Toyota နိုဝင်ဘာ ထုတ်လုပ်မှု စီးရေ ၈.၃သိန်းကျော်ဖြင့် စံချိန်တင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota Motor Corp ၏ ၂၀၂၂ နိုဝင်ဘာလတွင် ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်ထုတ်လုပ်မှုသည် စီးရေ ၈၃၃,၁၀၄ အထိ စံချိန်တင် ၁.၅% မြင့်တက်ခဲ့ပါသည်ဟ တနင်္လာနေ့ (ဒီဇင်ဘာ ၂၆) တွင် ထုတ်ပြန်ကြေညာပါသည်။
ဂျပန်ပြည်တွင်း ထုတ်လုပ်မှုမှာ စီးရေ ၂၆၆,၁၇၄ ထုတ်လုပ်ခဲ့ပြီး ၃.၃% လျော့ကျခဲ့ပါသည်။ နိုင်ငံရပ်ခြား ထုတ်လုပ်မှုသည် ၃.၈% တိုးပြီး စီးရေ ၅၆၆,၉၃၀ ထုတ်လုပ်နိုင်ခဲ့ပါသည်။
ဝယ်လိုအား တက်သန်ခြင်းကြောင့် ကမ္ဘာ့ရောင်းအားနှင့် ထုတ်လုပ်မှုတို့တွင် ယခုနှစ် နိုဝင်ဘာလမှာ ယမန်နှစ် နိုဝင်ဘာလထက် သာလွန်ခဲ့ပါသည်။ အထူးသဖြင့် မြောက်အမေရိကဈေးကွက်တွင် ရောင်းအား မြင့်တက်ခဲ့ပါသည်။ ကိုဗစ်လော့ဒေါင်းများကြောင့် ထိခိုက်ခဲ့ရသောပစ္စည်းပေးသွင်းကွင်းဆက်လည်း ပြန်လည်ကောင်းမွန်လာနေသည်ဟု Toyota ၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။
ယခုလအစောပိုင်းတွင် Toyota က လာမည့် ၂၀၂၃ ဇန်နဝါရီလတွင် စီးရေ ၇ သိန်း ထုတ်လုပ်ရန် လျာထားကြောင်း၊ မတ်လကုန်တွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်တွင် စီးရေ ၉.၂ သန်း ထုတ်လုပ်ရန် လျှော့ချလျာထားကြောင်း ကြေညာခဲ့ပါသည်။ ယခင်လျာထားချက်မှာ စီးရေ ၉.၇ သန်း ဖြစ်ပါသည်။
ယမန်နှစ်က စီးရေ ၈.၆ သန်းခန့် ထုတ်လုပ်ခဲ့ပါသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U