ပါကစ္စတန်တွင် သွင်းကုန် LC မကျသဖြင့် Toyota ထုတ်လုပ်မှု ယာယီရပ်ဆိုင်း
ပါကစ္စတန်နိုင်ငံမှ Toyota Indus Motor Company (IMC) အတွက် အခက်အခဲများ အတောမသတ်နိုင်အောင် ဖြစ်နေသဖြင့် ကုမ္ပဏီသည် ထုတ်လုပ်မှုကို ထပ်မံရပ်ဆိုင်းထားဦးမည် ဖြစ်သည်။ မကြာသေးမီက အသိပေးချက်တွင် ကုမ္ပဏီသည် ၎င်း၏ တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၁၆ ရက်အထိ ရပ်ဆိုင်းထားမည် အသိပေးထားသည်။
ပါကစ္စတန် State Bank of Pakistan (SBP) ထံမှ CKD တင်သွင်းခွင့်ပြုချက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းအသစ်ကြောင့် ယာဉ်အစိတ်အပိုင်းများ တင်သွင်းရန် နှောင့်နှေးကြန့်ကြာနေသဖြင့် စက်ရုံကို အလုပ်ရပ်နားထားလိုက်ရခြင်း ဖြစ်သည်။ လုပ်ထုံးလုပ်နည်းအသစ်သည် knockdown kits များ တင်သွင်းဖို့ နှောင့်နှေးကြန့်ကြာစေသည့် အဟန့်အတားများ ထားရှိသဖြင့် စက်ရုံတွင် ပစ္စည်းလက်ကျန် မလုံလောက်တော့ဟု ကုမ္ပဏီက ပြောကြားသည်။
ပါကစ္စတန်အစိုးရက နိုင်ငံခြားငွေ သုံးစွဲမှုများကို ချုပ်ကိုင်ပြီး တင်းကျပ်ထားရာ၌ SBP ထံမှ အတည်ပြု ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ SBP က CKD (completely knocked down)တင်သွင်းရန် အတွက် LC (letter of credit) ဖွင့်ဖို့ အတည်ပြုချက်ပေးရန် နှောင့်နှေးကြန့်ကြာသည်။ Toyota IMC သာမက အခြားာကားထုတ်လုပ်သည့် လုပ်ငန်းများလည်း အလားတူ အခက်ကြုံနေကြသည်။
knock-down kit ပစ္စည်းတင်သွင်းနိုင်မှုအပေါ် မူတည်ပြီး မီးသင်ကြည့်ကကြရသဖြင့် မထုတ်လုပ်နေ့များ non-production days (NPDs) အခါအားလျော်စွာ သတ်မှတ်ပြီး စက်ရုံကို ယာယီပိတ်ထားကြရသည်။
Source propakistani
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U