TOYOTA COROLLA FIELDER (2000-PRESENT)


TOYOTA ကနေ ထုတ်လုပ်ပေးနေတဲ့ COROLLA FIELDER ဆိုတာ မြန်မာပြည်မှာ PROBOX ပြီးရင် လူကြိုက်အများဆုံး ကားအမှတ်တံဆိပ်ပါ။

COROLLA မျိုူးဆက် ဖြစ်တဲ့အတွက်လဲ လက်ခံပေးသူတွေများပြီး သုံးတဲ့သူတွေ စိတ်ကြိုက် သုံးနေကြတဲ့ ဘက်စုံသုံးကားတစ်စီးဖြစ်နေတာပါ။ FIELDER ကို ၂၀၀၀ ခုနှစ် သြဂုတ်လ မှာဂျပန်နိုင်ငံမှာ ထုတ်လုပ်ရောင်းချခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဒုတိယမျိုးဆက်ကို ထုတ်လုပ်ပေးခဲ့ပါတယ်.။

ဝယ်ယူအားပေးမူတွေနဲ့အတူ ပုံစံပြောင်းလဲခဲ့တဲ့အပြင် COROLLA AXIO ဆိုတဲ့ STATION WAGON ကနေ SEDAN အမျိုးအစားကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ AXIO နဲ့ FIELDER က ချက်စီ အထိုင်က အစ တူတူပါပဲ ရှေ့ပုံစံတူသလို အနောက်ပိုင်းသာကွဲပြားသွားတာပါ။ အတွင်းခန်းတွေကအစ တူညီအောင် ထည့်သွင်းပေးထားပါတယ်။ ၂၀၀၆ ကနေ ထပ်မံပြီး ၂၀၁၂ ခုနှစ်ထိ ဒုတိယမျိုးဆက်ကိုထုတ်လုပ်ခဲ့ပြီး ယခုတတိယမျိုးဆက်ကိုတော့ ၂၀၁၂ ခုနှစ် မေ လမှာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင်းမှာသာ ရောင်းချခဲ့ပြီး ဂျပန်ပြင်ပမှာတော့ COROLLA နာမည်တွေကိုသာ အသုံးပြုပြီး SEDAN အမျိုးအစားတွေကိုသာ ထုတ်လုပ်ရောင်းချနေတာပါ။

FIELDER ကားအမျိုးအစားကားတွေက ဂျပန်မှာလဲ သုံးစွဲသူတော်တော်များများရထားပါတယ်။ ဒီကနေ့တိုင်ထုတ်လုပ်မူမရပ်သေးပဲ ထုတ်လုပ်နေဆဲ အမှတ်တံဆိပ်ဖြစ်ပြီး လူကြိုက်များတဲ့ကားအမျိုုးအစားလဲ ဖြစ်ပါတယ်။ FIELDER ကို ၂၀၀၆ ကနေ စတင် ပုံစံပြောင်းလဲ ပြီး အောက်တိုဘာလမှာမှ ပြောင်းလဲ ခဲ့တာပါ။တင်သွင်းမူ မူဝါဒ အရ ၂၀၀၆ ကနေ ပြီးရှင်းပြပေးသွားမှာပါ။၂၀၀၆ခုနှစ် အောက်တိုဘာလမှာထုတ်တဲ့ FIELDER တွေက ၂၀၀၉ ခုနှစ် ထိ ဘာမှ မပြောင်းလဲပဲ ၂၀၀၉ နောက်ပိုင်းမှာ မီးခွက်ပိုင်း ရှယ်လ် နဲ့ အတွင်းခန်း ပုံစံ အနည်းငယ်သာပြောင်းလဲ ထုတ်လုပ်ပေးပြီးတော့မှ ၂၀၁၂ ရောက်မှ ချက်စီက အစ ပုံစံကို ပြောင်းလဲ ထုတ်လုပ်ခဲ့တာပါ။ အရင် ရေးသားပေးခဲ့တဲ့ ပုံစံအတိုင်း ၂၀၀၆ ခုနှစ် ကားတွေကတော့ ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်ရပြီး တော့ ၂၀၁၁ ခုနှစ်ကနေတင်သွင်းမယ်ဆိုရင် တော့ ဝင်ငွေခွန်သာပါဝင်ပြီး FREE PERMIT နဲ့ တင်သွင်းလို့ရမှာပါ။၂၀၀၆ ခုနှစ်မှာ FIELDER အပြင် AXIO ကိုပါထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အတွင်းခန်း အနည်းငယ်ပြောင်းလဲ ရုံကလွဲပြီး အားလုံးတူတူပါပဲ။

COROLLA FIELDER ကို ဂရိတ်တွေအနေနဲ့

15X, 15X TOURER, 15X HID, 15X-G EDITION , 18S, 18S TOURER ဆိုပြီး ထုတ်လုပ်ပေးထားပါတယ်။ 15X ကတော့ ပုံမှန်သာမာန် ဂရိတ်ဖြစ်ပြီးတော့ AIRCON ဂျောက်ဂျက် ခလုတ်တွေနဲ့ တပ်ဆင်ပေးထားပါတယ်။ အတွင်းခန်းကိုတော့ ရှန်မွိုင်းသားအမည်းရောင်နဲ့ ထည့်သွင်းပေးထားပြီးတော့ KEY REMOTE ကိုတော့တပ်ဆင်ပေးထားပါတယ်။ 15X HID ကိုတော့၂၀၀၉ နောက်ပိုင်းမှာသာမြင်ရမှာပါ။ ဒီဂရိတ်က XG EDITON နဲ့ သိပ်မကွာပဲ အတွင်းခန်းကို DIGITAL AIRCON တပ်ဆင်ပေးထားပါတယ်။ ရှေ့မီးကြီးတွေကို HID မီးတွေတပ်ဆင်ပေးထားတာပါ။ 15X TOURER ကတော့ရှေ့ ရွံ့ကာတွေနဲ့ စကပ်တွေတပ်ဆင်ပေးထားပြီးတော့15X နဲ့ တော့အ များကြီးမကွာပဲအပြင်ပန်းကိုသာ ပြောင်းလဲပေးထားတာပါ။

15X-G EDITON ကတော့ ဂရိတ်အပြည့်လို့ပြေလို့ရပြီး အတွင်းခန်း ထိုင်ခုံကိုလဲ ပြောင်းလဲပေးပေးထားပါတယ်။ မိုးကားသားပုံစံ ထိုင်ခုံနဲ့ပါ။SMART KEY PUSH START တွေကတော့ OPTIONAL ဖြစ်ပေမယ့် XG EDITION မှာသာ ဒီစနစ်ကိုတွေ့နိုင်မှာပါ။ တံခါးအားလုံးကို ALL AUTO POWER WINDOW စနစ်တွေတပ်ဆင်ပေးထားပါတယ်။ 15XG EIDTION အပြင် X202 ဆိုတာကိုလဲ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာထုတ်လုပ်ပေးထားပါသေးတယ်။ အနက်ရောင် တစ်မျိုးတည်းလာပြီးတော့ 202 ကာလာ ကုတ်ကိုသုံးပေးထားတာပါ။ ဂရိတ် အမြင့်ဆုံးလို့ဆိုလို့ရပြီး ၁၆လက်မအလွိုင်းတွေကိုလဲ တပ်ဆင်ပေးထားပါတယ်။ ရှေ့ရှယ်လ်ကတော့ ၂၀၀၆ ကထုတ်လုပ်တဲ့ ရှယ်လ်ပုံစံနဲ့ အတွင်းခန်းကို LEATHER SEAT ကို OPTIONAL အနေနဲ့ ရွေးချယ်နိုင်တဲ့ ဂရိတ်တစ်မျိုးလို့်လဲပြောလို့ရပါတယ်။ သတိထားရမှာက XG EDITON , X202 ဖြစ်တိုင်း SMART KEY PUSH START စနစ်မပါဝင်ဘူးဆိုတာပါပဲ။

18S မှာတော့ ဂရိတ်ကပြောစရာမလိုတော့ပါဘူး။ အင်ဂျင် ၁၈၀၀စီစီ နဲ့ ထုတ်လုပ်ပေးထားတဲ့အပြင် ၂၀၀၆ ခုနှစ်မှာထုတ်လုပ်တဲ့ အင်ဂျင်နဲ့ ၂၀၁၀ နောက်ပိုင်းအင်ဂျင်တွေက ပြောင်းလဲနေတာကိုလဲ တွေ့ရမှာပါ။အတွင်းခန်း DIGITAL AIRCON SMART KEY SYSTEM, ထိုင်ခုံ ပုံစံ တွေက ပြောင်းလဲ သွားပြီး SEMI AUTO GEAR SYSTEM ကိုလဲ တွေ့နိုင်မှာပါ။ 1 8S TOURER ကတော့ SPORT SEAT နဲ့ REAR SPOILER တွေတပ်ဆင်ပေးထားပါတယ်။ နောက်ပြီးအပြင်ပိုင်းကတော့ အလွိုင်း တွေကိုလဲ ၁၆ လက်မ SPORTS အလွိုင်းတွေတပ်ဆင်ပေးထားပါတယ်။ STEERING VOLUME CONTROL SYSTEM ကိုတော့ TOYOTA ကထုတ်တဲ့ ORIGINAL အမြုပ်တီဗွီ ပါဝင်မှသာ တွဲပြီးပါဝင်လာမှာပါ။

FIELDER အင်ဂျင်တွေကို ၁၅၀၀စီစီ နဲ့ ၁၈၀၀စီစီ ဆိုပြီး ၂မျိုး ထုတ်လုပ်ခဲ့ပြီးတော့ ၁၅၀၀စီစီ အင်ဂျင်နဲ့က ယနေ့တိုင်မပြောင်းလဲ ပဲ 1NZ-FE နဲ့ သာထုတ်လုပ်ပေးထားပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ယနေ့ထိတိုင်ထုတ်လုပ်ဆဲ မော်ဒယ်ထိပါ။ မြင်းကောင်ရေကို တော့ 110PS ထိထုတ်လုပ်ပေးနိုင်ပြီး MANUAL GEAR, CVT GEAR စနစ် နှစ်မျိုးကို ရွေးချယ်နိုင်ပါသေးတယ်။ ၁၈၀၀စီစီ ဖြစ်တဲ့ FIELDERကိုတော့ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ ကို DOHC 4 CYLINDER VVTI 2ZR-FE အင်ဏဂျင်ကိုသုံးပေးထားပြီး မြင်းကောင်ရေ 125PS သာထွက်ရှိပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ DOHC 4 CYLINDER VALUE MATIC 2ZR-FAE အင်ဂျင်တွေကို ပြောင်းလဲ အသုံးပြုပေးထားပါတယ်။ မြင်းကောင်ရေကလဲ 140PS ထိထွက်သလို ဆီစားနှုန်း က 2ZR-FE အင်ဂျင်ထက် ပိုသက်သာပါသေးတယ်။ 2ZR-FAE VALUE MATIC ကို PREMIO, ALLION,WISH စတဲ့ ၂၀၁၀ နောက်ပိုင်းကားတွေအများအပြားမှာ အသုံးပြုပေးထားပါတယ်။

၂၀၁၃ သြဂုတ်လမှာတော့ တလီတာကို ၃၃ကီလိုမီတာ နှုန်းမောင်းနှင်နိုင်မယ့် HYBRID အင်ဂျင်နဲ့ FIELDER ကိုမိတ်ဆက်ပေးလိုက်ပါသေးတယ်။ 1NX-FXE အင်ဂျင်ကနေ မြင်းကောင်ရေ 74PS ထုတ်လွတ်ပြီး PRIUS ရဲ့ အင်ဂျင်ဆိုဒ်ထက်သေးပြီးတော့ ကီလိုမီတာ ၁၀၀၀ကျော်ကို ဆီတိုင်ကီ အပြည့် နဲ့ မောင်းနှင်နိုင်မှာပါ.။ ရိုးရိုးအင်ဂျင်တွေရဲ့ ဆီတိုင်ကီကတော့ ၂၀၁၂ ခုနှစ်ထိ ကို လီတာ ၅၀ ဆံ တိုင်ကီပါဝင်ပေမယ့် ၂၀၁၂ ပုံပြောင်းမှာတော့ ၄၂ လီတာ သာဝင်ဆံနိုင်တော့ မှာပါ။ ဂရိတ် အားလုံးကို 2WD , 4WD ရွေးချယ်နိုင်ပါသေးတယ် ။

၂၀၀၆ ကနေ ၂၀၁၂ ထိကို ချက်စီ NZE-141 , NZE-144, ZRE-142, ZRE-144

၂၀၁၂ ကနေ လက်ရှိထိကို ချက်စီ NZE-161, NZE164, ZRE162

၂၀၁၃ နောက်ပိုင်း HYBRID ချက်စီ NKE165 နဲ့ ထွက်ရှိမှာပါ။

141, 142 ကတော့ 2WD စနစ်ဖြစ်ပြီးတော့ 144 ကတော့ 4WD စနစ်နဲ့ ဖြစ်ပါတယ် ၂၀၁၂ နောက်ပိုင်း ၁၈၀၀စီစီ တွေကိုတော့ 2WD တစ်မျိုးတည်းသာရွေးချယ်နိုင်တော့မှာပါ။ 4WD နဲ့ ဆက်လက်မထုတ်လုပ်တော့ပါဘူး။ဆီစားနှုန်းအနေနဲ့က ၁၅၀၀စီစီ အင်ဂျင်နဲ့က ပျှမ်းမှ ၁လီတာကို 15KM/L ကနေ20KM/L မောင်းနှင်နိုင်ပြီးတော့ ၁၈၀၀စီစီ နဲ့ ကတော့ 14.4KM/L ကနေ 16.6KM/L ထိမောင်းနှင်နိုင်ပါတယ်။ HYBRID နဲ့ကတော့ ၁လီတာကို 33KM/L ထိမောင်းနှင်နိုင်လို့ ၁ဂါလံကို ကီလို ၁၀၀ ကျော်မောင်းနှင်နိုင်မှာပါ။

Credit;မောင်သန့်ဇင် (JOCA)

Read 2256 times