Carcomplaints.com ၏ အဆိုအရ ၂၀၀၆ မော်ဒယ်လ် Avalon သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး အင်ဂျင်ပိုင်းတွင် ချို့ယွင်းခြင်းများပါသည်။
၁။ အင်ဂျင်မီးမကူးခြင်း
၁၉၉၅ မိုဒယ်မှ ၂၀၁၀ မိုဒယ်အထိ တိုယိုတာ Avalon ကို မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့်အခါ အင်ဂျင်မီးမကူးခြင်း (engine misfire) အဖြစ် များပါသည်။
အင်ဂျင်မီးမကူးသည့်အခါ အင်ဂျင်ချက်မီး (check engine light) လင်းပါသည်။
ထိုသို့ဖြစ်ခြင်းသည် ignition coil ချိုးယွင်းခြင်းဖြစ်သောကြောင့် အသစ်လဲလှယ်ရပါမည်။
၂။ အောက်ဆီဂျင်ဆင်ဆာချို့ယွင်းခြင်း
၁၉၉၆ မိုဒယ်မှ ၂၀၀၈ ခုနှစ်အထိ Avalon ကို မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့်အခါ အောက်ဆီဂျင်ဆင်ဆာ (Oxygen sensor) က ချို့ယွင်းခြင်း အဖြစ်များပါသည်။
အောက်ဆီဂျင်ဆင်ဆာ ချို့ယွင်းသည့်အတွက် အင်ဂျင်ချက်မီးလင်းလာပြီး သတိပေးပါသည်။
အောက်ဆီဂျင်ဆင်ဆာအလုပ်မလုပ်သည့်အတွက် ကွန်ပျူတာသည် အင်ဂျင်အတွက် လေနှင့် လောင်စာဆီ၏ အချိုးကို မသတ်မှတ်နိုင်ပေ။
အလုပ်မလုပ်သော အောက်ဆီဂျင်ဆင်ဆာကို အသစ်လဲလှယ်ရပါမည်။
၃။ ဆီယိုစိမ့်ခြင်း
၁၉၉၅ မိုဒယ်မှ ၂၀၀၇ မိုဒယ်အထိ Avalon ကို မိုင်တစ်သိန်းခွဲကျော် မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
ခြောက်လုံးထိုးအင်ဂျင်၏ ဗားအဖုံးဂက်စ်ကက် (valve cover gaskets) များမှ ဆီယိုစိမ့်ခြင်း ဖြစ်ပါသည်။
Firewall အနီးတွင် အဖြစ်များပါသည်။
၄။ ဘရိတ်ရိုတာ ချို့ယွင်းခြင်း
၁၉၉၅ မိုဒယ်မှ ၁၉၉၈ မိုဒယ်အထိ Avalon ကို မိုင်တစ်သိန်းခွဲနီးပါး မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
ထို ရှေ့ရိုတာ (front rotors) များ တွန့်လိမ်ကောက်ကွေးသွားခြင်းမျိုးဖြစ်သည့်အတွက် ဘရိတ်နင်းသည့်အခါ စတီယာရင်လက်ကိုင်က တုန်ခါပါသည်။၏
အရည်အသွေးပြည့်မီသော rotor ကိုရွေးချယ်ဝယ်ယူပြီး အသစ်လဲလှယ်သင့်ပါသည်။
၅။ အင်ဂျင်ဝိုင်ခန်းခြင်း
၁၉၉၅ မိုဒယ်မှ ၂၀၀၄ မိုဒယ်အထိ Avalon မှာ မိုင်တစ်သိန်းခွဲမောင်းနှင်ပြီးသည့်အခါ အင်ဂျင်ဝိုင်အစားများခြင်း ဖြစ်တက်ပါသည်။
အင်ဂျင်လျော့နည်းနေခြင်းသည် အင်ဂျင်အပူလွန်ကဲခြင်းအပါအဝင် အင်ဂျင်နှင့်ပတ်သက်သော ပြဿနာများ ဖြစ်နိုင်ပါသည်။
အင်ဂျင်ဝိုင်အစားများပြီး ပြဿနာများ မဖြစ်အောင် မိုင် ၃၀၀၀ ကျော်မောင်းနှင်ပြီးတိုင်း အင်ဂျင်ဝိုင်အသစ်လဲလှယ်ပေးသင့်ပါသည်။
၆။ အင်ဂျင်မောင့်ပြုတ်ထွက်ခြင်း
၁၉၉၅ မိုဒယ်မှ ၂၀၀၀ မိုဒယ်အထိ Avalon ကို မိုင်တစ်သိန်းရှစ်သောင်းကျော် မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
ထိုသို့ ကားရှေ့ခန်းခရီးသည် စီးနင်းသောဘက်က engine mount ပြုတ်ထွက်တက်ခြင်းဖြစ်သောကြောင့် မြဲအောင် သေချာပြန်တပ်ဆင်ရမည်ဖြစ်ပြီး engine mount ပျက်စီးနေခြင်းဆိုပါက အသစ်လဲလှယ်ရပါမည်။
၇။ အဲယားဖလိုးဆင်ဆာပြဿနာ
၁၉၉၇ မိုဒယ်မှ ၂၀၀၁ မိုဒယ်အထိ Avalon ကို မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
Air flow sensor မှ ပြဿနာရှိနေပါက check engine light ချက်မီးလင်း၍ သတိပေးပါသည်။
Air flow sensor ကို သန့်စင်ပေးရုံဖြင့် ပြဿနာပြေလည်သွားနိုင်သော်လည်း Air flow sensor ပျက်စီးနေသည်ဆိုပါက အသစ်လဲလှယ်ပေးရပါမည်။