တိုယိုတာကယ်လ်ဒီးနားမှာ ဖြစ်တတ်တဲ့ ပြဿနာ ကိုးချက်


တိုယိုတာကယ်လ်ဒီးနား (Toyota Caldina) ကားဟာပြည်တွင်းမှာအသုံးများတဲ့ကားအမျိုးအစားဖြစ်ပါတယ်။

တိုယိုတာကယ်လ်ဒီးနား (ToyotaCaldina) ကားအမျိုးအစားဟာပြည်တွင်းမှာ အသုံးများတဲ့ကားအမျိုးအစားဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်တဲ့အတွက်လည်း အသုံးများပါတယ်။ စက်ပစ္စည်းတွေ ရဲ့သဘော ကအသုံးပြုတာ ကြာရှည်တာနဲ့အမျှ ပြဿနာလေးတွေတန်းစီပြီး လာတတ်ပါတယ်။ ကြိုတင်သိရှိကာကွယ်ထားနိုင်ရင်ရေရှည်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အဲသည်ကား အမျိုးအစားမှာ ဖြစ်တတ်တဲ့ပြဿနာလေးတွေ ကိုဖော်ပြ ပေးလိုက်ပါတယ်။

၁။ တစ်ကြိမ်တည်းနဲ့ စက်နှိုးလို့မရတာ၂၀ဝ၃ မော်ဒယ် ကယ်လ်ဒီး နားကိုစက်စတင် နှိုးနှိုးချင်းမရတာပါ။ နှစ်ကြိမ်လောက်ဆက်တိုက်နှိုး မှသာ စက်ကလည်ပတ်ပါတယ်။ အဲသည်နောက် ဒက်ရှ်ဘုတ်မီး မလင်းတာ၊ တံခါးပေါက်တွေ အတင်အချလုပ်လို့မရတဲ့ပြဿနာတွေ ပူးတွဲပါလာတတ်ပါတယ်။ အဲဒါကတော့ ပါဝါပေးတဲ့အစိတ်အပိုင်းက ပြဿနာရှိနေတာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်ပေးပို့တဲ့ဝါယာရင်း စနစ်တွေကို စစ်ဆေးဖို့လိုအပ်ပါတယ်။

၂။ အင်ဂျင်အပူလွန်ကဲတာ ၂၀ဝ၃ မော်ဒယ်ကယ်လ်ဒီးနားမှာ မောင်းနှင်ပြီး အချိန်တိုအတွင်း အင်ဂျင်အပူလွန်ကဲတာ (over heat)ဖြစ်တတ်ပါတယ်။ မြန်နှုန်းမြင့်ခရီးဝေးမောင်းနှင်တဲ့အခါတွေမှာ အဖြစ်များပါတယ်။ အဲဒါကတော့ အင်ဂျင်အအေးပေးစနစ်တွေအား နည်းချက်ရှိလာတာပါ။ ရေတိုင်ကီ (rad-iator) ဖြစ်တဲ့ အင်ဂျင် အအေးပေးစနစ်ကို စစ်ဆေးရပါမယ်။ ကူးလင့်အရည်လည်ပတ်တဲ့ အနေအထား၊ ရေလည်အုံ၊ ပန်ကာနဲ့ သာမိုစတက်စတာတွေ ကောင်းမွန်မှုရှိမရှိ စစ်ဆေးရပါမယ်။ အင်ဂျင်ဝိုင်ရှိမရှိ စစ်ဆေးပြီး သက်တမ်းလွန်နေရင် အသစ်လဲလှယ်ပေးရပါမယ်။

၃။ စတီယာရင်ပြဿနာ
၁၉၉၅ မော်ဒယ် ကယ်လ်ဒီးနားမှာ loose steering wheel ဖြစ် တာပါ။ ဂီယာနံပါတ် တစ်ကနေနှစ်ကို ပောင်းပြီးတဲ့အခါ စတီယာရင် လုစ်(loose)ဖြစ်ပြီး ချိန်ညှိလို့မရနိုင်တာပါ။ အဲဒါက မြန်နှုန်း မြင့်မောင်းနှင်တဲ့အချိန်တွေမှာ အလွန်အန္တရာယ်များတာဖြစ်လို့ အထူးဂရုစိုက်ပြုပြင်သင့်ပါတယ်။

၄။  အေဘီအက်စ်မီးလင်းတာ
၁၉၉၈ မော်ဒယ် ကယ်လ်ဒီးနားရဲ့ ဒက်ရှ်ဘုတ်မှာ ABS မီးလင်းနေ တာပါ။ ABS စနစ်မပါဘဲ ကောင်းမွန်စွာမာင်းနှင်နိုင်တဲ့အတွက် အချိန်ယူပြီး ဖြေရှင်းနိုင်ပါတယ်။
အေဘီအက်စ်စနစ်အတွင်း လျှပ်စစ်ဝါယာကြိုးပြတ်တောက်တာ၊ ကနု knock sen-sor, wheels sensors နဲ့ speed sensors တွေ ချို့ယွင်းတာဖြစ်နိုင်ပါတယ်။ အဲဒါတွေကောင်းမွန်နေရင်တော့ diagnosis machine OBD2 နဲ့ ကွန်ပျူတာထိုးစစ်ရမှာ ဖြစ်တယ်။

၅။ ဒက်ရှ်ဘုတ်အသံမြည်တာ
၂၀ဝ၄ မော်ဒယ် ကယ်လ်ဒီးနား ZT ရဲ့ ဒက်ရှ်ဘုတ်အတွင်းဘက်က အသံမြည်လာတတ်တာပါ။ အဲဒါဟာ ကလစ်သံ (click) ဖြစ်တယ်။ အင်ဂျင်ပူနွေးလာလေ အသံပိုမြည်လာလေဖြစ်တယ်။ ကျယ်လောင် တာမျိုးမဟုတ်ပေမဲ့ ဂရုစိုက်နားထောင်ရင်သိသိသာသာကြားနိုင်ပါ တယ်။ အင်ဂျင်ဝိုင်နဲ့ ဆီစစ်(filter)တွေလဲလှယ်ဖို့ လိုအပ်တာပါ။


၆။ အင်ဂျင်ချက်မီးလင်းတာ
၂၀ဝ၀ မော်ဒယ် ကယ်လ်ဒီးနားရဲ့ဒက်ရှ်ဘုတ်မှာ အင်ဂျင်ချက် မီးလင်းနေပြီး မောင်းနှင်တဲ့အခါမှာ O/D Light က ဖွင့်လိုက်ပိတ် လိုက်ဖြစ်နေတာပါ။ အင်ဂျင်အဆွဲအရုန်းက မမှန်တဲ့အတွက်သက် သောင့်သက်သာမောင်းနှင်လို့မရအောင်ဖြစ်လာတတ်ပါတယ်။ Odometer clock က ချို့ယွင်းတာများပါတယ်။

၇။ ဘက်ဂီယာ ပြဿနာ
၁၉၉၉ မော်ဒယ် ဖိုးဝှီးဒရိုက် (four wheel drive) ကယ်လ်ဒီးနားမှာ ဖြစ်တဲ့ပြဿနာပါ။ ရှေ့ကို ဦးတည်ပြီးမောင်းနှင် နေတဲ့အခါ ဘာပြဿနာမှမရှိပေမဲ့ ဘက်ဂီယာထိုးပြီးနောက်ဆုတ် တဲ့အခါ ခေါက်သံ (knock)ထွက်လာပြီး ကားဘီးတွေတုန်ခါလာ တတ်တာပါ။

၈။ တုံ့ပြန်မှုနှေးကွေးတာ
၂၀ဝ၁ မော်ဒယ်ကယ်လ်ဒီးနားကိုစက်နှိုးတဲ့အခါ ဘာပြဿနာမှမရှိဘဲ အင်ဂျင်လည်ပတ်ပါတယ်။ ဒါပေမဲ့လီဗာနင်းပြီး အရှိန်မြှင့်တင်တဲ့အခါ ချက်ချင်းတုံ့ပြန်မှုမရှိတာပါ။ အနည်းငယ်စောင့်ပြီးမှ အရှိန်ကမြင့် တက်လာပါတယ်။ နောက်တစ်ချက်ကတစ်နာရီ ၅၀ ကီလိုမီတာနှုန်း န်းနဲ့ မောင်းနှင်နေရာက ရုတ်တရက် တစ်နာရီ ၂၀ ကီလိုမီ တာနှုန်းအထိ ကျဆင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ အင်ဂျင်ကို စောင့်ကြည့်တဲ့ အာရုံခံကိရိယာတွေကို စစ်ဆေးသင့်ပါတယ်။ အများဆုံးဖြစ်နိုင်တာက (knock sensor)လို အာရုံခံကိရိယာ ချို့ယွင်းတာပါ။

၉။ အင်ဂျင်ပူအဲကွန်းအလုပ်မလုပ်
၁၉၉၄ မော်ဒယ်ကယ်လ်ဒီးနားကို ၆၈ ကီလိုမီတာနှုန်းအထက် မောင်းနှင်တဲ့အခါ အင်ဂျင်ပူလာပြီး အဲကွန်းက အလုပ်မလုပ်တော့ပါ။ အဲသည် မော်ဒယ်တွေကတော့ သက်တမ်းလွန်နေတာဖြစ်တတ် ပါတယ်။ အပြင်ကိုထွက်ရမယ့် အပူရှိန်က အိတ်ဇောပိတ်ဆို့ တာကြောင့် အပူရှိန်နောက်ပြန်ပြီး အင်ဂျင်ပူလာတာဖြစ်နိုင်ပါတယ်။ အိတ်ဇောစနစ်ကို သန့်ရှင်းပေးရပါမယ်။ ရေဒီယေတာအတွင်းမှာ ရေနည်းတာ၊ ရေလုံးမရှိတာ၊ ပန်ကာကြိုး ချာင်နေတာ ပြတ်နေတာ၊ ရေပန့်က ရေယိုတာစတဲ့အခြေအနေ တွေကြောင့်လည်း အင်ဂျင်ပူလာတတ်ပါတယ်။

သာမိုစတက် (thermostat) ချို့ယွင်းရင် ရေအေးလှည့်ပတ်တာကို ရပ်တန့်စေတာကြောင့် အင်ဂျင်ပူလာတတ်ပါတယ်။ ပန်နဲ့ သာမို စတက်ပြုပြင်တာ ရေအေးလှည့်ပတ်တဲ့ လမ်းကြောင်းတွေကို သန့်ရှင်းပေးတာတွေပြုလုပ်ရမှာဖြစ်ပါတယ်။  နောက်ထပ်ဖြစ်နိုင်တာကတော့ အင်ဂျင်ပြုပြင်ပြီးတဲ့အခါအသုံးပြုတဲ့ အင်ဂျင်ဝိုင်အရည်အသွေးမပြည့်မီတာ၊ စက်ကိုပြန်လည်တပ်ဆင် တဲ့နေရာမှာ မကျွမ်းကျင်တဲ့ စက်ဆရာကြောင့် အစိတ်အပိုင်းတွေ ကျပ်လွန်းတာ၊ အထိုင်မကျတာ၊ တပ်ဆင်ပုံမှားယွင်းတာတွေကြောင့် အင်ဂျင်လုပ်ဆောင်ပုံမှားယွင်းပြီး အပူလွန်ကဲတတ်ပါတယ်။ အင်ဂျင်အပူလွန်ကဲတာ မဖြစ်တဲ့အခါ အဲကွန်းက ပုံမှန်အလုပ်လုပ်ပါတယ်။

 

Read 1898 times