မိသားစုများစုပြီး ခရီးဝေးသွားရန် အဆင်ပြေသကဲ့သို့ ကုမ္ပဏီကားအကြိုအပို့အနေဖြင့်လည်း အသုံးများပါသည်။
ထိုကားအမျိုးအစားတွင်ဖြစ်ပေါ်လေ့ရှိသော ပြဿနာ ငါးချက်ကို ဖော်ပြပေးလိုက်ပါသည်။
၁။ မီခိုးများထုတ်လွှတ်ခြင်း
တိုယိုတာ ဟိုက်အေ့စ်သည် တစ်ခါတစ်ရံတွင် မီးခိုးအဖြူ သို့မဟုတ် မီးခိုးအမည်းများ တော်တော်များများ ထုတ်လွှတ်တက်ပါသည်။
မီးခိုးအဖြူများ ထုတ်လွှတ်ပါက တာဘို (turbo) တွင် ပြဿနာရှိနေခြင်းဖြစ်ပါသည်။
လီဗာကို ဖိနင်းလိုက်ပါက အနက်ရောင် မီးခိုးများပါ အများကြီးထွက်လာပါမည်။
ယာဉ်သည် ပုံမှန်အလုပ်မလုပ်တော့ပါက တာဘိုကို စစ်ဆေးရမည်ဖြစ်ပါသည်။
ဖြစ်နိုင်ခြေများသည် အင်ဂျက်တာ (fuel injectors) များ ဟောင်းနွမ်းဆွေးမြေ့ပြီး ချို့ယွင်းနေခြင်းဖြစ်ပါသည်။
အင်ဂျင်ဂျက်တာများကို စစ်ဆေးပြီး ချု့ယွင်းချက်ရှိသော အင်ဂျက်တာများကို အသစ်လဲလှယ်ရပါမည်။
၂။ အသံမြည်လာခြင်း
တိုယိုတာ ဟိုက်အေ့စ်ကို ဖြည်းဖြည်းမောင်းနှင်ရာမှ တစ်နာရီ ၇၀ ကီလိုမီတာနှုန်းအထိ မြှင့်တင်မောင်းနှင်သည့်အခါ အသံမြည်လာပါသည်။
ထိုသို့ဖြစ်ခြင်းသည် ဂီယာစနစ်အတွင်းတွင်ရှိသော ဘီးနှင့် ဝင်ရိုးအကြားဆက်စပ်ထားသော ဘယ်ရင် (bearing) ချို့ယွင်းနေခြင်းဖြစ်ပါသည်။
ဘယ်ရင်ချို့ယွင်းခြင်းသည် အဆိုးဆုံးဖြစ်ပြီး ဂီယာစနစ်တစ်ခုလုံး အသုံးပြု၍ မရသည်အထိ ဖြစ်နိုင်ပါသည်။
မောင်းနှင်နေစဉ်တွင် ဘယ်ရင်အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပါက ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။
၃။ ကလပ်တုန်ခါခြင်း
အင်ဂျင်ပူနွေးနေသော အချိန် ပထမ ဂီယာအတွင်းတွင် ကလပ် (clutch) တုန်ခါလာပါက ထိုအရာသည် (clutch oiling up) သို့ အပေါ်တက်လာခြင်း ဖြစ်သည့်အတွက် မော်တာ (motor) လည်းပူနွေးလာပါသည်။
ထိုပြဿနာအတွက် အဖြေသုံးမျိုးရှိပါသည်။ ကလပ်ကို အသစ်လဲခြင်း၊ အရှိန်မြှင့်တင်ပြီး တက်လာသော ဆီများကို လောင်ကျွမ်းစေခြင်းနှင့် (slipping the clutch) ကလပ်ကို အသွင်းအထုတ်လှုပ်ရှားပေးခြင်းမျိုးဖြစ်ပါသည်။
ထို့အတွက် မော်တာကို ထိခိုက်မှာမစိုးရိမ်ရဘဲ အကောင်းဆုံးအဖြေမှာ ကလပ်ကို အသစ်လဲလှယ်လိုက်ခြင်းဖြစ်သောကြောင့် ကုန်ကျစရိတ်မှာ ရှိနိုင်ပါသည်။
၄။ အဲဘတ်များ မပွင့်ခြင်း
၁၉၉၉ မိုဒယ်များတွင် အဖြစ်များသောပြဿနာမှာ ပြင်းထန်သော ယာဉ်မတော်တဆဖြစ်မှုများတွင် အဲဘက် (air-bags) များ မပွင့်ခြင်း ဖြစ်ပါသည်။
အဲဘက်စနစ်တွင်ပါရှိသော အာရုံခံကိရိယာများ ချို့ယွင်းခြင်း၊ ဝါယာရင်းစနစ်များ ပြတ်တောက်နေခြင်းများ ဖြစ်နိုင်ပါသည်။
ယာဉ်မတော်တဆဖြစ်လျှင် အဲဘတ်မပွင့်သည့်အတွက် ထိခိုက်မှုများနိုင်ပါသည်။
ထို့ကြောင့် အဲဘတ်စနစ်ကို ကြိုတင်စစ်ဆေးသင့်ပြီး ပုံမှန်အခြေအနေတွင် အဲဘက်စနစ်ချို့ယွင်းနေပါက SRS Light မီးလင်းပြီး အချက်ပြပါသည်။
၅။ စက်နှိုး၍ မရခြင်း
ပူသော ရာသီတွင် ဒီဇယ်အင်ဂျင်ကို စက်စတင်နှိုး၍မရဘဲ စက်နှိုးသည့်အခါ အင်ဂျင်ကမလည်ပတ်နိုင်ခြင်းသည် starter assembly တွင် ပြဿနာရှိနေတက်သောကြောင့် ကျွမ်းကျင်သော ပညာရှင်နှင့် ပြသ စစ်ဆေးရပါမည်။