မြန်မာနိုင်ငံတွင်အသုံးများသည့် Toyota Belta ၏ ဂရိတ်များအကြောင်း


တိုယိုတာမှထုတ်လုပ်တဲ့ကားတွေထဲက ပြည်တွင်းမှာလူကြိုက်များကားတစ်စီးဖြစ်သည့်

တိုယိုတာBelta ၏ဂရိတ်အလိုက်ကွဲလွဲချက်များ၊ ထုတ်ုလုပ်မှုမူကွဲများကိုဖော်ပြပေးမည်ဖြစ်သည်။

တိုယိုတာမှထုတ်လုပ်သည့်၁၃၀၀ စီစီအင်ဂျင်တပ်ဆင်ထားသည့်ကားများထဲတွင်လူကြိုက်များသည့် ဆလွန်းကားတစ်စီးဖြစ်ပါသည်။

အင်ဂျင်အရွယ်အစားအသေးနှင့်အလတ်စားကားများထဲမှ Corolla Axio, Tida Latio, Premio တို့များထဲတွင် Belta ကလူကြိုက်အများဆုံးနဲ့ ပြည်တွင်းမှာရောင်းအားအကောင်းဆုံးကားတစ်စီးဖြစ် လာပါသည်။

တိုယိုတာBeltaကို ၂၀၀၅ ခုနှစ်ကစတင်ထုတ်လုပ်ပြီး Chassis ID သုံးမျိုးခွဲခြားသတ်မှတ်နိုင်ပါသည်။

SCP92- 1300 cc, 2WD NCP96- 1300cc,4WD KSP92-1000cc,2WD တို့ဖြစ်ပြီး Chassis ID သုံးမျိုးထဲတွင်လူကြိုက်အများဆုံးမှာ SCP92 ဖြစ်ပါသည်။

တချို့မှာဈေးသက်သာပြီး အင်ဂျင်အရွယ်အစားသေးတဲ့ KSP92 1000cc ကိုလူကြိုက်များကြပါသည်။ မော်ဒယ်အလိုက်ခွဲခြားထုတ်လုပ်မှုမှာ ၂၀၀၅ ခုနှစ် ၁၁လပိုင်းမှာစတင်ထုတ်လုပ်တဲ့ တိုယိုတာBelta ကို ၂၀၀၈ ခုနှစ် ၈လပိုင်းမှာပထမပုံပြောင်းကိုထုတ်လုပ်ပါသည်။

ရှေ့ရှဲပုံပြောင်းနဲ့ ဘေးဘက်နောက်ကြည့်မှန်များတွင်မီးတန်းပါဝင်လာပါသည်။

Belta ရဲ့ရှေ့ရှဲကိုမှာကန့်လန့်တန်းတစ်ခုပါနေရင်မော်ဒယ်နိမ့်ဖြစ်ပြီး ၊ ဇကာပေါက်ပုံဖြစ်နေရင်တော့မော်ဒယ် မြင့်ဖြစ်ပါသည်။

Belta ၏ဂရိတ်တွေကိုခွဲခြားမည်ဆိုပါက Business Package, X, XL Package, G ဆိုပြီး (၄)မျိုးခွဲခြားထုတ်လုပ်ပါသည်။

Business Package ဂရိတ်ကိုတော့တက္ကစီဂရိတ်လို့လူသိများကြပြီး Side Mirror နဲ့ တံခါးလက်ကိုင်များကအနက်ရောင်ဖြစ်ပါသည်။

အလယ်အလတ်တန်းဂရိတ်တွေမှာပါဝင်နေကျဖြစ်သည့်ရှေ့တခါးပါဝါဝင်းဒိုးလို Feature မျိုးွတောင်မ ပါဝင်ဘဲ အတွင်းခန်းဂရိတ်ရောအပြင်ဂရိတ်ပါသိသိသာသာလျော့နေတာတွေ့ရပါသည်။

သို့သော်ဈေးသက်သာသည့်ဂရိတ်ဖြစ်သောကြောင့်ဝယ်ပြီးမှလိုချင်တဲ့အတိုင်းဂရိတ်အမြင့်နီးပါးပြန်ပြင်ပြီးသုံးကြတာတွေလည်းရှိပါသည်။

X Grade ဂရိတ်မှာBeltaဂရိတ်များထဲမှာအလတ်တန်းစားဂရိတ်တစ်ခုအဖြစ်တွေ့ရပါသည်။

ပါဝါဝင်းဒိုးတွေပါဝင်လာသော်လည်းစပီကာမှာရှေ့တွင်သာပါဝင်ပြီး နောက်ခန်းစပီကာမပါဝင်ပါဘူး။ အဲကွန်မှာလည်းအော်တိုမဖြစ်ဘဲ Manual ဖြစ်နေတာတွေ့ရပါသည်။

X L Package ဂရိတ်မှာတော့အဲကွန်းကအော်တိုမဖြစ်သေးသော်လည်းButton အမျိုးအစားဖြစ်လာပြီး သော့စနစ်၊စက်နှိုး စနစ်များက Push Start စနစ်မဖြစ်သေးတာကလွဲပြီးကျန်တဲ့ ဂရိတ်တွေအားလုံးအမြင့်များပါဝင်လာပါသည်။

G grade ဂရိတ်မှာBelta ဂရိတ်တွေထဲမှာအမြင့်ဆုံးဖြစ်ပြီးPush Start နဲ့ အခြားအဲကွန်းပတ်လည်၊အော်တို အဲကွန်း၊ စပီကာပတ်လည်ဖြစ်ပါသည်။

Belta ၏ဂရိတ်အမြင့်များဖြစ်သည့် XL နဲ့ G grade များကို SCP92 နဲ့ NCP96 Chassis များတွင်သာတွေ့ရပြီး X grade များကိုတော့ KSP92 ,1000cc မှာသာတွေ့ရပါသည်။

Source:7days car

Read 5543 times