Toyota က ဇန်နဝါရီလမှာ စီးရေ ၈၀၀,၀၀၀ စံချိန်တင် ထုတ်လုပ်ရန်လျာထား


Toyota က ကမ္ဘာတစ်လွှားရှိ ၎င်းရဲ့ ကားစက်ရုံတွေမှာ ၂၀၂၂ ဇန်နဝါရီလအတွင်း ကားစီးရေ ၈၀၀,၀၀၀ အထိ စံချိန်တင်ထုတ်လုပ်ပြီး ပြီးခဲ့တဲ့ လတွေမှာ လျော့ခဲ့တဲ့ စီးရေများကို ထေမိအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

၂၀၂၂ မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမယ့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း စီးရေ ၉ သန်း ထုတ်လုပ်ဖို့ ရည်မှန်းချက်ကို ပြည့်မီအောင် ကြိုးပမ်းမှာ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
COVID-19 ကြောင့် ဗီယက်နမ်နဲ့ မလေးရှားတို့မှာ
စက်ရုံတွေ ယာယီပိတ်ကြရတဲ့အတွက် ကားထုတ်လုပ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ အချိန်မီ အလုံအလောက်မရတဲ့ ဆိုးကျိုးသက်ရောက်မှုကို Toyotaကြုံရပြီး ထုတ်လုပ်မှုပမာဏ လျော့ကျခဲ့ပါတယ်။
ယခု ဒီဇင်ဘာလမှာလည်း ဂျပန်မှာ တည်ရှိတဲ့ ကားစက်ရုံတွေ မလွှဲမရှောင်သာ ယာယီရပ်ထားခဲ့ရပါတယ်။ ဒီဇင်ဘာလအတွက် ကားစီးရေ ၁၄,၀၀၀ လျော့နည်းပါတယ်။

 

europe.autonews.com

Read 5771 times