Toyota Crown ကို SUV မော်ဒယ် ထုတ်လုပ်မည်
Toyota Motor Corp က သက်တမ်း ၆၇ ရှိပြီဖြစ်တဲ့ Crown ဆီဒင်ကို SUV (sport utility vehicle) မော်ဒယ်ဖြင့်လည်း ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဂျပန်၊ တရုတ်နှင့် မြောက်အမေရိက ဈေးကွက်များမှာ ရောင်းချပါမယ်။
SUV မော်ဒယ်ကို hybrid နှင့် plug-in hybrid တို့အပြင် အပြည့်အဝ လျှပ်စစ်ကားကိုလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။
သက်တမ်း ၆၇ နှစ်ရှိပြီဖြစ်တဲ့ Crown ကို ခေတ်ရေစီးကြောင်းနှင်အညီ ထုတ်လုပ်လာခဲ့ရာ ယခုအခါ SUV ခေတ် ဖြစ်နေတဲ့အတွက် SUV မော်ဒယ်ကိုပါ ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားတာ ဖြစ်ပါတယ်။
hybrid ကို ၂၀၂၃ နွေရာသီမှာ စတင်ရောင်းချဖို့ မျှော်မှန်းထားပါတယ်။ ဂျပန်နိုင်ငံမှာ ထုတ်လုပ်ပြီး တရုတ်နှင့် မြောက်အမေရိက ဈေးကွက်များသို့ တင်ပို့မှာ ဖြစ်ပါတယ်။
plug-in hybrid ကိုတော့ ဂျပန်ပြည်တွင်းဈေးကွက်အတွက်သာ ရည်ရွယ်ထားပါတယ်။
အပြည့်အဝ လျှပ်စစ်ကားကို ၂၀၂၄ မှာ စတင်ရောင်းချဖို့ မျှော်မှန်းထားပါတယ်။ လောလောဆယ် ပြည်ပတင်ပို့ဖို့ အစီအစဉ် ရေးဆွဲနေဆဲ ဖြစ်ပါတယ်။
Crown ကို SUV အပြင် ယခင်အတိုင်း ဆီဒင် မော်ဒယ်ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး ဒီဇိုင်းအသစ် ပြန်ထုတ်မယ်လို့ ဆိုပါတယ်။
SUV နှင့် ဆီဒင် နှစ်မျိုးစလုံးကို ဂျပန်နိုင်ငံ Toyota City မှာ တည်ရှိတဲ့ စက်ရုံများမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။