ထိုင်း Toyota နှစ် ၆၀ ပြည့်အခမ်းအနားတွင် ဥက္ကဋ္ဌက အီးဗီကိစ္စ ရှင်းလင်းပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အဓိက မော်တော်ကားထုတ်လုပ်သူ များ သည် လျှပ်စစ်ကားလောကသို့ ထဲထဲဝင်ဝင် တိုးဝင်လာနေသော်လည်း Toyota သည် သတိထားပြီး လုပ်ကိုင်နေဆဲဖြစ်သည်။
Toyota သည် ကမ္ဘာ့အကြီးဆုံး မော်တော်ကား ထုတ်လုပ်သူ များထဲတွင် ပါဝင်ပြီး အမြတ်အစွန်းလည်း အရှိဆုံး ဖြစ်သော်လည်း အီးဗီနယ်ပယ်တွင် ဘီးလိမ့်ရုံမျှ မောင်းနှင်နေသည်။ လေထုညစ်ညမ်းစေသည့် ဓာတ်ငွေ့များ ကားမှ ထုတ်လွှတ်နေသည်ကို လျော့နည်းစေရန် ဟိုက်ဘရစ် လမ်းကြောင်းပေါ်မှာ မောင်းနှင်နေသည်။
လောင်စာဆီသုံး အင်ဂျင်ကားများ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ရန် အစီအစဉ်ကို အဓိကကျသည့် ဈေးကွက်များမှ အစိုးရတို့က ကြေညာထားပြီးပြီ ဖြစ်သော်လည်း Toyota သည် အီးဗီများကိုသာ ထုတ်လုပ်ရန်အတွက် ရည်ရွယ်ချက် မရှိပါ။
ထိုင်းနိုင်ငံတွင် Toyota လုပ်ကိုင်ခဲ့သည့် နှစ် ၆၀ ပြည့် အခမ်းအနားတွင် Toyota ဥက္ကဋ္ဌ Akio Toyoda က မိန့်ခွန်း ပြောကြားခဲ့ရာတွင် အီးဗီချည်းများသာ ထုတ်လုပ်ဖို့ ရည်ရွယ်ချက် မရှိကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
"မော်တော်ယာဥ်လုပ်ငန်းဟာ BEV ကို ၁၀၀% ကတိကဝတ်ပြုသင့်တယ်လို့ ကျွန်တော်က မကြေညာတဲ့အတွက် စာနယ်ဇင်းတွေမှာ ဝေဖန်ခံရလေ့ရှိပါတယ်။ လူ့အဖွဲ့အစည်းက ဘက်ထရီ-လျှပ်စစ်ကား (battery-electric vehicle BEV)တွေကို ဘယ်အချိန်မှာ အပြည့်အဝ လက်ခံနိုင်မယ်ဆိုတာ နှင့် ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အအုံသည် BEV တွေကို ဘယ်အချိန်မှာ BEV အမြောက်အမြားအထိ ပံ့ပိုးပေးနိုင်မယ်ဆိုတာ တို့ကို လက်တွေ့ကျကျ သိဖို့လိုတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု Akio Toyoda က ပြောကြားသည်။
အီးဗီများဆီသို့ အလောတကြီး သွားခြင်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ကုမ္ပဏီများက ယခုအချိန်တွင် မောင်းသူမဲ့ကားများဖြင့် စီးနင်းလိုက်ပါနိုင်မည်ဟု ကတိပေးခဲ့ကြသည်နှင့် နှိုင်းယှဉ်ကာ Toyoda က ပြောကြားသည်။
မောင်းသူမဲ့ကားများကဲ့သို့ပင် အီးဗီများသည် ပင်မရေစီးကြောင်းဖြစ်လာရန် ပညာရှင်ကျွမ်းကျင်သူ အများစုက ပြောဆိုနေကြသည်ထက် အချိန်ပိုကြာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တိုယိုတာသည် ၎င်း၏ထုတ်ကုန်များအတွက် “အရွယ်အစား တစ်ခုတည်းဖြင့် အားလုံးအတွက် အံကိုက် လုပ်နည်းကိုင်ဟန်" “one-size-fits-all approach” ကို အသုံးပြုသည့် ကုမ္ပဏီမဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ကာဗွန် ထပ်တိုးမထွက်စေရေး ပန်းတိုင်များကို ပြည့်မီရန် အခြားနည်းလမ်းများ ရှိပါသည်ဟု Toyoda က ပြောကြားသည်။
ဤကိစ္စအတွက် ဖြေရှင်းချက်အချို့ ရှိနေရာတွင် ကာဗွန် ထပ်တိုးမထွက်သည့် ဓာတုလောင်စာဆီအတုများ၊ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များသာမက ဟိုက်ဒရိုဂျင်ကို လောင်ကျွမ်းစေသော အင်ဂျင်များပင်လျှင် ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။
ကာဗွန်ထုတ်လွှတ်မှုကို တိုက်ဖျက်ရာတွင် ဟိုက်ဒရိုဂျင်သည် အီးဗီများကဲ့သို့ပင် အလားအလာရှိသည်၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတွင် အလားအလာကောင်းများ ရှိသည်ဟု Toyoda က ပြောသည်။
မကြာသေးမီက သူသည် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး Yaris ကို မောင်းနှင်ခဲ့ပြီး ၎င်း၏ စွမ်းဆောင်ရည်ကြောင့် လွင့်ပါသွားခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။
ကားကို မောင်းနှင်သုံးစွဲသည့်အဆင့်တွင်သာမက ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်တွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် အရေးကြီးကြောင်း Toyoda က ပြောကြားသည်။ ကားအတွက် ပစ္စည်းများကို ရင်းမြစ်ထံမှ မည်သို့မည်ပုံ ထုတ်လုပ်ရယူသည်၊ ကားကို မည်သို့ တည်ဆောက်သည်၊ လောင်စာကို မည်သို့ပေးသွင်းသည်၊ ကားအဟောင်း မည်သို့ စွန့်ပစ်သည် စသည့်အဆင့်ဆင့်တိုင်းတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။
Toyota သည် အီးဗီ ထုတ်လုပ်မှုသို့ လုံးလုံးလျားလျား ကူးပြောင်းရန် နှေးနေသော်လည်း အီးဗီမော်ဒယ်များ ထုတ်လုပ်သွားမည့် အစီအစဉ် ရေးဆွဲထားပါသည်။
၎င်းနှစ် ၆၀ ပြည့်အခမ်းအနားတွင် Toyota က လျှပ်စစ်ပစ်ကပ် ထရပ်ကား ရှေ့ပြေးပုံစံကို ပြသခဲ့သည်။ အရွယ်အစား အလယ်အလတ် ပစ်ကပ်ထရပ် Hilux ကို အခြေခံပြီး ဒီဇိုင်းထုတ်ထားသည်။
Toyota သာမက Lexus ကလည်း အီးဗီမော်ဒယ်များ ထုတ်လုပ်မည့် အစီအစဉ် ရှိေနပါသည်။
လောလောဆယ်တွင် BEV မော်ဒယ် Toyota bZ4X crossover ကို ဈေးကွက်တင်ထားပါသည်။
Lexus က များမကြာခင်မှာ RZ crossover ကို ထုတ်လုပ်ရောင်းချမည် ဖြစ်ပါသည်။
Source motorauthority