းချတယ်။ အနည်းဆုံးဈေးနှုန်းက ကန်ဒေါ်လာ ၁,၇၀၀ ဖြစ်ပါတယ်။ (ယခုကာလအရ ကန်ဒေါ်လာ ၁၃,၀၀၀ ဝန်းကျင်နှင့် ညီမျှပါတယ်) အခုနောက်ဆုံးထုတ် 2022 Corolla အနည်းဆုံးဈေးနှုန်းက ကန်ဒေါ်လာ ၂၁,၁၀၀ ဖြစ်ပါတယ်။
AE86 Corolla
ကိုရိုလာ မျိုးဆက်မှာ AE86 Corolla က ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ စတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၅ နှစ်ကျော်ပြီ ဖြစ်ပေမဲ့ ယခုအထိ အရောင်းအဝယ် ဖြစိနေဆဲ ဖြစ်ပါတယ်။ ထူးခြားချက်က ပြိုင်ကားမှာ တပ်တဲ့ အင်ဂျင် 4A-GE ဆလင်ဒါလေးလုံးထိုး အင်ဂျင် တပ်ပေးထားတာ ဖြစ်ပြီး Yamaha နဲ့ Toyota တို့ ပူးပေါင်းလုပ်ကိုင်ထားတဲ့ အင်ဂျင် ဖြစ်ပါတယ်။
ယခုအခါ ၁၂ ဆက်မြောက် မျိုးဆက်ကို ကိုရိုလာ ရောက်ရှိနေပါပြီ။ ရောင်းအာားကေင်းနေဆဲ ဖြစ်ပါတယ်။