တိုယိုတာကမ်မရီ မှာ ဖြစ်တတ်တဲ့ပြဿနာ ခုနစ်ချက်


တိုယိုတာ ကမ်မရီမှာ (Toyota Camry) ကားအမျိုးအစား ၂ဝဝရ မော်ဒယ်လ်ဟာ ပြဿနာအများဆုံး ဖြစ်ပြီး အင်ဂျင်ပိုင်းမှာ ပြဿနာဖြစ်တာ များတယ်လို့ CARCOMPLAINTS .com က ဆိုတယ်။

(၁)အောက်ဆီဂျင်ဆင်ဆာ ချို့ယွင်းတာ

၁၉၉၀ ကနေ ၂ဝဝ၉ မော် ဒယ်လ်အ ထိ တိုယိုတာကမ်မရီမှာ အောက်ဆီဂျင် ဆင်ဆာချို့ယွင်းတာ အဖြစ်များပါတယ်။ အောက်ဆီဂျင်ဆင်ဆာ (oxygen Sensor) က အလုပ်မလုပ်တော့ဘူးဆိုရင် အင် ဂျင်ချက်မီး (check engine light) လင်း လာပါမယ်။ အင်ဂျင်ခန်းထဲမှာရှိတဲ့ ဆီနဲ့ လေရဲ့အချိုးကို ကွန်ပျူတာက အဖြေထုတ် မပေးနိုင်တော့တာပါ။ ချို့ယွင်းချက်ရှိ တဲ့ အောက်ဆီဂျင်ဆင်ဆာကို အ သစ်လဲ လှယ်ရပါမယ်။

(၂)ပါဝါစတီယာရင် ပန့်က ယိုစိမ့်တာ

၁၉၉၀ ကနေ ၂၀၁၁ မော်ဒယ်လ်အ ထိ တိုယိုတာကမ်မရီကို ကီလို တစ်သိန်းခွဲ မောင်းနှင်ပြီးတဲ့အခါ အဖြစ် များပါတယ်။ ပါဝါစတီယာရင်ပန့် (pump) ဒါမှမဟုတ် ဆီလမ်းကြောင်း (hose) တွေ ကနေ ယိုစိမ့် လာတတ်တာပါ။ ပါဝါစတီ ယာရင်ပန့် ဒါမှ မဟုတ် ယိုစိမ့်တဲ့ ဆီလမ်း ကြောင်းတွေကို အသစ်လဲလှယ်ရပါမယ်။


(၃)မြန်နှုန်းမြှင့်တင်တဲ့အခါ တုံ့ဆိုင်းနေတာ

၁၉၉၀ ကနေ ၂ဝဝ၈ မော်ဒယ်အထိ ၈၀,ဝဝဝမောင်းနှင်ပြီးတဲ့အခါ အဖြစ်များ ပါတယ်။ အော်တိုဂီယာကို အသုံးပြုပြီး အမြန်နှုန်းကို မြှင့်တင်တဲ့အခါ တုံ့ဆိုင်းတုံ့ ဆိုင်းဖြစ်နေတတ်တာပါ။ Transmission software ကို updated လုပ်ဖို့ လိုအပ်နေ တာပါ။

(၄)အေဘီအက်စ်မီးလင်းတာ

၂ဝဝ၂ မော်ဒယ်လ်နဲ့ အောက် ကီလို တစ်သိန်းခွဲမောင်းနှင်ပြီးတဲ့အခါ အဖြစ် များပါတယ်။ Anti-LockBrake System  (ABS) စနစ်မှာပါရှိတဲ့ စပိဆင်ဆာ (wheel speed sensor) အလုပ်မလုပ်တဲ့အ တွက် အေဘီအက်စ်မီး (ABS warning Light) လင်းလာပြီး သတိပေးတာပါ။ ချို့ ယွင်းတဲ့ စပိဆင်ဆာကို အသစ်လဲလှယ်ရ ပါမယ်။

(၅)အင်ဂျင်ချက်မီးလင်းတာ

၂ဝဝ၄ မော်ဒယ်လ်နဲ့ အောက် ကီလို ၁၈၀,ဝဝဝ ကျော်မောင်းနှင်ပြီး တဲ့အခါ အဖြစ်များပါတယ်။ အင်ဂျင်ချက်မီး (check engine light) လင်းလာတဲ့ အတွက် ကွန်ပျူတာထိုးစစ်တဲ့အခါ code PO770 နဲ့ PO773 ကို ညွှန်ပြပါမယ်။ အဲဒါ ဟာ the 3-way lock-up solenoid ကို ပြု ပြင်ဖို့ လို အပ်နေတာ ဒါမှမဟုတ် အသစ်လဲလှယ်ဖို့ လိုအပ်နေတာပါ။

(၆)နောက်မီးမလင်းတာ

၂ဝဝ၂ မော်ဒယ်လ်နဲ့ အောက် ကီလို ၁၆၀,ဝဝဝကျော်မောင်းနှင် ပြီးတဲ့အခါ အ ဖြစ်များပါတယ်။ အဲဒါဟာ ယာဉ်နောက် ပိုင်းမှာ တပ်ဆင်ထားတဲ့ မီး လုံးတွေရဲ့ဝါ ယာရင်းစနစ်ပြတ်တောက်သွားတာဖြစ် တယ်။ ဝါယာရင်းကျွမ်းကျင်သူနဲ့ ပြုပြင်ရ ပါမယ်။

(၇)EGR စနစ် ပိတ်ဆို့တာ

၂ဝဝ၄ မော်ဒယ်လ်နဲ့ အောက် ကီလို ၁၆၀,ဝဝဝကျော်မောင်းနှင် ပြီးတဲ့အခါ အဖြစ်များပါတယ်။ EGR စနစ်ထဲမှာ ကာဘွန်တွေ ပိတ်ဆို့နေတဲ့အတွက် ချက် မီးလင်းပြီးသတိပေးတာမျိုးပါ။ EGR စနစ် နဲ့ EGR Temperature Sensor တွေကို သန့်စင်ပေးရပါမယ်။ ဥပမာ Transducer , EGR Valve နဲ့ VSV Solenoid တို့ကို ပြု ပြင်ရပါမယ်။

Read 514 times