Toyota Corolla Cross မော်ဒယ်အသစ် crash-test ခံယူ


အာဆီယံနိုင်ငံတွေအကြား သဘောတူညီချက်တစ်ခုက ကားမော်ဒယ် အသစ်တစ်ခု ထုတ်တိုင်း ကြံ့ခိုင်ရေးကို စစ်ဆေးတဲ့ New Car Assessment Program for Southeast Asian Countries (ASEAN NCAP) ဖြင့် အစစ်ဆေး ခံရတာ ဖြစ်ပါတယ်။

Toyota Corolla Cross မော်ဒယ်အသစ်ကို အာဆီယံဈေးကွက်မှာ ရောင်းချဖို့ အတွက် ယာဉ်တိုက်မှု ဖြစ်ပွားတဲ့အခါ ကားပေါ်ပါတဲ့သူတွေ ဘေးကင်းဖို့ အစီအမံကို ASEAN NCAP စံနှုန်းအရ crash-test ခံယူခဲ့တာမှာ အမှတ်ပြည့် ကြယ်ငါးပွင့် ရရှိခဲ့ပါတယ်။

 

Toyota Corolla Cross မော်ဒယ်အသစ်ကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွာ ဘေးကင်းရေးအစီအမံတွေမှာ လေအိတ် ၇ လုံး ပါတယ်။

 

ကားတည်ငြိမ်မှုကို အီလက်ထရွန်းနစ် နည်းလမ်းဖြင့် ထိန်းကျောင်းပေးတာ ပါတယ်။ ယာဉ်မောင်း ထောက်ကူ စနစ်တွေလည်း ပါတယ်။

 

Corolla Cross ကို ASEAN NCAP စစ်ဆေးမှုတစ်ခု ဖြစ်တဲ့ crash-test ဗီဒီယို အနှေးပြကွက်ကို တင်ပြအပ်ပါတယ်။

Read 2086 times