Toyota ထုတ်လုပ်ရေး ၅ လိုင်း ဇန်နဝါရီလမှာ ယာယီရပ်ဆိုင်းထားမည်


Toyota ထုတ်လုပ်ရေး ၅ လိုင်း ဇန်နဝါရီလမှာ ယာယီရပ်ဆိုင်းထားမည်


ယာဉ်တပ်ဆင်ဖို့ ပစ္စည်းဖြည့်သွင်းကွင်းဆက် ကိစ္စရပ်ကြောင့် ဂျပန်ပြည်တွင်း ထုတ်လုပ်မှုလိုင်း ၅ လိုင်းကို ယာယီရပ်ဆိုင်းထားမယ်လို့ Toyota Motor Corp က အသိပေးကြေညာပါတယ်။ ချစ်ပ်အလုံအလောက်မရခြင်းနဲ့ COVID-19 ကပ်ရောဂါတို့ကြောင့် ဖြစ်ပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 


ဂျပန် ထိပ်သီး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Toyota က ပြောကြားတာမှာ အခုလို စက်ရုံတွေမှာ ထုတ်လုပ်မှု ၅ လိုင်း ယာယီရပ်ဆိုင်းထားရတဲ့အတွက် စီးရေ ၂၀,၀၀၀ ခန့် ထုတ်လုပ်မှု လျော့ကျပါမယ်။ ဒါပေမဲ့ ယခု ဘဏ္ဍာရေးနှစ်အတွင်း စီးရေ ၉ သန်း ထုတ်လုပ်ဖို့ ရည်မှန်းချက်ကိုတော့ မထိခိုက်ဘူးလို့ ဆိုပါတယ်။


လွန်ခဲ့တဲ့ ရက်ပိုင်းက ဇန်နဝါရီလမှာ မြောက်အမေရိကရှိ ကားစက်ရုံတွေမှာ ထုတ်လုပ်မှုကို စံချိန်တင် ထုတ်လုပ်မှာ ဖြစ်ကြောင်းပြောခဲ့ပြီး ပစ္စည်းဖြည့်သွင်းကွင်းဆက် ကိစ္စရပ်ကြောင့် ယခုအခါ စီးရေ ၅၀,၀၀၀ လို့ ပြင်ဆင်လျာထားပါတယ်။

Read 13161 times