တိုယိုတာက စမတ်ကီးအစား သမားရိုးကျသော့ ပြောင်းသုံးမည်ဟု ကြေညာ


တိုယိုတာက စမတ်ကီးအစား သမားရိုးကျသော့ ပြောင်းသုံးမည်ဟု ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကားသော့ စမတ်ကီးအတွက် ချစ်ပ် အလုံအလောက် မရရှိသဖြင့်  Toyota Motor Corp  က ကားသော့ကို သမားရိုးကျ သော့ဖြင့် ပြောင်းလဲသုံးစွဲတော့မည် ဖြစ်‌ကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၂၇) တွင် ထုတ်ပြန်ကြေညာပါသည်။ ဂျပန်နိုင်ငံမှ အမှာစာများအတွက် ထုတ်လုပ်မည့် ကားများတွင် ရိုးရိုးလက်လှည့်ကားသော့ကို ပြောင်းလဲသုံးစွဲမည်ဟု Toyota က ဆိုသည်။ ကားမှာကြားထားသူများ စောင့်ဆိုင်းရချိန် သက်သာစေရန်အတွက် ချစ်ပ်များ ရအောင် စောင့်နေမည့်အစား သမားရိုးကျသော့ကို ပြောင်းလဲသုံးစွဲရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 
"တစ်ပိုင်းလျှပ်ကူးပစ္စည်း(ချစ်ပ်)များ ပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဖောက်သည်များထံ ကားများကို တတ်နိုင်သမျှ မြန်မြန်ပို့ဆောင်ရန် ရည်ရွယ်သည့် ယာယီအစီအမံတစ်ခုဖြစ်သည်"ဟု ကြောညာချက်တွင် ဖော်ပြထားသည်။ အဆင်မပြေမှုအတွက် တောင်းပန်အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။ 

လောလောဆယ်တွင် သမားရိုးကျသော့ကိုသာ သုံးစွဲရမည် ဖြစ်သော်လည်း ချစ်ပ်များ ရရှိလာ‌ောအခါ စမတ်ကီးများ ထုတ်လုပ်ပြီး မြန်နိုင်သမျှအမြန်ဆုံး လဲပေးမည် ဖြစ်ကြောင်းလည် အသိပေးထားပါသည်။ 

ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြတ်လပ်မှုကြောင့် ကားထုတ်လုပ်ရေးနှင့် မှာကြားသူထံ ပေးပို့မှုတို့တွင် ပြင်းထန်စွာနှောင့်နှေးမှုများ ဖြစ်ပေါ်နေပြီး ဝယ်ယူသူအများအပြားတို့သည် ၎င်းတို့ မှာကြားထားသော ကားကို ရဖို့ နှစ်ချီပြီး စောင့်နေကြရသည်အထိ ဖြစ်နေသည်။ 
Source: Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 12378 times