Toyota အောက်တိုဘာ ထုတ်လုပ်မှု လျာထားချက် ကျော်လွန်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota Motor Corp က အင်္ဂါနေ့ (နိုဝင်ဘာ ၂၉) တွင် အောက်တိုဘာလ ကမ္ဘာ့တစ်လွှား ထုတ်လုပ်မှု ၂၃% မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ချစ်ပ် ပြတ်လပ်မှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပေမဲ့ လျာထားချက် ကျော်လွန်တာ ၃ လဆက်တိုက် ရှိပြီလို့ ဆိုပါတယ်။
Toyota Motor က အောက်တိုဘာလတွင် တစ်ကမ္ဘာလုံး၌ ကားအစီးရေ ၇၇၁,၃၈၂ စီး ထုတ်လုပ်ခဲ့ပါတယ်။ လျှော့ချသတ်မှတ်ထားတဲ့ လျာထားချက် ၇၅၀,၀၀၀ ကို ကျော်လွန်ခဲ့ပါတယ်။ ယမန်နှစ် အောက်တိုဘာလထက် ၂၃% ပိုများပါတယ်။ ဒါပေမဲ့ ယခုနှစ် စက်တင်ဘာလမှာ စီးရေ ၈၈၇,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့တာကိုတော့ မမီပါဘူး။ တရုတ်ပြည်လော့ဒေါင်းချနေတာတွေကြောင့် ပစ္စည်းမရတဲ့ ပြဿနာ ခေါင်းခဲနေဆဲ ဖြစ်ပါတယ်။
Covid-19 လော့ဒေါင်းများကြောင့် တရုတ်နိုင်ငံတွင် လုပ်ငန်းဆောင်ရွက်မှုအချို့ကို ပြန်လည်ချိန်ညှိ ပြောင်းလဲထားကြောင်း ကုမ္ပဏီက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။
Toyota က ယခုလအစောပိုင်းတွင် တိုးမြင့်လာသော ပစ္စည်းကုန်ကျစရိတ်များနှင့် အမြဲတစေ ချစ်ပ်ပြတ်လပ်နေခြင်းကို ရင်ဆိုင်နေရသောကြောင့် တစ်နှစ်တာ လျာထားချက်ကို လျှော့ချသတ်မှတ်ခဲ့ပါတယ်။
တိုယိုတာသည် ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ပြီးဆုံးမယ့် ယခုဘဏ္ဍာရေးနှစ်မှာ ကားအစီးရေ ၉.၂ သန်း ထုတ်လုပ်ရန် မျှော်မှန်းထားပါတယ်။ ယခင်က ၉.၇ သန်း လျာထားချက်ကို လျှော့ချထားတာဖြစ်ပေမဲ့ ယမန်နှစ် ထုတ်လုပ်စီးရေ ၈.၆ သန်းထက် ပိုများပါတယ်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U