Toyota bZ3 စတင်ရောင်းချ ပထမဆုံးနေ့ ဒေါ်လာ ၂၈၀၀ ဈေးလျှော့ချ


Toyota bZ3 စတင်ရောင်းချ ပထမဆုံးနေ့ ဒေါ်လာ ၂၈၀၀ ဈေးလျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Toyota bZ3 ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချသည့် ပထမဆုံးနေ့တွင် အမေရိကန်ဒေါ်လာ ၂,၈၀၀ လျှော့ချခဲ့သည်။

မတ်လ ၆ ရက်နတွင် FAW-Toyota bZ3 လျှပ်စစ်ဆလွန်းကို တရုတ်နိုင်ငံတွင် စတင်ရောင်းချခဲ့သည်။

 bZ3 အတွက် စျေးနှုန်းကို ယွမ် ၁၆၉,၀၀၀ မှ ၁၉၉,၈၀၀ ယွမ် (24,400 USD မှ 28,800 USD) အထိ သတ်မှတ်ကြေငြာခဲ့သည်။

 

    Advertisement

Click Here > KM Fashion

 
bZ (Beyond Zero) စီးရီး၏ ဒုတိယမော်ဒယ်ကို ယခင်အပတ်က စတင်ထုတ်လုပ်မှုနှင့်အတူ ကြိုတင်ရောင်းချမှု pre-sale ကိုလည်း  စတင်ခဲ့သည်။

ဈေးနှုန်းမှာ ယွမ် ၂၀,၀၀၀ (2,800 USD) ဈေးသက်သာသည်။ 
မူလ ကြေညာထားသည့် ဈေးနှုန်းမှာ ယွမ် ၁၈၉,၈၀၀ မှ ၂၁၉,၈၀၀ အထိ ဖြစ်သည်။


ယခင်ဖော်ပြချက်

Toyota နှင့် BYD တို့ ပထမဆုံး ပူးပေါင်းထုတ်လုပ်ထားသည့် အီးဗီ bZ3  ဒေါ်လာ ၃ သောင်း အောက်ဖြင့် ဈေးဖွင့် 
https://www.automobiledirectory.com.mm/article/toyota-byd-bz3.html


 

 

20,000 RMB (2,800 USD) လျှော့ဈေး ပိုစတာ


bZ3 ကို ၂၀၂၀ ခုနှစ်တွင် တည်ထောင်ခဲ့သော BYD Toyota EV Technology မှ ဖန်တီးခဲ့သည်။ ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှု ပထမဆုံး ပေါက်ဖွားသည့် အီးဗီ ဖြစ်ပါသည်။
e-TNGA ပလက်ဖောင်းဖြင့် တည်ဆောက်ထားပြီး BYD ၏ နာမည်ကျော် LFP Blade ဘက်ထရီနှင့် မောင်းနှင်မော်တာတို့ကို အသုံးပြုထားသည်။
မောင်းနှင်မော်တာ တစ်လုံးသာ တပ်ဆင်ထားပြီး နောက်ဘီးယက်အတွက် အသုံးပြုသည်။ ၎င်း မော်တာကို BYD ၏ လက်အောက်ခံ လုပ်ငန်း FinDreams က ထုတ်လုပ်ပေးသည်။

ရွေးစရာ မော်တာ ၂ မျိုး စီစဉ်ပေးထားသည်။  135kW နှင့် 180kW တို့ဖြစ်ပြီး ရုန်းအားမှာ 303 Nm အတူတူပင် ဖြစ်သည်။ 
ဘက်ထရီကိုလည်း ရွေးစရာ ၂ မျိုး စီစဉ်ပေးထားသည်။ 49.92kWh နှင့် 65.28kWh တို့ဖြစ်ပြီး 49.92kWh သည် ခရီးတာ ၅၁၇ ကီလိုမီတာအထိ သွားနိုင်ပြီး 65.28kWh သည် ၆၁၆ ကီလိုမီတာအထိ သွားနိုင်သည်။

 


bZ3 ကိုယ်ထည် အလျား 4725 mm ၊ အကျယ် 1835 mm ၊ အမြင့် 1475 mm ရှိပါသည်။ ခါးအလျား 2880mm ရှိသဖြင့် အတွင်းပိုင်း ကျယ်ကျယ်ဝန်းဝန်း ရှိပြီး သက်သောင့်သက်သာ ရှိပါသည်။

 

ဒက်ရှ်ဘုတ် အလယ်နေရာတွင် ၁၂.၃ လက်မ touchscreen display ထိုင်ထားသည်။ 
ယာဉ်မတိုက်မိမီ ကြိုတင်တားစနစ်၊ ယာဉ်ကြောပြောင်း သတိပေးချက်နှင့် အလိုက်သင့် လုပ်ဆောင်သော cruise controlတို့ အပါအဝင် ဘေးကင်းရေးအင်္ဂါရပ်များပါရှိသည်။

 

ယခင်က Toyota သည် တရုတ်ဈေးကွက်တွင် bZ4X ကို စတင်ရောင်းချခဲ့သော်လည်း အီးဗီ စျေးကွက် အပိုင်းအကန့်တွင် ဈေးကွက်ဝေစု  ၀.၅% အောက်မျာသာ ရရှိခဲ့သည်။
Toyota က တရုတ်ဈေးကွက်အတွက် bZ4X ဈေးနှုန်းကို ယွမ် ၃၀,၀၀၀ (4,300 USD) လျှော့ချ သတ်မှတ်ခဲ့သည်။
bZ4X အဝယ်မလိုက်သည့် အကြောင်းတစ်ချက်မှာ ရာသီဥတုနှင့် သက်ဆိုင်ပါသည်။
တရုတ်နိုင်ငံ၏ လူဦးရေထက်ဝက်ခန့်သည် ဆောင်းရာသီတွင် အပူချိန် 0 ℃ အောက်ရှိသော ဒေသများတွင် နေထိုင်ကြသည်။
အေးသောဒေသများတွင် bZ4X ၏ အားသွင်းအမြန်နှုန်း သိသိသာသာ ကျဆင်းပါသည်။ သွားနိုင်သည့် ခရီးတာလည်း  ဆိုးရွားစွာ ကျဆင်းပါသည်။ ၎င်းအဖြစ်မျိုးကို Tesla အီးဗီများတွင်လည်း ကြုံရသော်လည်း Tesla က အီးဗီ ဈေးကွက်တွင် ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးမားသဖြင့် ဝယ်လိုအား သိသိသာသာ မထိခိုက်ပါ။


တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှုနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန်အတွက် ကမ္ဘာ့အတင်းကျပ်ဆုံး အိတ်ဇောထုတ်လွှတ်မှုစံနှုန်း 6B ကို ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်မည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းတွင် တရုတ်ဈေးကွက်တွင်  6B စံနှုန်းအောက် ကားအသစ်များကို ဝယ်ယူ၍ မှတ်ပုံတင်နိုင်တော့မည်မဟုတ်ပါ။
 
 တရုတ်နိုင်ငံတွင် Toyota ရောင်းချနေသည့် ကားများတွင် ၉၉% ကျော်သည် လောင်စာဆီသုံးကားများဖြစ်ပြီး 6B စံနှုန်းကို မပြည့်မီပါ။ 
Source: FAW-Toyota; iTHome; AutoHome

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3503 times