Toyota Belta ဟာ ဈေးနှုန်းသင့်တင့်ပြီး ဆီစားလဲ သက်သာတဲ့ အတွက် ပြည်တွင်းမှာအသုံးများပါတယ်။ ဘယ်လ်တာမှာ ဖြစ်တတ်တဲ့ပြဿနာအချို့ကို ကားချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အဆွဲအရုန်း ကျဆင်းတာ
==================
၂ဝဝ၅ မော်ဒယ်လ် belta ဟာ တစ်နာရီ ၆၀ ကီလိုမီတာထက် ပိုမောင်းလို့ မရတာပါ။ အဲသည့်ကားမှာ အင်ဂျင်ပလတ်၊ အဲယားဖစ်လ်တာ၊ ဆီပန့်တွေ လဲလှယ်ထားပြီးသားဖြစ်တယ်။
အင်ဂျင်ကို ပုံမှန်နှုန်းနဲ့ မောင်းနေချိန်မှာ ဒုက္ခမပေးဘဲ မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ အမြန်နှုန်းမတည်ငြိမ်ဖြစ်ပြီး အင်ဂျင်ဆွဲအားကျဆင်းလာတတ်တာပါ။
ဖြစ်တတ်တာတွေကတော့ ကွန်ဒင်ဆာမကောင်းတာ၊ ကွိုင်အတွင်းမှာ ပြစ်ချက်ရှိနေတာ၊ မီးဖြန့်ဝေ ကိရိယာကွန်တက်ပွိုင့်ရဲ့ ရှေ့ပြေး ယူနစ်အလုပ်မှန်အောင် မလုပ်တာ၊
မီးပွားပလတ်ကြားလွတ် အကွာအဝေး မမှန်တာ၊ လောင်စာစနစ်မှာ ပြစ်ချက်ရှိနေတာ၊ အဆို့ရှင် စပရင်တွေရဲ့တင်းအား မှန်ကန်မှုမရှိတာ စသည့်အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
(၂) အင်ဂျင်ချက်မီးလင်းတာ
=====================
၂ဝဝ၆ မော်ဒယ်လ် Belta ဟာ ပုံမှန်အတိုင်း ချောချောမွေ့မွေ့ မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ အင်ဂျင်ချက်မီး (check engine light) လင်းနေပါတယ်။
ပုံမှန်မောင်းနှင်လို့ ရနေပေမဲ့ အင်ဂျင်ချက် မီးလင်းတာဟာ ကားမှာပြဿနာ တစ်စုံတစ်ခုရှိနေတာကို အသိပေးတာဖြစ်ပါတယ်။
အဆင့်မြင့် ဆားဗစ်စင်တာတွေမှာ ကွန်ပျူတာထိုးစစ်ဆေးမှသာ ဘယ်အစိတ်အပိုင်းတွေမှာ ပြဿနာရှိနေတယ်ဆိုတာ အတိအကျသိရှိပြီး ပြုပြင်နိုင်မှာ ဖြစ်တယ်။
(၃) စက်နှိုးရခက်တာ
===============
၂ဝဝ၈ မော်ဒယ်လ် belta ဟာ ဆယ်နှစ်လောက် အသုံးပြုပြီးတဲ့အခါမှာ စက်စတင်နှိုးရတာ ကြန့်ကြာလာပါတယ်။
မနက်ပိုင်းမှာဖြစ်လေ့ရှိပြီး သော့ကို နှစ်ကြိမ်၊ သုံးကြိမ် လှည့်နှိုးမှနိုးပါတယ်။
အင်ဂျင်နှိုးတဲ့အခါ ဂီယာအားလုံး လွတ်ကင်းတဲ့ အနေအထား ဖြစ်ရပါမယ်။
စက်နှိုးရမယ့် ဘက်ထရီဟာ အလွန်အားကောင်းပြီး ဝါယာအဆက်အသွယ်တွေလည်း ကောင်းမွန်ရပါမယ်။
အဲဒါကြောင့် ဘက်ထရီ၊ ဘက်ထရီနဲ့ ဆက်သွယ်ထားတဲ့ ဝါယာရင်းစနစ်တွေကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။
အင်ဂျင်အေးလွန်းတာက ကရိုင်းလည်ပတ်ပေမဲ့ နှေးကွေးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၄)အသံမြည်တာ
============
၂၀၁၀ မော်ဒယ်လ် belta ကို မြန်နှုန်းမြင့် မောင်းနှင်တဲ့အခါ ရှေ့ခန်းခရီးသည်ထိုင်တဲ့ဘက်က အသံမြည်တာပါ။
တောင်တက် ခရီးတွေမှာ တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြှင့်တင်တဲ့အခါ အသံမြည်တာကို ပိုသိသာပါတယ်။
တမ်း(thumping) အသံမျိုးပါ။
အဲဒါဟာအင်ဂျင်အတွင်းက ထွက်ပေါ်လာတတ်တာပါ။
မိန်းဘယ်ရင်တွေ (main bearings) ချောင်နေတာပါ။ မိန်းဘယ်ရင်တွေကို အမြန်ဆုံး လဲလှယ်ပေးရပါမယ်။
(၅) ခေါက်သံထွက်ပေါ်လာ
==================
၂ဝဝ၉ မော်ဒယ်လ်ဘယ်လ်တာကို အ ရှိန်မြှင့်တင်တဲ့အခါ ခေါက်သံ (knock) ထွက်ပေါ်လာတယ်။
ခေါက်သံဟာကားကို အရှိန်မြှင့်တင်လိုက်တဲ့အခါ ဆက်တိုက်ထွက်ပေါ်လာတတ်ပါတယ်။
သော့ပိတ်ပြီးတဲ့နောက် အတန်ကြာတဲ့အထိ ဆက်တိုက်ထွက်ပေါ်နေတတ်ပါတယ်။
အဲဒါ မီးတိုင်ပင်စောခြင်း (early timing) ကြောင့်ဖြစ်တာပါ။ မီးပေးတာစောတဲ့အတွက်လည်း ဖြစ်နိုင်တယ်။
မီးပွားစောတာ၊ အသုံးပြုတဲ့ လောင်စာညံ့တာ၊ အောက်တိန်းနံပါတ်နိမ့်တွေ အသုံးပြုတာ၊ အလိုအလျောက် မီးပွားရှေ့ပြေး ကိရိယာဟာ လုပ်ဆောင်မှုမြန်နေတာ၊ ဖိုအား၊ အချိုးမြင့်လွန်းတာတွေကြောင့် ဖြစ် နိုင်ပါတယ်။
(၆)မန်နျူရယ် စာအုပ်ပြဿနာ
====================
မန်နျူရယ်စာအုပ် (owner mannal instruction book)ဟာ ဂျပန်လိုရေးထားတဲ့အတွက် ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖတ်လို့မရတာပါ။ အဲဒါကတော့ ဂျပန်တစ်ပတ်ရစ်ကားကို အသုံးပြုတဲ့အတွက် ဖြစ်ရတာပါ။
ဂျပန်ပြည်တွင်းမှာသာ အသုံးပြုဖို့ထုတ်လုပ်ထားတဲ့အတွက် မန်နျူရယ်စာအုပ်ကတော့ ဂျပန်လိုသာရေးသားထားတာပါ။
Kumudra
(Zawgyi)
Toyota Belta တြင္ျဖစ္တတ္ေသာ ျပႆနာမ်ား
Toyota Belta ဟာ ေဈးႏႈန္းသင့္တင့္ၿပီး ဆီစားလဲ သက္သာတဲ့ အတြက္ ျပည္တြင္းမွာအသုံးမ်ားပါတယ္။ ဘယ္လ္တာမွာ ျဖစ္တတ္တဲ့ျပႆနာအခ်ိဳ႕ကို ကားခ်စ္သူမ်ားအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) အဆြဲအ႐ုန္း က်ဆင္းတာ
==================
၂ဝဝ၅ ေမာ္ဒယ္လ္ belta ဟာ တစ္နာရီ ၆၀ ကီလိုမီတာထက္ ပိုေမာင္းလို႔ မရတာပါ။ အဲသည့္ကားမွာ အင္ဂ်င္ပလတ္၊ အဲယားဖစ္လ္တာ၊ ဆီပန႔္ေတြ လဲလွယ္ထားၿပီးသားျဖစ္တယ္။
အင္ဂ်င္ကို ပုံမွန္ႏႈန္းနဲ႔ ေမာင္းေနခ်ိန္မွာ ဒုကၡမေပးဘဲ ျမန္ႏႈန္းျမင့္ေမာင္းႏွင္တဲ့အခါ အျမန္ႏႈန္းမတည္ၿငိမ္ျဖစ္ၿပီး အင္ဂ်င္ဆြဲအားက်ဆင္းလာတတ္တာပါ။
ျဖစ္တတ္တာေတြကေတာ့ ကြန္ဒင္ဆာမေကာင္းတာ၊ ကြိဳင္အတြင္းမွာ ျပစ္ခ်က္ရွိေနတာ၊ မီးျဖန႔္ေဝ ကိရိယာကြန္တက္ပြိဳင့္ရဲ႕ ေရွ႕ေျပး ယူနစ္အလုပ္မွန္ေအာင္ မလုပ္တာ၊
မီးပြားပလတ္ၾကားလြတ္ အကြာအေဝး မမွန္တာ၊ ေလာင္စာစနစ္မွာ ျပစ္ခ်က္ရွိေနတာ၊ အဆို႔ရွင္ စပရင္ေတြရဲ႕တင္းအား မွန္ကန္မႈမရွိတာ စသည့္အခ်က္ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
(၂) အင္ဂ်င္ခ်က္မီးလင္းတာ
=====================
၂ဝဝ၆ ေမာ္ဒယ္လ္ Belta ဟာ ပုံမွန္အတိုင္း ေခ်ာေခ်ာေမြ႕ေမြ႕ ေမာင္းႏွင္ႏိုင္ပါတယ္။ ဒါေပမဲ့ အင္ဂ်င္ခ်က္မီး (check engine light) လင္းေနပါတယ္။
ပုံမွန္ေမာင္းႏွင္လို႔ ရေနေပမဲ့ အင္ဂ်င္ခ်က္ မီးလင္းတာဟာ ကားမွာျပႆနာ တစ္စုံတစ္ခုရွိေနတာကို အသိေပးတာျဖစ္ပါတယ္။
အဆင့္ျမင့္ ဆားဗစ္စင္တာေတြမွာ ကြန္ပ်ဴတာထိုးစစ္ေဆးမွသာ ဘယ္အစိတ္အပိုင္းေတြမွာ ျပႆနာရွိေနတယ္ဆိုတာ အတိအက်သိရွိၿပီး ျပဳျပင္ႏိုင္မွာ ျဖစ္တယ္။
(၃) စက္ႏႈိးရခက္တာ
===============
၂ဝဝ၈ ေမာ္ဒယ္လ္ belta ဟာ ဆယ္ႏွစ္ေလာက္ အသုံးျပဳၿပီးတဲ့အခါမွာ စက္စတင္ႏႈိးရတာ ၾကန႔္ၾကာလာပါတယ္။
မနက္ပိုင္းမွာျဖစ္ေလ့ရွိၿပီး ေသာ့ကို ႏွစ္ႀကိမ္၊ သုံးႀကိမ္ လွည့္ႏႈိးမွႏိုးပါတယ္။
အင္ဂ်င္ႏႈိးတဲ့အခါ ဂီယာအားလုံး လြတ္ကင္းတဲ့ အေနအထား ျဖစ္ရပါမယ္။
စက္ႏႈိးရမယ့္ ဘက္ထရီဟာ အလြန္အားေကာင္းၿပီး ဝါယာအဆက္အသြယ္ေတြလည္း ေကာင္းမြန္ရပါမယ္။
အဲဒါေၾကာင့္ ဘက္ထရီ၊ ဘက္ထရီနဲ႔ ဆက္သြယ္ထားတဲ့ ဝါယာရင္းစနစ္ေတြကို အရင္ဆုံး စစ္ေဆးသင့္ပါတယ္။
အင္ဂ်င္ေအးလြန္းတာက က႐ိုင္းလည္ပတ္ေပမဲ့ ေႏွးေကြးေနတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
(၄)အသံျမည္တာ
============
၂၀၁၀ ေမာ္ဒယ္လ္ belta ကို ျမန္ႏႈန္းျမင့္ ေမာင္းႏွင္တဲ့အခါ ေရွ႕ခန္းခရီးသည္ထိုင္တဲ့ဘက္က အသံျမည္တာပါ။
ေတာင္တက္ ခရီးေတြမွာ တစ္ဆင့္ၿပီးတစ္ဆင့္ အရွိန္ျမႇင့္တင္တဲ့အခါ အသံျမည္တာကို ပိုသိသာပါတယ္။
တမ္း(thumping) အသံမ်ိဳးပါ။
အဲဒါဟာအင္ဂ်င္အတြင္းက ထြက္ေပၚလာတတ္တာပါ။
မိန္းဘယ္ရင္ေတြ (main bearings) ေခ်ာင္ေနတာပါ။ မိန္းဘယ္ရင္ေတြကို အျမန္ဆုံး လဲလွယ္ေပးရပါမယ္။
(၅) ေခါက္သံထြက္ေပၚလာ
==================
၂ဝဝ၉ ေမာ္ဒယ္လ္ဘယ္လ္တာကို အ ရွိန္ျမႇင့္တင္တဲ့အခါ ေခါက္သံ (knock) ထြက္ေပၚလာတယ္။
ေခါက္သံဟာကားကို အရွိန္ျမႇင့္တင္လိုက္တဲ့အခါ ဆက္တိုက္ထြက္ေပၚလာတတ္ပါတယ္။
ေသာ့ပိတ္ၿပီးတဲ့ေနာက္ အတန္ၾကာတဲ့အထိ ဆက္တိုက္ထြက္ေပၚေနတတ္ပါတယ္။
အဲဒါ မီးတိုင္ပင္ေစာျခင္း (early timing) ေၾကာင့္ျဖစ္တာပါ။ မီးေပးတာေစာတဲ့အတြက္လည္း ျဖစ္ႏိုင္တယ္။
မီးပြားေစာတာ၊ အသုံးျပဳတဲ့ ေလာင္စာညံ့တာ၊ ေအာက္တိန္းနံပါတ္နိမ့္ေတြ အသုံးျပဳတာ၊ အလိုအေလ်ာက္ မီးပြားေရွ႕ေျပး ကိရိယာဟာ လုပ္ေဆာင္မႈျမန္ေနတာ၊ ဖိုအား၊ အခ်ိဳးျမင့္လြန္းတာေတြေၾကာင့္ ျဖစ္ ႏိုင္ပါတယ္။
(၆)မန္န်ဴရယ္ စာအုပ္ျပႆနာ
====================
မန္န်ဴရယ္စာအုပ္ (owner mannal instruction book)ဟာ ဂ်ပန္လိုေရးထားတဲ့အတြက္ ကားနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ဖတ္လို႔မရတာပါ။ အဲဒါကေတာ့ ဂ်ပန္တစ္ပတ္ရစ္ကားကို အသုံးျပဳတဲ့အတြက္ ျဖစ္ရတာပါ။
ဂ်ပန္ျပည္တြင္းမွာသာ အသုံးျပဳဖို႔ထုတ္လုပ္ထားတဲ့အတြက္ မန္န်ဴရယ္စာအုပ္ကေတာ့ ဂ်ပန္လိုသာေရးသားထားတာပါ။
Kumudra