Toyota Crown အမေရိကန်ဈေးကွက်မှာ စီးရေအသင်အတင့်သာ ရောင်းချရန် လျာထား


Toyota Crown အမေရိကန်ဈေးကွက်မှာ စီးရေအသင်အတင့်သာ ရောင်းချရန် လျာထား

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Toyota အမှုဆောင်အရာရှိများက  2023 Toyota Crown ဆီဒင်ကို အမေရိကန်ရှိ အရောင်းကိုယ်စားလှယ်များထံ ၂၀၂၂ နိုဝင်ဘာလတွင် ရောက်ရှိမယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။
2023 Toyota Crown က Avalon ကို နေရာဝင်ယူမှာ ဖြစ်ပါတယ်။ 

 Crown မျိုးဆက် ၁၅ ခုမြောက်မှာ အမေရိကန်ဈေးကွက်ထဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။

Crown မျိုးဆက်က ဂျပန်ပြည်တွင်းဈေးကွက်ထဲမှာသာ ရှင်သန်ခဲ့ပါတယ်။

Toyota Crown ကို အမေရိကန်ဈေးကွက်တွင် တစ်နှစ်လျှင်  အစီးရေ ၂ သောင်းခန့်သာ ရောင်းချရန် မျှော်လင့်ထားကြောင်း Toyota မှ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဈေးကွက်တွင် Toyota Camry ရောင်းအားက စက်တင်ဘာလ တစ်လတည်းမှာတင် စီးရေ ၂၇,၈၉၅ ရှိပါတယ်။
ယှဉ်ကြည့်လိုက်ရင် Toyota Crown ရောင်းအား လျာထားချက်က အတော်နည်းနေပါတယ်။ 

ဆီဒင်ဆိုပေမဲ့ ၄ ဘီးယက်ဖြစ်ပြီး ဗိုက်မြှင့်ပေးထားတဲ့ 2023 Toyota Crown ကို ၃ မျိုးခွဲခြားထားပါတယ်။

ဈေးအနည်းဆုံး XLE အခြေခံဈေးနှုန်း $41,045 ဖြစ်ပြီး ဈေးအလယ်အလတ်တန်း ဈေးနှုန်း Limited အခြေခံဈေးနှုန်း  $46,595 ဖြစ်ပါတယ်။

ဈေးအမြင့်ဆုံး Platinum အခြေခံဈေးနှုန်း $53,445 ဖြစ်ပါတယ်။

ဟိုက်ဘရစ် အမျိုးအစားဖြစ်ပြီး သာမန်က ဆီစားနှုန်းက 41 mpg ဖြစ်ပြီး အရည်အသွေးမြင့် အမျိုးအစားက 30 mpg ဖြစ်ပါတယ်။
ဆလက်ဒါ၄လုံး 2.5-liter အင်ဂျင် သုံးစွဲထားပါတယ်။ အော်တိုဂီယာ ၆ ချက် ဖြစ်ပါတယ်။ 
Source autonews

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

 

Read 1206 times