ဲဓာတ်ဆီအင်ဂျင်နှင့် ဘက်ထရီမော်တာ နှစ်မျိုးစပ် ကပြား hybrid ကားများကို တိုယိုတာမှ ထုတ်လုပ် ရောင်းချလျက်ရှိရာ ကားတွေမှာ တပ်ဆင်ထားတဲ့ ဘက်ထရီ သက်တမ်းက ဘယ်လောက်ကြာကြာ ခံသလဲ။
အဲဒီမေးခွန်းအတွက် ပြည့်စုံမှန်ကန်တဲ့ အဖြေကို အမေရိကန်နိုင်ငငံ မြောက်ကယ်လီဖိုးနီးရှား ရှိ တိုယိုတာ ကုမ္ပဏီ လုပ်ငန်းခွဲမှ Master Diagnostic Technician ဖြစ်သူ Ali Mohagheghi က
torquenews.com ကို ဖြေကြားပေးထားပါတယ်။ သူက တိုယိုတာရဲ့ အိမ်စီးကားတွေ ထရပ်ကားတေွနဲ့ SUV တွေကို လုပ်ကိုင်ပေးနေခဲ့တာ လုပ်သက် ၃၅ နှစ် ရှိပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်က စတင်ထုတ်လုပ်ခဲ့တဲ့ကားဖြစ်ပြီး တိုယိုတာရဲ့ ပထမဆုံး ဟိုင်ဘရစ်ကား ဖြစ်တဲ့အပြင် အရောင်းရဆုံးဟိုက်ဘရစ်လည်း ဖြစ်ခဲ့တဲ့ Toyota Prius ကစလို့ တိုယိုတာရဲ့ ဟိုင်ဘရစ်ကားတွေကို ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။
ယခုအခါမှာ တိုယိုတာက ဟိုင်ဘရစ်ကား လမ်းကြောပေါ်မှာ 2021 Venza, 2021 Sienna Hybrid, Camry Hybrid, Highlander Hybrid, RAV4 Hybrid, Toyota Prius အစရှိတဲ့ ဟိုင်ဘရစ်ကား မော်ဒယ် အမျိုးမျိုးကို ထုတ်လုပ်လျက် ရှိပါတယ်။ များမကြာခင်မှာ Toyota Tundra Hybrid ကို ထုတ်လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။
တိုယိုတာက ယခင် ထုတ်လုပ်ခဲ့တဲ့ ဟိုင်ဘရစ်ကား ဘက်ထရီကို သက်တမ်း ၈ နှစ် သို့မဟုတ် ခရီးမိုင် တစ်သိန်း အာမခံချက် ပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မော်ဒယ်တွေကစလို့ သက်တမ်းကို ၁၀ နှစ်လို့ ၂ နှစ်တိုးပြီး အာမခံချက် ပေးပါတယ်။ ခရီးမိုင်ကိုလည်း မိုင် ငါးသောင်း တိုးပြီး မိုင်တစ်သိန်းခွဲအထိ အာမခံချက် ပေးပါတယ်။
ဟိုင်ဘရစ်ကား ဘက်ထရီတွေက ပုံမှန်အားဖြင့် မိုင်ပေါင်း ၁၈၀,၀၀ ကနေ ၂၀၀,၀၀၀ အထိ ခံကြောင်း သူက ပြောပါတယ်။ ဘက်ထရီ သက်တမ်းကုန်ရင် အသစ်လဲဖို့ ဘက်ထရီအသစ် ဝယ်ရတဲ့ ဈေးနှုန်းကလည်း တစ်နှစ်ထက် တစ်နှစ် ပိုသက်သာလာနေကြောင်းလည်း သူက ပြောပါတယ်။