ဂျပန် တစ်နိုင်ငံအတွက်သာ ထုတ်လုပ်ရောင်းချတဲ့ Brand ကို ပြပါဆိုရင်တော့ Caldina ကိုပဲ ညွှန်ပြရပါလိမ့်မယ်။ ဂျပန်ရဲ့ ပြင်ပနိုင်ငံတွေမှာ Caldina Brand ကို ရောင်းချခြင်း မရှိပါဘူး။
အကယ်၍ ဂျပန်ပြင်ပမှာ တွေ့ခဲ့ရတယ်ဆိုရင်တော့ ဂျပန် used market ကနေ တင်သွင်းလာတယ် လို့သာမှတ်ယူပါတယ်။ Station wagon အနေနဲ့သာထုတ်လုပ်တဲ့ အမျိုးအစား လည်းဖြစ်ပါတယ်။ သူ့အရင် Carina နဲ့ Corona van တွေထုတ်လုပ်မှု ရပ်ဆိုင်းပြီးချိန်မှာ အစားထိုးထုတ်ခဲ့တဲ့ model တစ်မျိုး ဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ထပ်မံထုတ်လုပ်ခြင်း မရှိတော့ပါဘူး။
မျိုးဆက်အနေနဲ့ ၃ ဆက်ထိရှိပြီး
(1) First generation T190, ( 1992-1997)
မြန်မာအခေါ် ပဲခြမ်း
(အင်ဂျင်အမျိုးစုံနေမယ် Taste လုပ်နေဆဲမို)
(2) Second generation T210, (1997-2002)
မြန်မာအခေါ် ကြက်တူရွေး
(3) Third generation T240, ( 2002-2007)
မြန်မာအခေါ် စက်ရုပ်
ဓာတ်ဆီ Petrol သုံးထဲမှာ ရနိုင်တဲ့ အင်ဂျင်တွေကတော့
1.5 L 5E-FE I4
1.8 L 4S-FE I4
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
ဒီဇယ် Diesel ထဲမှာကတော့
2.0 L 2C I4
2.0 L 2C-T I4
2.2 L 3C-E I4 တွေ ဖြစ်ပါတယ်။
ထူးခြားချက်အနေတဲ့ semi-independent leaf springs ဆိုတဲ့ suspension system ကို စတင်သုံးစွဲပေးခဲ့ပါတယ်။
Second generation
T210 မှာတော့ ရုပ်ထွက်လေးက ပိုမို လုံးဝန်းတဲ့ ရုပ်ထွက်လေးနဲ့ ထုတ်လုပ်ပါတယ်။ ကြက်တူရွေးမှာ ဂရိတ်အနေနဲ့ GT, E စသဖြင့် ခွဲထုတ်ပေးပါတယ်။ သူ့မှာတော့ တာဘိုပါဝင်တဲ့ ဓါတ်ဆီအင်ဂျင်တွေ စထုတ်ပေးခဲ့ပါတယ် GT-T ဆိုတဲ့ အမျိုးအစားမှာ 3S-GTE အင်ဂျင်နဲ့တာဘို ပါဝင်ပါတယ်။ သူ့မျိုးဆက်ရဲ့ ရနိုင်တဲ့ အင်ဂျင်တွေကတော့
ဓါတ်ဆီ လိုင်းမှာ
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
2.0 L 3S-GTE I4 ( Turbo)
ဒီဇယ် လိုင်းမှာတော့
2.0 L 2C-T I4 ( Turbo diesel )
2.2 L 3C-TE I4 ( Turbo diesel ) တွေ တပ်ဆင်ပေးပါတယ်။
(အဓိက ဒီမိုဒယ်တွေမှာ ဂရိတ်တွေကို ရေးမပြတာကတော့ အားလုံးနီးပါးဟာ တူညီတဲ့ ပါဝင်ပစ္စည်းတွေ ရှိကြပါတယ်။ အဓိက ကွဲလွဲသွားတာကတော့ chassis နဲ့ အင်ဂျင်ပါ။ ဒါကြောင့် ဂရိတ်တွေပြောလည်း သိပ်မထူးလှပါဘူး။ ကားတိုင်းမှာ PW/ PS / Auto Transmission စတာတွေက တူပါတယ်။ ကွဲလွဲချက်အနေနဲ့က နောက် wiper / CD player / alloy / 2WD or 4WD စတာတွေပဲ ဖြစ်ပါတယ်။)
Third generation
စက်ရုပ်ကိုတော့ ဂရိတ်ကွဲတွေနဲ့ ထုတ်ပေးပြီး sport type ဖြစ်အောင် အဓိက ဆွဲထုတ်သွားပါတယ်။ Diesel engines နဲ့ ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။ စက်ရုပ်ကတော့ လူကြိုက်များပြီး လက်ရှိလမ်းပေါ်မှာ အတွေ့များတော့ ပိုပိုသာသာလေး ဖေါက်သည်ချချင်ပါတယ်။
X grade
ရှေ့ယက် 2WD,
1.8 L 1ZZ-FE I4 (132hp) အင်ဂျင်နဲ့
EFI fuel system
Airbag 2 လုံး
Chassis အနေနဲ့ UA-ZZT241 နဲ့ ထွက်ပါတယ်
Z grade ကတော့ X grade နဲ့တူညီတဲ့အပိုင်း များပါတယ်
Aircon auto ဖြစ်တာ နဲ့ မဖြစ်တာ ပဲ ကွာပါတယ်။
AC Auto ဆို Z ( 1. )
AC manual ဆို X ( 1. )
Z grade မှာ 2.0 ဆိုရင်
Engine က 1AZ-FSE I4 (152hp) , D-4 Fuel system နဲ့
Chassis ကတော့
TA-AZT241 ( 2WD) &
TA-AZT246 (4WD) ဖြစ်သွားမယ်။
Original fog lamp နှင်းခွဲမီး ပါလာပါ့မယ်။
ZT grade Z (2.0) နဲ့ အားလုံး တူတယ် ။
ပိုပါလာမှာကတော့ 17 inch alloy wheel ဖြစ်သွားမယ်။ xenon head lamp ဖြစ်မယ်, front spoiler ပါလာမယ်, လည်သာ စီယာရင် ကြိုးချုပ်ဖြစ်သွားပါ့မယ်။
GT-FOUR Grade
2WD မရှိတော့ပါဘူး အကုန်လုံး Full-time 4WD တွေပဲလာပါတယ်။
2.0 L 3S-GTE I4 Turbo (260hp) engine တပ်ပြီး တာဘိုပါဝင်လာပါတယ်။ EFI စနစ်ကိုပြန်သုံး ပြီး Or 6 CD player ပါဝင်ပါတယ်။ ကျန်တာကတော့ ZT မှာပါတဲ့ အတိုင်း အတူတူပါပဲ။ Chassis ကတော့LA-ST246 နဲ့ထွက်ပါတယ်။
GT-Four C edition ဆိုပြီး လည်းထွက်ပါတယ်။
Xenon headlamp နဲ့ front spoiler မပါဝင်ပါဘူး။
GT-Four N edition ဆိုပြီးလည်း ထွက်ပါတယ်။ သူကတော့ အစုံဆုံး ဂရိတ်ပါ ။
LSD – Limited Slip Differential ဆိုတဲ့ စနစ် အပိုပါလာပါတယ်။
Rear wiper, Rear spoiler, ABS, TCS, Privacy glass, UV glass, central door lock နဲ့ power window တွေက third generation ကားတိုင်းမှာပါပါတယ်။
2007 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး crisis ဖြစ်တော့ တချို့အမြတ်အစွန်းနည်းတဲ့ brand တွေကို လုပ်ငန်းရပ်ဆိုင်းပြီး လျော့ပစ်ခဲ့တဲ့ထဲမှာ မြန်မာ့အကြိုက် Caldina လေးလည်း တစ်ခန်းရပ်ခဲ့ရပါတော့တယ်။
Credit;Car Thadin Sone