တိုယိုတာကထုတ်လုပ်သော ကားများထဲမှ ပြည်တွင်းတွင် လူကြိုက်များသော ကားတစ်စီးဖြစ်သည့် Toyota Ipsum ၏ ဂရိတ်များကို ဖော်ပြပေးလိုက်ပါသည်။
Toyota Ipsum ကို ၁၉၉၅ မှာ စတင်ထုတ်လုပ်ပြီး ၂၀၀၉ အထိထုတ်လုပ်ထားပါသည်။ ထုတ်လုပ်မှုသက်တမ်းတစ်လျှောက်တွင် မျိုးဆက်နှစ်မျိုးသာ ခွဲခြားထုတ်လုပ်ပါသည်။
ပထမမျိုးဆက်ကို ၁၉၉၅ မှ၂၀၀၁ အထိ ထုတ်လုပ်ပြီး ဒုတိယမျိုးဆက်ကိုတော့ ၂၀၀၂ မှ၂၀၀၉ အထိ ထုတ်လုပ်ပါသည်။
ဂရိတ်အမျိုးအစားခုနစ်မျိုး လောက်အထိ ခွဲခြားထုတ်လုပ်ထားပြီး ပြည်တွင်းမှာအသွင်းများသော ဂရိတ်များမှာ U, U GSelection,I,ILimited,E ဂရိတ်များဖြစ်ကြပါသည်။
အင်ဂျင်အရွယ်အစားများကို ၂၀၀၀ စီစီ၊ ၂၂၀၀ စီစီ၊ ၂၄၀၀စီစီသုံးမျိုးထုတ်လုပ်ပြီး ဂရိတ် အမျိုးအစားတိုင်းအတွက် 2WD,4WD နှစ်မျိုးဖြင့် ထုတ်လုပ်ပါသည်။ ပထမမျိုးဆက်ကို ထုတ်လုပ်ချိန်တွင် ဓာတ်ဆီအင်ဂျင်ကို
၂၀၀၀စီစီ၊ ဒီဇယ်အင်ဂျင်ကို ၂၂၀၀ စီစီနှစ်မျိုးဖြင့် ထုတ်လုပ်ပြီး ဒုတိယမျိုး ဆက်ကိုတော့ ဓာတ်ဆီအင်ဂျင် တစ်မျိုးတည်းဖြင့် ၂၄၀၀ စီစီ အရွယ်အစားတစ်မျိုးတည်းကိုသာ ထုတ်လုပ်ပါသည်။
တံခါးငါးပေါက်၊ ထိုင်ခုံသုံးတန်းဖြစ်ပြီး ဂရိတ်အားလုံးကို အဲကွန်းပတ်လည်နှင့် ထုတ်လုပ်ထားပါသည်။ ယခုဖော်ပြပေးမည်က ပြည်တွင်းတွင်အသုံးများသော ဂရိတ်များဖြစ်သည့် E,U,U G Selection,I,I Limited
တို့ကို ရွေးချယ်ဖော်ပြပေးမည် ဖြစ်ပါသည်။
E ဂရိတ်သည် အတွင်းခန်း ဒက်ရှ်ဘုတ် ကျွန်းကွက်၊ စတီယာရင်ကျွန်းကွက်၊ ရှေ့ထိုင်ခုံတံခါးလက်တင်၊ တီဗီတို့ ပါဝင်ပါသည်။ ရှေ့နောက် စကတ်အသေး၊ Fog Light၊ နောက်မှန်ဝိုက်ဘာ(နောက် တတ်)၊
စပွိုင်လာအသေး၊ Sun-roof နှစ်ခု တို့ဖြစ်ပါသည်။
I ဂရိတ် သည် အတွင်းခန်းကျွန်းကွက်၊ စတီယာရင်ကျွန်းကွက်၊ စတီယာရင်ကွန်ထရိုး၊ အဲကွန်းဒစ်ဂျစ် တယ်ကွန်ထရိုး၊ အလယ်တန်းထိုင်ခုံသုံးခု၊ နောက်ထိုင်ခုံလက် တင်အပြည့် ဖြစ်ပါသည်။ ရှေ့နောက်စကတ်အကြီး၊
Fog Lightမပါ၊ နောက်မှန်ဝိုက်ဘာ(နောက်တုတ်)၊ စပွိုင်လာအကြီး၊ နောက်မှန်အရောင်ဝင်ခြင်းများ တွေ့ရပါသည်။
I Limited သည် I ဂရိတ်ထက် အနည်းသာပိုသော ဂရိတ်တစ်ခုဖြစ်ပါသည်။ ပတ်လည်မှန်မည်းခြင်း၊ ရှေ့ခန်းအလယ်ခန်း လေအိတ်ပါဝင်ခြင်း၊ တီဗီ၊ ဒီဗီဒီပါဝင်ခြင်းများသာ ကွာခြားသည်ကိုတွေ့ရပါသည်။
U ဂရိတ်သည် အတွင်းခန်းကျွန်းကွက်အပြည့်၊ အတွင်းခန်း ပတ်လည်အဝါ၊ တီဗီ၊ ဒီဗီဒီ၊ ထိုင်ခုံသုံးတန်းခုံပြည့်ဖြစ်ပါသည်။ ရှေ့နောက်စကတ်အကြီး၊ Fog Light ရှေ့နောက်၊ နောက်မှန်ဝိုက်ဘာ၊ ပတ်လည်မှန်မည်းပြီး၊
Sunroof နှစ်ခုဖြစ်ပါသည်။
U G Selection သည် အတွင်းခန်းကျွန်းကွက်ဖြစ်သောအထဲတွင် ဂီယာလက်ကိုင်ကျွန်းကွက်ဖြစ်သည့် ဂရိတ်ဖြစ်ပါသည်။ စတီယာရင်ကွန်ထရိုး၊ အဲကွန်း ဒစ်ဂျစ်တယ်ကွန်ထရိုး၊ လေအိတ်ပတ်လည်ရှစ်လုံး၊
ထိုင်ခုံပါဝါမော်တာဖြစ်ပါသည်။ ရှေ့နောက် စကတ်အကြီးပုံပြောင်း (၂၀၀၅ မော်ဒယ်အထက်)၊ ပတ်လည်မှန် အရောင်ဝင်ပြီး၊ နောက်မှန်ဝိုက်ဘာ၊ စပွိုင်လာအကြီး၊ Fog Light ပတ်လည်ဖြစ်သည်ကို တွေ့ရပါသည်။
ဖော်ပြပါဂရိတ်များသည် ပြည်တွင်းတွင်ရှိနေသော Ipsum ၏ ဂရိတ်တွေဖြစ်ကြပြီး တခြားဂရိတ်များလည်းရှိပါသည်။