Toyota က Isuzu နှင့်  Hino တို့နှင့် လက်တွဲပြီး လျှပ်စစ်ဘတ်စ်ကား ထုတ်လုပ်မည်


Toyota က Isuzu နှင့်  Hino တို့နှင့် လက်တွဲပြီး လျှပ်စစ်ဘတ်စ်ကား ထုတ်လုပ်မည်


Toyota က Isuzu နှင့်  Hino တို့နှင့် လက်တွဲပြီး လျှပ်စစ်ဘတ်စ်ကား ထုတ်လုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။ Hino က Toyota Motor Corporation ရဲ့ လက်အောက်ခံ လုပ်ငန်း ဖြစ်ပါတယ်။

မြို့တွင်းစီး ဘတ်စ်ကား ကြမ်းပြင်က ရှေ့မှ နောက်အထိ တစ်ညီတည်း ဖြစ်ပြီး လှေကားထစ် မပါတဲ့  flat, single-level floor ဒီဇိုင်းကို သုံးစွဲမယ်လို့ ဆိုပါတယ်။ ကားအပြင်မှ ကားထဲသို့ ဝင်ရင်လည်း တံခါးဝမှာ လှေကားထစ် မရှိတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အလွယ်တကူ ဘတ်စ်ကားထဲ ဝင်လို့ရအောင် ကြမ်းပြင်အနိမ့် ဒီဇိုင်းကို သုံးစွဲမယ်လို့ ဆိုပါတယ်။ 

ကုမ္ပဏီသုံးခုက  ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း ကင်းတဲ့ ဘတ်စ်ကား ထုတ်လုပ်ရေးနှင့် နှီးနွယ်မှု ရှိတဲ့ စီမံကိန်း ၂ ခုကို လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

ပထမစီမံကိန်းက ဘက်ထရီစွမ်းအားဖြင့် မောင်းနှင်တဲ့ မြို့တွင်းစီးဘတ်စ်ကား ထုတ်လုပ်ရန် ဖြစိပါတယ်။ ကြမ်းပြင်အနိမ့်၊ တစ်ပြေးညီကြမ်းပြင် ဒီဇိုင်း ဖြစ်ပါတယ်။ Isuzu နှင့် Hino တို့က ဘတ်စ်ကားကို ၂၀၂၄ မှာ စတင်ထုတ်လုပ်မယ်။
ဒုတိယ စီမံကိန်းမှာတော့ ဟိုက်ဒြိုဂျင်ပါဝါ သုံးစွဲတဲ့ ဘတ်စ်ကားများ ထုတ်လုပ်နိုင်ရေးကို လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

Isuzu နှင့် Hino တို့ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်ကြပေမဲ့လည်း ဘတ်စ်ကား ထုတ်လုပ်ဖို့ အတူလက်တွဲပြီး လုပ်ကိုင်ကြတာ ၂၀၀၂ ခုနှစ်ကတည်းက ဖြစ်တာကြောင့် နှစ်ပေါင်း ၂၀ နီးပါး ရှိပါပြီ။ J-Bus Ltd အမည်ဖြင့် ဖက်စပ်လုပ်ငန်းကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

၂၀၂၁ မတ်လမှာ  Toyota, Isuzu နှင့်  Hino တို့က လျှပ်စစ် ထရပ်ကားနှင့် လောင်စာဆဲလ် ထရပ်ကား ထုတ်လုပ်ဖို့ အတူတကွ လုပ်ကိုင်ကြမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထို့ပြင် ပင်ကိုမောင်းနှင်နည်းပညာကိုလည်း လုပ်ကိုင်ကြမယ်။ အကြီးစား မော်တော်ယာဉ်များအတွက် အီလက်ထရွန်းနစ်ပလက်ဖောင်းများ တည်ဆောက်ကြမယ်လို့ ဆိုပါတယ်။

Read 2205 times