Toyota အကြီးအကဲ Akio Toyoda စီအီးအို အဖြစ်မှ အပြီးအပိုင် နုတ်ထွက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota Motor ၏ အမှတ်တံဆိပ်ဆိုင်ရာ အရာရှိချုပ် Chief Branding Officer အသက် ၅၃ နှစ်အရွယ် Koji Sato သည် ၂၀၂၃ ဧပြီလ ၁ ရက်နေ့တွင် ဥက္ကဋ္ဌ ( president )နှင့် စီအီးအိုအဖြစ် Akio Toyoda နေရာတွင် အစားထိုး တာဝန်ယူမည်ဖြစ်သည်။
Koji Sato သည် Lexus International ၏ အကြီးအကဲ president တာဝန်ယူထားသူ ဖြစ်သည်။
Koji Sat
Myanmar Automobile Guide တွင် ၂၀၂၂ ဇွန်လ တွင် Toyota ဥက္ကဋ္ဌ Akio Toyoda အငြိမ်းစားယူရန် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိ chairman ဖြစ်သော Takeshi Uchiyamada က နုတ်ထွက်မည်ဖြစ်ပြီး ၎င်းနေရာကို Toyoda က ရယူမည်ဖြစ်သည်။
မျိုးဆက်သစ်လူငယ်များထံ မီးရှူးတိုင် လက်ဆင့်ကမ်းခြင်းကို ယခု ဆောင်ရွက်လိုက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ Uchiyamada က ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း Toyoda မှ ရှင်းပြခဲ့သည်။
"Toyota ရဲ့ အသွင်ကူးပြောင်းမှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းက president အသစ်ကို chairman အဖြစ် ထောက်ကူဖို့ဟာ ကျွန်တော့်တာဝန်လို့ ယုံကြည်ပါတယ်"ဟု အရေးပေါ် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သူက ပြောကြားသည်။
Uchiyamada သည် Toyota ၏ ထင်ရှားကျော်ကြားသော ဟိုက်ဘရစ်ကားမော်ဒယ် Prius ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ခဲ့သူဖြစ်သည်။ အွန်လိုင်းသတင်းစာရှင်းလင်းပွဲသို့ Toyoda နှင့်အတူ တက်ရောက်ခဲ့သည်။
မျိုးဆက်သစ်လူငယ်တွေဆီ လက်ဆင့်ကမ်း ကူးပြောင်းဖို့ သင့်တော်တဲ့ အချိန်ဟု သူက ဆိုသည်။
Toyoda က သူသည် "ကျောင်းတော်ဟောင်း"မှ ဖြစ်သဖြင့် Toyota ကို ဦးဆောင်ရန် အကောင်းဆုံးလူ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်က ကားထုတ်လုပ်သူပါ။ ဘယ်လောက်ပဲ ဝေးဝေးအထိ သွားလည်း ကားထုတ်လုပ်သူပါပဲ။ ကျွန်တော်က ကားထုတ်လုပ်သူဖြစ်သောကြောင့် ကျွန်တော် လုပ်နိုင်တဲ့ အပြောင်းအလဲများ ရှိသော်လည်း ကျွန်တော်က ကားထုတ်လုပ်သူဖြစ်ခြင်းထက် မကျော်လွန်နိုင်ပါဘူး။ အဲဒါက ကျွန်တော့ရဲ့ အကန့်အသတ် ရှိနေတာလို့ ကျွန်တော်ယူဆပါတယ်" ဟု Toyodaက ပြောကြားသည်။
"အဖွဲ့သစ်ရဲ့ ရည်မှန်းချက်မှာ Toyota ကို ရွေ့လျားနိုင်စွမ်း ကုမ္ပဏီ(mobility company) တစ်ခုအဖြစ် အပြည့်အဝ ပြောင်းလဲပစ်ရန် ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအဖွဲ့အသစ်က ကျွန်တော်မလုပ်နိုင်တာကို လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု သူက ပြောကြားသည်။
Sato သည် Toyota ၏ အတွေးအခေါ်နှင့် နည်းပညာကို ရင်ထဲ ယူထားလိုစိတ် ပြင်းပြသောကြောင့် Sato အား CEO အသစ်အဖြစ် ရွေးချယ်လိုက်ကြောင်း Toyoda မှ ပြောကြားခဲ့ပါသည်။ သူ့ထက် ငယ်ရွယ်သူ ဖြစ်ခြင်းသည်လည်း အဓိကကျသည့် အကြောင်းတစ်ချက်ဟု သူက ဆိုသည်။
Sato သည် Toyoda ၏ ဘက်ထရီအခြေခံ လျှပ်စစ်ကားများ၊ ဟိုက်ဘရစ်နည်းပညာ၊ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားများနှင့် အစဉ်အလာ အင်ဂျင်ကားများ ရင်းနှီးမြှုပ်နှံခြင်း မဟာဗျူဟာကို အမွေဆက်ခံမည် ဖြစ်သည်။
အသက် ၆၆ နှစ်ရှိ Akio Toyoda သည် Toyota Motor ၏ ဥက္ကဋ္ဌ(chairman) ဖြစ်လာမည်။
Akio Toyoda သည် Toyota Motors တည်ထောင်သူ Kiichiro Toyoda ၏ မြေးဖြစ်သည်။
ကုမ္ပဏီတည်ထောင်သူ၏မြေးအဖြစ်ဖြင့် Toyoda သည် ၂၀၀၀ ပြည့်နှစ်တွင် Toyota ၏ ဒါရိုက်တာဘုတ်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် Toyoda အား အမှုဆောင်ဒုဥက္ကဋ္ဌရာထူးသို့ တိုးမြှင့်ခဲ့သည်။
၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် Toyoda သည် ကုမ္ပဏီ၏ လာမည့်ဥက္ကဋ္ဌ(president)အဖြစ် ရွေးချယ်ခံရကြောင်းကြေငြာခဲ့သည်။
၂၀၀၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် Toyoda ကို ဥက္ကဋ္ဌ(president)အသစ်အဖြစ် အတည်ပြုခဲ့သည်။
Toyoda သည် ပြိုင်ကားမောင်းခြင်းကို ဝါသနာကြီးသည်။ ပြိုင်ကားမောင်းသည့်အခါ Morizo Kinoshita အမည်ဖြင့် မောင်းသည်။ ပြိုင်ကားလောကတွင် သူ့ကို Morizo ဟု သိကြသည်။
2009 24 Hours Nürburgring ကားပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။ LF-A Prototype No. 14 ကို မောင်းနှင်ပြီးပြိုင်ခဲ့ရာ ၎င်းအတန်းအစားတွင် စတုတ္ထ ရသည်။
Source jptimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U