Toyota ၏ Hilux series မှ အဆင့်မြှင့်တင်လာသော Vigo မျိုးဆက်သည် ၁၉၉၈ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပါသည်။
မြန််မာပြည်တွင် ခေတ်အဆက်ဆက် လူကြိုက်များခဲ့သော Hilux ၏ နောက်မော်ဒယ်ဖြစ်ပါသည်။
Hilux ကို ၁၉၇၈ မိုဒယ် မီးသီးအဝိုင်းနှင့် လေးချိတ်/ငါးချိတ်မှစ၍ မြန်မာတွင် လူကြိုက်များခဲ့ပါသည်။
မြန်မာ့လက်စွဲ ဟီးနိုး၏ Hamaru စက်ရုံတွင် စတင်တပ်ဆင်ထုတ်လုပ်သော First Generation N10 (1968-1972) မျိုးဆက်သည် ဂျပန်၏ ရောင်းတန်းဝင် လူကြိုက်များ pick up ကားဖြစ်ခဲ့ပါသည်။
ယခင် ဟီးနိုး ကထုတ်ပြီး ရောင်းချသော Stout အမျိုးအစား pick up ကားနေရာမှာ အစားထိုး ထုတ်ပေးခြင်း ဖြစ်ပါသည်။
အင်ဂျင်အနေဖြင့် 1.5L 2RI4 နှင့် 2.0L 18R I4 တို့ကို 4 speed manual ဂီယာနှင့် တပ်ဆင် ထုတ်လုပ်ပါသည်။
Second Generation N20 (1972-1978) မျိုးဆက်သည် 3 speed auto transmission စတင်တပ်ဆင် ပေးခဲ့သော မော်ဒယ်ဖြစ်ပါသည်။
RN20/25 ဆိုသော အမျိုးအစားများသည် 1.6L 12R I4 အင်ဂျင်တပ်ဆင်ပြီး RN22 တွင် 2.0L 18R I4 အင်ဂျင် တပ်ဆင်ပေးထားပါသည်။
Manual gear တွင် 4/5 speed ကြိုက်နှစ်သက်ရာတပ်ဆင်နိုင်ပါသည်။
Third Generation N30/N40 (1978-1983) မျိုးဆက်သည် မြန်မာများ နှစ်သက်စွာ စီးနင်းအသုံးပြုခဲ့ဖူးသော လေးချိတ် / ငါးချိတ်ခေါ် ဟိုင်းလတ် ရှေ့မီး နှစ်လုံး အကြီးနှင့် ရုပ်လေးများဖြစ်ပါသည်။
ယခင်မော်ဒယ်များတွင် ရှေ့မီးဟာ ၄ လုံးပါပါသည်။
ယခု Third Generation N30/N40 (1978-1983) မျိုးဆက်သည် 4WDနှင့် crew cab ( double cab) စတင်ထုတ်ခဲ့သော မော်ဒယ်ဖြစ်ပါသည်။
ထူးထူးခြားခြား 2.2L L စီးရီး ဒီဇယ် အင်ဂျင်ဖြင့်လည်း တပ်ဆင်ထုတ်လုပ်ထားပါသည်။
Bucket seat, two speaker , chrome front and rear bumpers and tailgate များ ပါဝင်ပြီး Cruise Control, power steering and aircon များကို ထပ်ဝယ်ထည့်မည်ဆိုပါက ဝယ်ထည့်နိုင်ပါသည်။
Fourth Generation N50/N60/N70 (1983-1988) မိုဒယ်မှာ ရှေ့ခန်းကို ၆ လက်မခန့် ရှည်ထုတ်ပြီး ပစ္စည်းထားရန်နေရာ ပိုလုပ်ပေးထားပါသည်။
ဒီဇယ်အင်ဂျင်တပ်ကား အများအပြား ရောင်းချခဲ့ပြီး ဓါတ်ဆီအင်ဂျင် အနေဖြင့် 1.6L 1Y, 2.0L 3Y, 2.4L 22R, 3.0L 3VZ V6 အပြင် ဒီဇယ်အင်ဂျင်တပ် 2.4 L 2L , 2.4L 2L-T TURBO ဆို၍လည်း ရောင်းချခဲ့ပါသည်။
Regular, Xtracab and SR5 ဆို၍ ဘေယ်ဒီ အကျယ် ၃ မျိုးဖြင့် ထုတ်လုပ်ပါသည်။
Fifth Generation N80-N110 (1988-1998) မျိုးဆက်တွင် ထူးခြားသွားခြင်းက နောက်ခန်းသည် ဘီးနေရာစာ မယူဘဲ အပေါ်ကို မြင့်လိုက်သည့်အတွက် ပစ္စည်းတင်ရခြင်း ပိုပြီးသက်တောင့်သက်သာ ရှိသွားပါသည်။
ကား၏ရှေ့ဘီးနှင့် နောက်ဘီး အကွာအဝေးကို အများကြီး ဆန့်ထုတ်လိုက်သည့်အတွက် မောင်းရပိုမို သက်တောင့်သက်သာ ရှိသွားစေပါသည်။
ထူးထူးခြားခြား အနေဖြင့် နာမည်ကြီး 3L diesel အင်ဂျင်ကို စတင်တပ်ဆင်ပေးထားခြင်းဖြစ်ပါသည်။
Sixth Generation N140-N160 (1998-2005) မျိုးဆက်သည် ထိုင်းနိုင်ငံတွင် စတင်ထုတ်လုပ်သော Hilux အမျိုးအစား တစ်ခုဖြစ်ပြီး Tiger ဟုလည်း ခေါ်ကြပါသည်။
EFI စနစ်တပ်ကားများကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပြီး အာရှနှင့် ဥရောပကို တင်ပို့ရောင်းချခဲ့ပါသည်။
ဓါတ်ဆီ အင်ဂျင်အနေဖြင့် 2.4L နှင့် 3.4L V6 တို့ရနိုင်ပြီး ဒီဇယ်အနေဖြင့့် 2.8 L 3L, 3.0L 5L, 1KZ D-4D များနှင့့် တပ်ဆင် ထုတ်လုပ်ပါ ထားပါသည်။
Hilux sport rider ဆိုသော SUV မျိုးကွဲတစ်မျိုးကိုလည်း စတင်ထုတ်လုပ်ထားပါသည်။
Seventh Generation AN10/AN20 (2005-2015) မျိိုးဆက်သည် လက်ရှိ အချိန်တွင် ခေတ်အစားဆုံးနှင့် လူကြိုက်များသော မိုဒယ် Vigo ဟုခေါ်သော မိုဒယ်ဖြစ်ပါသည်။
အဓိကအားဖြင့် ထိုင်းနှင့် အင်ဒိုတွင်သာ တပ်ဆင်ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံး တင်ပို့ရောင်းချပါသည်။
ဂျပန်နိုင်ငံတွင် ထုတ်လုပ်ခြင်းမရှိသည့်အတွက် ဂျပန်ကားဟောင်း စျေးကွက်တွင်ဝယ်ယူ၍ မရနိုင်သော အမျိုးအစား ဖြစ်၍ အိမ်နီးချင်း ထိုင်းနယ်စပ်ကုန်သွယ်စခန်းမှ တင်သွင်းခွင့်ပြုထားပါသည်။
နှစ်ပေါင်းများစွာ အဆင့်မြှင့်လာခဲ့သော မျိုးဆက်တစ်ခုသည် SUV နီးပါး အဆင့်မြင့်လာခဲ့ပါသည်။
ဓါတ်ဆီ အင်ဂျင်အနေဖြင့် 2.0L 1TR-FE I4, 2.7L 2TR-FE I4 နှင့့် 4.0L 1GR-FE V6 များ ရနိုင်ပြီး ဒီဇယ်အင်ဂျင်အနေဖြင့် 2.5L2KD-FTV, 3.0L 1KD-FTVနှင့် တပ်ဆင်ထုတ်လုပ်ပါသည်။
လက်ရှိ မြန်မာပြည်တွင် တင်သွင်းခွင့်ရထားသော single cab နှင့် Xtracab အကြောင်းလေးကို ပိုပြီး အသားပေး ပြောပြပေးပါမည်။
Vigo Single Cab (Single cab မှာ အော်တိုဂီယာဖြင့် မထုတ်ဘဲ မန်နျူရယ်ဂီယာ ၅ ချက်၊ နောက်ဆွဲ 4x2၊ Chassis KUN16R-TRMDYT ဖြင့် ထွက်ပါသည်။
2.7 Engine တပ်များတွင် TGN16R ထွက်ပြီး အဓိက power steering ဖြစ်မဖြစ်ကို နောက်ဆုံးစာလုံး A or B နှင့်ခွဲကြပြီး B5 ဆိုလျှင် ပါဝါ စီယာရင်ဖြစ်ပါသည်။
Vigo Extra smart cab မှာ ရင်ခွဲအမျိုးအစား တံခါးလေးပေါက်နှင့် နောက်တွင် လူထိုင်ရန် တစ်ခန်း အပိုပါပါသည်။
နောက်ဆွဲ 4x2၊ ရှေ့ဆွဲ 2x4 နှင့် ဖိုးဝှီး 4x4 ဆို၍ ၃ မျိုး ခွဲထားပါသည်။
ဂရိတ်အနေဖြင့် J / E / G ဟုရှိပြီး အရောင် ၆ ရောင်ထိ ထုတ်ပေး ထားပြီး super white နဲ့ silver metallic များမှာ လူကြိုက်များသော အရောင်ဖြစ်ပါသည်။
2008 တွင် ရုပ်အနည်းငယ်ပြောင်းပြီး 2011ခုနှစ်တွင် ထူးထူးခြားခြား ရုပ်ပြောင်းသော အမျိုးအစား ထွက်လာပါသည်။
J Grade ဂရိတ်မှာ ရှားပါး စာရင်းဝင် ဂရိတ်ဖြစ်သကဲ့သို့ စတင်ထုတ်သော အချိန်မှစပြီး ယခုအထိ အစီးရေ ၂ ထောင်ကျော်သာ ထုတ်လုပ်ရောင်းချထားသော အမျိုးအစား ဖြစ်ပါသည်။
2.7 L အင်ဂျင်တပ်မှန်လက်လှည့်၊ သံဂွေ ဘီးဖုံး နှင့် radio FM စသဖြင့် ပါဝင်ပစ္စည်းအနည်းငယ်သာ ထည့်သွင်း ပေးထားပါသည်။
E Grade ဂရိတ်တွင် ထိုင်ခုံများမှစပြီး ပြောင်းသွားပြီး Airbag တစ်လုံး၊ power steering၊ CD player၊ ABS နှင့် ၁၅ လက်မ အလွိုင်း ပါဝင်လာပါသည်။
ဓါတ်ဆီအင်ဂျင်တပ် E ဂရိတ်တွင် 2.5 L ဖြင့်သာလာပြီး ဒီဇယ်အင်ဂျင်တပ် E grade တွင် 2.5 အပြင် 3.0 ကို Non Intercooler type ဖြင့်လည်း လာပါသည်။
E ဂရိတ်တွင် မန်နျူရယ်ဂီယာ ၅ ချက်နှင့် 4x4 အတွက် part time 4WD မှာ optional ဖြစ်ပါသည်။
G Grade ဂရိတ်သည် လူကြိုက်အများဆုံး အရောင်းရဆုံး နှင့် အစုံဆုံး ဂရိတ် ဖြစ်ပါသည်။
Airbag နှစ်လုံး၊ ABS၊ Spotlight၊ Remote key၊ Alarm&immobilizer၊ 6 disc CD player၊ Nickle cover၊ front bumper cover နှင့် 16 inch alloy စသဖြင့် စုံလင်လှပါသည်။
G ဂရိတ်တွင် အော်တိုဂီယာ နှင့်လည်းလာသကဲ့သို့ မန်နျူရယ် ၅ ချက်နှင့်လည်း လာပါသည်။
ဓါတ်ဆီ အင်ဂျင်မှာတော့ 3.0 L တွင် G ဂရိတ်နှင့် ရနိုင်ပြီး ဒီဇယ်တွင် အမျိုးစုံ G ဂရိတ်ရှိပါသည်။
အင်ဂျင်အနေနှင့် 2.5 L ၊ 3.0L non Intercooler၊ 3.0L Intercooler၊ 3.0L Intercooler turbo အပြင် VNT ( variable nozzle turbine) ဟုခေါ်သော turbo စနစ်မျိုးပါ တပ်ဆင်ရနိုင်ပါသည်။
G grade တွင် TRD ဆိုသော ဂရိတ်ခွဲ ချယ်ဆီကွဲ တစ်ခုလည်း လာပါပြီး (GGN25R)နှင့်လည်း ထွက်ပါသည်။
ထိုဂရိတ်၏ double cab version မှာ CD player အစား DVD player ၊ 7 inch touch screen TV နှင့် backcam တပ်ဆင်ပေးပါသည်။
Eighth Generation AN120/AN130 (2015-present) သည် Thailand / Laos နိုင်ငံများတွင် ထုတ်လုပ် လျှက်ရှိသော နောက်ဆုံး မျိုးဆက် ဖြစ်ပါသည်။
ထိုမော်ဒယ်မှာ အင်ဂျင်ပါဝါ 4.0 L ထိ တိုးမြင့် ထုတ်လုပ်လျှက်ရှိပါသည်။
ယခုဆိုလျှင် Toyota ၏ သက်တမ်းရှည် Hilux မျိုးဆက် Vigo အကြောင်း အနည်းငယ် သိရှိပြီဟု မှတ်ယူပါရစေ။