တိုယိုတာ ပိုင်ဆိုင်တဲ့ ကား brand များ


ကမ္ဘာမှာ အထင်ရှားဆုံး ကားကုမ္ပဏီတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ Toyota က ဘယ်ကား brand တွေကို ပိုင်ဆိုင်ထားသလဲ။ အရင်တုန်းက Isuzu နဲ့  Scion တို့ကို ပိုင်ဆိုင်ခဲ့ဖူးတယ်။ အခု လက်ရှိမှာတော့ အဓိကကျတဲ့ brand ၅ ခုကို ပိုင်ဆိုင်ထားပါတယ်။

1. Hino

Hino Motors ဟာ Toyota ရဲ့ ထီးရိပ်အောက်မှ ကားကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး တိုယိုတာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မလာခင်ကတည်းက ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဌာနဆိုင်ရာယာဉ်အဖြစ် အစိုးရစက်ရုံမှ ထုတ်လုပ်ပေးတဲ့ ဟီးနိုးဘတ်စ်ကားတွေ၊ ရိမ်းဂျား ထရပ်ကားတွေနဲ့ တီအီးအဲလဲဗင်းတွေဟာ ထင်ရှားပါတယ်။ ယာဉ်သက်တမ်းတွေက နှစ်ကြာမြင့်ပြီ ဖြစ်ပေမဲ့လည်း အခုအထိ လမ်းတွေပေါ်မှာ သွားလာနိုင်နေတုန်းပါပဲ။ 

Hino ကားတွေက ဒီဇယ်အင်ဂျင် ကားတွေဖြစ်ပြီး ဘတ်စ်တွေနဲ့ ထရပ်ကားတွေကို ထုတ်လုပ်ပါတယ်။ ဒီဇယ်အင်ဂျင်တွေ၊ ဘတ်စ် ချာစီတွေ၊ ယာဉ်အပိုပစ္စည်းတွေလည်း ထုတ်လုပ်တဲ့အပြင် ရေယာဉ်တွေအတွက်လည်း စက်အပိုပစ္စည်းတွေ ထုတ်လုပ်ပါတယ်။ 

၂။ Lexus

Lexus ကို တိုယိုတာက သီးခြားကားကုမ္ပဏီတစ်ခုအဖြစ် ၁၉၈၉ ခုနှစ်မှာ မွေးထုတ်ခဲ့ပါတယ်။  စတိုင်လ်ကအစ တသီးတခြား ဒီဇိုင်းထုတ်ပါတယ်။ တန်းမြင့်ဈေးကွက်အတွက် ရည်ရွယ်ထားပါတယ်။ အကောင်းစား   SUV  မော်ဒယ်တွေ LS Sedan တွေ ထုတ်လုပ်ပါတယ်။ အခုအထိလည်း သီးခြားကုမ္ပဏီကြီးတစ်ခုအဖြစ် လုပ်ကိုင်လည်ပတ်ပါတယ်။

Lexus ဟာ ကားအကေင်းစား luxury  ထုတ်လုပ်တဲ့ ကားလုပ်ငန်း ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ပါတယ်။ ဈေးအမြင့်တန်းမှာ ရောင်းဖို့ ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ပါတယ်။

 

3. Daihatsu

Daihatsu ဟာ တိုယိုတာ ပိုင်ဆိုင်တဲ့ ကားကုမ္ပဏီတွေထဲမှ တစ်ခု ဖြစ်ပါတယ်။ 

Daihatsu ဟာ ဂျပန်နိုင်ငံမှာ သက်တမ်းအရင့်ကြာဆုံး ကားကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင်တွေ ထုတ်လုပ်ခဲ့ပါတယ်။ တိုယိုတာရဲ့ ထီးရိပ်အောက်ကို ၂၀၁၆ ခုနှစ်မှာ ရောက်ရှိခဲ့တယ်။

Daihatsu ဟာ အိမ်စီးကားတွေ၊ လမ်းကြမ်းမောင်းတဲ့ ကားတွေ၊ ကုန်တင်ယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေ ထုတ်လုပ်ပါတယ်။ မြို့တွင်းစီး ကားအငယ်စားတွေ မိုက်ခရိုကားတွေ ထုတ်လုပ်တယ်။ 

တိုယိုတာက ဈေးအမြင့်တန်းအတွက် ဇိမ်ခံကားအကောင်းစားတွေကို Lexus ကုမ္ပဏီဖြင့် ထုတ်လုပ်ပြီး ဈေးအနိမ့်တန်းအတွက် ကားတွေကိုတော့ Daihatsu ကုမ္ပဏီဖြင့် ထုတ်လုပ်ပါတယ်။ 

၄။  TRD

Toyota Racing Development ဟာ တိုယိုတာရဲ့ ပြိုင်ကား လုပ်ငန်းခွဲ တစ်ခု ဖြစ်ပါတယ်။ ကားပြိုင်ပွဲတွေမှာ တိုယိုတာ ကိုယ်စားပြုပြီး ဝင်ပြိုင်ပေးတယ်။ သာမန်လမ်းတွေပေါ်မှာ မောင်းနှင်ဖို့ ထုတ်လုပ်မယ့် ကားတွေရဲ့ လုပ်ကိုင်စွမ်းရည် ကောင်းနေစေဖို့ကို တာဝန်ယူ လုပ်ကိုင်ပေးတယ်။

ပြိုင်ပွဲဝင်မယ့် ပြိုင်ကားတွေကို  တပ်ဆင်ထုတ်လုပ်ပေးတဲ့အပြင်  ယာဉ်အောက်ပိုင်း ဆိုင်းထိန်းစနစ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ suspension tower braces, coil-overs, springs, sway bars, dampers, struts စတာတွေကို အရည်အသွေး မြင့်မြင့်ဖြင့် ထုတ်လုပ်ပေးတယ်။

ဘီးခွေတွေ၊ အိပ်ဇောလေသန့်စနစ်၊ လေစစ်၊ ရေစစ်၊ ဆီစစ်တွေကိုလည်း ထုတ်လုပ်တယ်။ အင်ဂျင်တုံး နှစ်ခြမ်းဆက်တဲ့နေရာမှာ သုံးတဲ့ ဂက်စကက်တွေလည်း ထုတ်လုပ်တယ်။ ဘရိတ်စနစ်ရဲ့ အစိတ်အပိုင်းတွေလည်း ထုတ်လုပ်တယ်။

 

၅။  Ranz

Ranz အမှတ်တံဆိပ်က တိုယိုတာရဲ့ တရုတ်ပြည်တွင်း လုပ်ငန်းပိုင်းမှာ တရုတ်ကားလုပ်ငန်း Sichuan FAW နဲ့ ထူထောင်တဲ့ ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်တဲ့ ကားတွေအတွက် ဖြစ်ပါတယ်။ ထူးခြားချက်က ဈေးနှုန်း အနိမ့်တန်းဖြင့် လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး အခုအထိတော့ Ranz လျှပ်စစ်ကားမော်ဒယ် အချို့ကိုသာ ထုတ်လုပ်ခဲ့ပါတယ်။

 

Read 4582 times