Toyota နှင့် BYD တို့ ပထမဆုံး ပူးပေါင်းထုတ်လုပ်ထားသည့် အီးဗီ bZ3  ဒေါ်လာ ၃ သောင်း အောက်ဖြင့် ဈေးဖွင့


Toyota နှင့် BYD တို့ ပထမဆုံး ပူးပေါင်းထုတ်လုပ်ထားသည့် အီးဗီ bZ3  ဒေါ်လာ ၃ သောင်း အောက်ဖြင့် ဈေးဖွင့် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

BYD၏ အီးဗီနည်းပညာဖြင့် မောင်းနှင်သည့် ပထမဆုံး Toyota bZ3 လျှပ်စစ်ကားကို တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်‌ေရးလိုင်းမှ စတင်ထုတ်လုပ်ပါသည်။

Toyota-FAW ဖက်စပ်လုပ်ငန်းမှ BYD အီးဗီနည်းပညာဖြင့် ထုတ်လုပ်သော bZ3 EV အခြေခံဈေးနှုန်းမှာ ယွမ် ၁၈၉,၈၀၀ ($27,000) ဖြစ်ပါသည်။
မှာကြားထားသူများထံ များမကြာခင်မှာ စတင်ပေးပို့ပါမည်။

တိုယိုတာသည် ၎င်း၏ bZ (Beyond Zero) လျှပ်စစ်ကားများ ၏ ဒုတိယမြောက် မော်ဒယ်ဖြစ်သည့် bZ3 EV ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တရားဝင်ကြေငြာခဲ့ပါသည်။
bZ3 လျှပ်စစ်ဆီဒင်အတွက် နည်းပညာပိုင်းအတွက် BYD Toyota EV Technology ဖက်စပ်လုပ်ငန်း ထူထောင်ပြီး လုပ်ကိုင်ခဲ့ကြပါသည်။ Toyota အနေဖြင့် တိုက်ရိုက်ပါဝင်ခြင်း မဟုတ်ဘဲ FAW Group နှင့် Toyota တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း FAW Toyota အနေဖြင့် BYD Toyota EV Technology ဖက်စပ်လုပ်ငန်းတွင် ပါဝင်ထားပါသည်။

  Advertisement

Click Here > Leo

အထင်ရှားဆုံး အီးဗီ ထုတ်လုပ်သူ BYD နှင့် အပြည့်အ၀ လျှပ်စစ်ကားများကို အပြိုင်အဆိုင် ထုတ်လုပ်ရန်  နောက်ကျကျန်ခဲ့သော ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူ Toyota အကြား ဆက်နွှယ်မှုမှာ တရုတ်နိုင်ငံ၏ အစဉ်အလာကြီးမားသည့် ကားလုပ်ငန်း FAW  လည်း ပါဝင်နေပါသည်။
FAW-Toyota ဖက်စပ်လုပ်ငန်းမှတစ်ဆင့် Toyota က e-TNGA ပလက်ဖောင်းဖြင့် bZ3 EV ကို ထုတ်လုပ်ထားပါသည်။ 
bZ4x လျှပ်စစ် SUV ကိုလည်း e-TNGA ပလက်ဖောင်းဖြင့် တည်ဆောက်ထားပါသည်။
BYD က bZ3 EV အတွက် lithium-ion LFP ဘက်ထရီ၊ လျှပ်စစ်မော်တာ၊ လျှပ်စစ်ထိန်းချြပ်စနစ်တို့ကို ထုတ်လုပ်ပေးပါသည်။
bZ3 EV သည် အများဆုံး ခရီးတာ ၆၀၀ ကီလိုမီတာ(၃၂၇ မိုင်ခန့်) သွားနိုင်ပါသည်။
bZ3 EV ယာဉ်အတွင်းခန်းမှာ bZ4X နှင့် အတော်ကွဲပြားပါသည်။ အလယ်‌နေရာ  ထောင်လိုက်အပြတွင် Digitial Island စနစ်သုံးထားသည်။

 

bZ3 EV ကို ကြိုရောင်း pre-sales အစီအစဉ်ဖြင့် ကြိုတင်အမှာစာများ လက်ခံပါသည်။ ပထမအသုတ် ဝယ်ယူသူ ၅,၀၀၀ ဦးသည် ယွမ် ၂,၀၀၀ စဘော်တင်ပြီး မေလ ၃၁ ရက် မတိုင်ခင် မှာကြားပါက ယွမ်။ ၅,၀၀၀ ရရှိပါသည်။
အကယ်၍ နောက်တစ်ကြိမ် ထပ်ဝယ်ပါက ယွမ် ၈,၀၀၀ ရမည်ဟု FAW-Toyota က ဆိုပါသည်။

ပထမအကြိမ်ဝယ်ယူသူသည် ၁၀ နှစ် သို့မဟုတ် ကီလိုမီတာ ၂ သိန်း အထိ ပြုပြင်ထိန်းသိမ်းစရိတ် အခမဲ့၊ လမ်းပေါ် သွားရင်းလာရင်း စက်ဆရာ လိုအပ်လာပါက အခမဲ့၊ အားသွင်းခ အချို့အဝက် အခမဲ့ အစရှိသည့် ခံစားခွင့်များ ရရှိပါသည်။

Toyota က ၎င်း၏ ပထမဆုံး အီးဗီ bZ4 ကို တရုတ်ဈေးကွက်တွင် ၁၅% ($4,300) ဈေးလျှော့ချ သတ်မှတ်ကြောင်းလည်း ကြေညာပါသည်။

 


Source Electrek 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3577 times