Toyota BZ4X ဘီးကျွတ်ပြဿနာ အဖြေရှာ ဖြေရှင်း


Toyota BZ4X ဘီးကျွတ်ပြဿနာ အဖြေရှာ ဖြေရှင်း

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Toyota က ၎င်း၏ ပထမဆုံး လျှပ်စစ်ကားစစ်စစ် SUV မော်ဒယ် BZ4X ကို ထုတ်လုပ်ရောင်းချခဲ့ပါသည်။ 
လွန်ခဲ့သည့် ဇွန်လတွင် Toyota သည် လျှပ်စစ်ကား BZ4X ပိုင်ရှင်များအား ၎င်းတို့၏ ကားကို မောင်းနှင်ခြင်း မပြုရန် သတိပေးခဲ့သည်။ အရောင်းကိုယ်စားလှယ်ထံ ပြန်လည်ပေးပို့နိုင်အောင် စီစဉ်ပေးခဲ့သည်။ 
ကြောက်စရာ အလွန်ကောင်းသည့် ပြဿနာတစ်ခု ကားမှာ ချို့ယွင်းချက် ရှိနေသည်။ မိုင်အနည်းငယ်သာ မောင်းနှင်ရုံမျှဖြင့် ဘီးများ ကျွတ်ထွက်ကုန်နိုင်သည်။
.
ဩဂုတ်လဆန်းတွင် Toyota က ငွေအပြည့်အဝ ပြန်အမ်းပြီး BZ4X ကို ဝယ်ယူပေးရန် အသင့်ရှိကြောင်း ကားဝယ်ထားသူများထံ အကြောင်းကြား အသိပေးခဲ့သည်။
ကားပြန်မရောင်းလိုသူများကို လောလောဆယ် စီးဖို့ Toyota ကား အခမဲ့ ပေးအပ်သည်။
.
ကားများ ပြန်ခေါ်ယူခဲ့ပြီး သုံးလကျော်အကြာတွင် Toyota သည် ပြဿနာဖြစ်စေသည့် အကြောင်းရင်းခံကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဖြေရှင်းပေးပုံကိုလည်း ရရှိပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
.
BZ4X SUV အတွက် ဘီး‌ေခွများ ပြုလုပ်သည့် ပေးသွင်းသူသည် Toyota ၏ သတ်မှတ်ချက်များအတိုင်း အတိအကျ လိုက်နာပြီး မပြုလုပ်ခဲ့ဟု Toyota ပြောရေးဆိုခွင့်ရှိသူ Aaron Fowles က ပြောကြားသည်။
ကားမောင်းနေစဉ် ဘီးခွေ တုန်ခါ‌ေနစေပြီး ကျပ်ထားသည့် နပ်များကို ချောင်သွားစေရာမှ နောက်ဆုံးတွင် နပ်များ ကျွတ်ထွက်သွားမည်။ ထိုအခါ ဘီးခွေလည်း ကျွတ်ပြီး ဘီးတစ်ခုလုဲး ကျွတ်ထွက် သွားလိမ့်မည်။

အဆိုပါပြဿနာကိုဖြေရှင်းရာတွင် တိုယိုတာသည် ဘီးခွေဒီဇိုင်းအသစ်ကို သုံးသည်။ ဘို့နှင့်နပ်တို့ကိုလည်း အသစ်သုံးသည့်အပြင် ကျပ်ထားချိန်တွင် ပြန်မချောင်အောင် ဝါရှာများကို ထည့်သုံးထားသည်။
ဘီးခွေ၊ ဘို့ နပ်၊ ဝါရှာ အသစ်များကို အရောင်းကိုယ်စားလှယ်များထံ ပို့ပေးပြီး အဟောင်းကို အသစ်ဖြင့် အခမဲ့ လဲတပ်ပေးစေသည်။ နိုဝင်ဘာလတွင် ဘီးခွေအသစ် လဲတပ်ပေးခြင်း စတင်နိုင်ခဲ့သည်။
BZ4X စတင်ရောင်းချပြီးခါစတွင် ပြဿနာကို သိရသဖြင့် ဆိုးဆိုးဝါးဝါး ဖြစ်ကြုံခဲ့ခြင်း မရှိချေ။
 .
Subaru Solterra သည်လည်း BZ4X နှင့်အတူတူပင် ပြဿနာ ရှိနေခဲ့သည်။ သို့သော် ပြဿနာကို သိချိန်တွင် တစ်စီးမှ မှာကြားသူများထံ ပေးပို့ခြင်း မပြုရသေးချေ။
ကားများ ပြန်ခေါ်ယူချိန်တွင် စီးရေ ၂၆၀ ကိုသာ ဝယ်ယူသူများထံ ပေးပို့ထားသည်။
BZ4X ကို ပြန်ခေါ်ယူထားသည့်ကာလကို စက်ရုံအာမခံသက်တမ်းတွင် သက်တမ်းတိုးမြှင့်ပေးခဲ့ပါသည်။

ဘီးခွေ ပြဿနာအပြင် လေအိတ်စနစ်တွင်လည်း ချို့ယွင်းချက် တွေ့ရှိသဖြင့် ပြုပြင်ပေးခဲ့ပါသည်။
ယခုအခါ BZ4X ကို ဈေးကွက်ထဲ ပြန်လည် ရောင်းချခြင်း၊ ငှားရမ်းခြင်းများ လုပ်ကိုင်ပေးနေပြီး ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်  ရောင်းချပေးနေပြီ ဖြစ်ပါသည်။ 
Source CNN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

Read 2428 times