Toyota ကနေ Luxury Sedan ကားအဖြစ်နဲ့ Crown ကို ၁၉၉၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Toyota Crown က ကမ္ဘာကျော်ကား အမျိုးအစားထဲမှာ ပါဝင်ပြီး ဂျပန်ကားဈေးကွက်မှာ Nissan Cedric ၊ Nissan Gloria ၊ Nissan Fuga ၊ Honda Legend ၊ Mazda Luce ၊ Isuzu Bellett ၊ Mitsubishi Debonair တို့က သူရဲ့ ပြိုင်ဘက်ဟောင်းတွေ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Toyota Crown က ဒီကားတွေထက် အောင်မြင်မှုပိုရပြီး ကမ္ဘာကျော် Luxury ကားတွေထဲမှာ ပါဝင်နေပါတယ်။ ၁၉၉၅ မိုဒယ်ကတည်းက ထုန်လုပ်ခဲ့တာဖြစ်လို့ အခုလိုဆိုရင် မျိုးဆက် ၁၅ ခုထိရှိပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခေတ်သစ်ကား ပေါ်လစီမှာ ၂ဝဝ၄ မိုဒယ်အထက် ကားတွေကို တင်သွင်းတာများပါတယ်။
အင်ဂျင် အမျိုးအစား
Crown မှာ Royal Saloon နဲ့ Athlete တို့ရှိပြီး အင်ဂျင်ပါဝါ သုံးမျိုးရှိတဲ့ အထဲက ၂၅ဝဝ စီစီ နဲ့ ၃ဝဝဝ စီစီကို အဓိက တင်သွင်းခဲ့ကြပါတယ်။ ၂၅ဝဝ စီစီမှာ ဂီယာ ငါးချက်ဖြစ်ပြီး Auto / Manual Mode မပါ ပါဘူး။ ၃ဝဝဝ စီစီ ဖြစ်မှသာ ဂီယာ ခြောက်ချက်ပါသွားသလို Auto / Manual Mode လည်း ပါသွားပါတယ်။
အပြင်ပိုင်း နှင့် အတွင်းခန်း အပြင်အဆင်
တင်သွင်းမှုများခဲ့တဲ့ ၂ဝဝ၃ မိုဒယ်ကနေ ၂ဝဝ၈ မိုဒယ်က 12th Generation ဖြစ်ပါတယ်။ Crown မှာ Royal Saloon က ခံ့ညားတဲ့ အသွင်အပြင်ရှိပြီး Athlete ကတော့ လူငယ်ကြိုက် Sporty ဆန်းပါတယ်။ Royal Saloon မှာ ရှေ့ရှဲလ်နဲ့ နောက်မီးခွက်က ကန့်လန့်တန်း ပုံစံဖြစ်ပြီး Athlete ကတော့ ရှေ့ရှဲလ် ဆန်ခါခွက် နဲ့ နောက်မီးခွက်အဝိုင်း ဖြစ်သွားပါတယ်။ Royal Saloon ရဲ့ အလွိုင်းက ၁၆ လက်မဖြစ်ပြီး G Grade ဖြစ်ရင် Airbag ၁၁ လုံးအထိ ပါဝင်ပါတယ်။ ၂ဝဝ၅ မိုဒယ် နဲ့ နောက်ပိုင်းမှ ရှေ့ရှဲလ်ပိုစိပ်သွားသလို နောက်မီးခွက်ကလည်း LED ဖြစ်သွားပါတယ်။ နောက်ပြီး G Grade မှာ Smart Key ၊ Steering Motor ၊ Cloo Boox ၊ Dual Aircon ၊ Rear Curtain Motor စတာတွေ ပါသွားပါတယ်။
ဈေးနှုန်း
Toyota Crown ၂ဝဝ၄ ၊ ၂ဝဝ၅ မိုဒယ် (3000 CC) နံပါတ်နိမ့်ကားတွေက ကားအခြေအနေ နဲ့ ဂဂိတ်အပေါ်မူတည်ပြီး ကျပ်သိန်း သုံးရာ နဲ့ ၃၅ဝ ကြားမှာ ရှိပါတယ်။ ၂၅ဝဝ စီစီကတော့ ဈေးတန်းအနည်းငယ် နိမ့်ပါတယ်။ ၂ဝဝ၈ ၊ ၂ဝဝ၉ မိုဒယ် နဲ့ အထက် အမြင့်ကားတွေကတော့ ကျပ်သိန်းရှစ်ရာ အထက်မှာ ရှိပါတယ်။
Source: Automobile Journal