Toyota က အံဝင်ခွင်ကျဖြစ်သော အီးဗီများကို IMV စီမံကိန်းဖြင့် ထုတ်လုပ်မည်


Toyota က အံဝင်ခွင်ကျဖြစ်သော အီးဗီများကို  IMV စီမံကိန်းဖြင့် ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Toyota သည်  ထွန်းသစ်စ ဈေးကွက်များနှင့် အံဝင်ခွင်ကျဖြစ်သော အီးဗီမော်ဒယ်များကို ထုတ်လုပ်သွားမည်ဖြစ်သည်။
 
အီးဗီဆီသို့ ဦးတည်ရွေ့လျားနေသော ထိုင်းကားဈေးကွက်တွင် နေရာရရှိထားသည်ကို ဆက်လက်ထိန်းသိမ်းရန် Toyota ကြိုးစားနေသည်။

Toyota Motor သည်  ထိုင်းနိုင်ငံတွင် ထွန်းသစ်စစီးပွားရေး နိုင်ငံများအတွက် ဦးတည်ထားသော မဟာဗျူဟာမြောက် မော်ဒယ်လ်များတွင် လျှပ်စစ်ကားတစ်စီးကို ပထမဆုံးအကြိမ် ထပ်တိုးပြီး ထည့်သွင်းမည်ဖြစ်သည်။

 ထိုင်းနိုင်ငံ ကားဈေးကွက်တွင် အစဉ်အဆက် Toyota Motor က ကြီးစိုးထားပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ် နိုင်ငံများမှ ပြိုင်ဘက်များကို ယှဉ်ပြိုင်လျက်ရှိရာ အီးဗီကဏ္ဍတွင်လည်း ဈေးကွက်ဝေစု ခိုင်မာစေရန် ရည်ရွယ်ပါသည်။

 

အီးဗီမော်ဒယ်အသစ်

၂၀၂၂ ခုနှစ်တွင် ဘန်ကောက်မြို့မှာ ကျင်းပခဲ့သော ထိုင်းနိုင်ငံတွင် Toyota Motor Thailand လုပ်ကိုင်ခဲ့သည့် နှစ် ၆၀ ပြည့်ပွဲမှာ ဒီဇင်ဘာ ၁၄ ရက်တွင် Toyota Motor ဥက္ကဋ္ဌ Akio Toyoda က  လျှပ်စစ်မော်ဒယ် ထရပ်ကားရှေ့ပြေးပုံစံအသစ်ကို ထုတ်ဖော်ပြသခဲ့သည်။

၎င်းလျှပ်စစ်ပစ်ကပ်ထရပ် ရှေ့ပြေးပုံစံသည် Toyota ၏Innovative International Multi-purpose Vehicle (IMV) စီမံကိန်းမှ ထွက်ပေါ်လာသည့် အီးဗီမော်ဒယ် ဖြစ်ပါသည်။

အီးဗီမော်ဒယ်အသစ်သည် "ကာဗွန်ထပ်မထုတ်ရေးကို ပံ့ပိုးပေးပြီး အားလုံးအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကို ပံ့ပိုးပေးရန် ဒီဇိုင်းထုတ်ထားသည့် မော်တော်ယာဉ် နယ်ပယ်တစ်ဝန်းတစ်လျား၏ အနားသတ်အဆုံးတစ်ပိုင်းကို ကိုယ်စားပြုသည်" ဟု ဥက္ကဋ္ဌ Akio Toyoda က အဆိုပါ နှစ်ပတ်လည်ပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ ထရပ်ကားကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံတွင် ရောင်းချမည်ဖြစ်သည်။ ထို့နောက် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။ ထို့နောက် အရှေ့တောင်အာရှပြင်ပသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။

 

IMV စီမံကိန်း

IMV စီမံကိန်းသည် ထွန်းသစ်စနိုင်ငံများ၏ အခြေအနေများနှင့် လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ပြီး စျေးနှုန်းလည်း သက်သာသော မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချရန် မဟာဗျူဟာကို အကောင်အထည်ဖော်နေသည့် စီမံကိန်း ဖြစ်ပါသည်။

Toyota သည် ထိုင်းတွင် Hilux ပစ်ကပ်ထရပ်ကား ထုတ်လုပ်ရေးဖြင့် IMV စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းစီးရီးတွင် Fortuner SUV နှင့် Innova မီနီဗင်တို့ ပါဝင်သည်။ လက်ရှိတွင် IMV စီမံကိန်းဖြင့် ထုတ်လုပ်သော ကားမော်ဒယ်များ အားလုံးသည် စက်သုံးဆီသုံး အင်ဂျင်ကားများ ဖြစ်သည်။ ၎င်းကားမော်ဒယ်များ အားလုံးသည်  ထွန်းသစ်စနိုင်ငံများတွင် အောင်မြင်မှုများစွာကို ရရှိခဲ့ကြသည်။ လမ်းကြမ်းတွင် မောင်းနှင်နိုင်ခြင်း၊ ကုန်ပစ္စည်းအမျိုးမျိုး သယ်နိုင်ခြင်းတို့ကြောင့် လူကြိုက်များသည်။ 

Toyota ၏ အကြီးဆုံး IMV စက်ရုံများထဲမှ တစ်ခုသည် ထိုင်းနိုင်ငံ အလယ်ပိုင်း Ban Pho တွင် တည်ရှိပါသည်။  ပစ်ကပ်ထရပ်ကို စူးစိုက်ထားပြီး SUV ကို ၎င်းပတ်ကပ်ထရပ်ကို အခြေခံထားပါသည်။ ၎င်းစက်ရုံမှ ထုတ်လုပ်သော ကားများကို ထိုင်းနိုင်ငံတွင်သာမက ၁၂၄ နိုင်ငံသို့ တင်ပို့ပါသည်။

တိုယိုတာသည် အင်ဒိုနီးရှား၊ တောင်အမေရိကနှင့် အာဂျင်တီးနား နိုင်ငံတို့တွင်လည်း IMV များကို ထုတ်လုပ်ပါသည်။
ထိုင်းနိုင်ငံတွင် ထိုင်းပြည်တွင်းထုတ် အစိတ်အပိုင်းများကို ၉၆% သုံးစွဲထားသည်။ ထို့ပြင် အကြီးမားဆုံး ထုတ်လုပ်ရေး အချက်အချာ ဖြစ်ပါသည်။

တိုယိုတာ၏ ထိုင်းစက်ရုံသုံးရုံအနက် နှစ်ခုသည် IMV များအတွက် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုနှင့် ရောင်းအားတို့၏ ၇၀% ဝန်းကျင်ကို ထုတ်လုပ်ပေးပါသည်။ 


ဟိုက်ဒရိုဂျင်လောင်စာ

နှစ်ပတ်လည်ပွဲတွင် Toyota သည် ဟိုက်ဒရိုဂျင်လောင်စာကဏ္ဍအတွက် CP Group ဟု လူသိများသည့်  ထိုင်းထိပ်တန်းလုပ်ငန်းစု Charoen Pokphand Group နှင့် ပူးပေါင်းဆောင်ရွက်ကြောင်း ကြေညာခဲ့သည်။

 ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်သုံးဆီကိုသာ အားကိုးနေကြရသည်။ အားသွင်းရုံများ ရှိပါသည်ဆိုလျှင်လည်း အနည်းငယ်သာ ရှိနေခြင်း ဖြစ်ပြီး အားသွင်းရုံရှိသည့်နေရာများ ဝေးလံနေသည်။ ထိုနိုင်ငံများတွင် အခြေခံအဆောက်အအုံ အကန့်အသတ်များ ရှိနေခြင်းကြောင့် တိုယိုတာသည် ကာဗွန်ထုတ်လွတ်မှု မရှိစေရေးအတွက် ဘက်စုံထောင့်စုံ နည်းလမ်းအမျိုးမျိုးဖြင့်  လုပ်ဆောင်နေသည်။ 

ထိုင်းကားအသစ်ဈေးကွက်ကို ကြည့်လျှင် Toyota သည် အကြမ်းအားဖြင့် ဈေးကွက်ဝေစု ၃၀% ရရှိထားပြီး ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။
ထိုင်းကားအသစ်ဈေးကွက်တွင် ဂျပန်ကားထုတ်လုပ်သူများသည် ဈေးကွက်ဝေစု ၉၀% နီးပါး ရရှိထားသည်။
သို့သော် အီးဗီကဏ္ဍကို ကြည့်လျှင် တရုတ်ကားထုတ်လုပ်သူများက ကြီးစိုးထားသည်။ Great Wall Motor နှင့်  SAIC Motor တို့ နှစ်ခုပေါင်း ဈေးကွက်ဝေစု ၇၀% ရရှိထားသည်။

ထိုင်းကားအသစ်ဈေးကွက်တွင် အီးဗီသည် ဈေးကွက်ဝေစု ၁% မျှသာ ရရှိသဖြင့် ဂျပန်ကားထုတ်လုပ်သူများသည် အီးဗီကဏ္ဍထဲသို့ အရှိန်တင်ပြီး မောင်းနှင်ဖို့ အလားအလာ မရှိနိုင်သေးပေ။
Source Asia Nikkei 
 

Read 1865 times