SUV လောကတွင် အထူးထင်ရှားသည့် Toyota Land Cruiser ၏ 2020 Land cruiser Edition အား နာမည်ကျော် Chicago Auto Show တွင် မိတ်ဆက်ပြသမည်ဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော် ဂုဏ်သတင်းမွှေးပျံနေသည့် Land Cruiser ၏ ထူခြားသည့် ဖန်တီးခြင်းဟုလည်း ဆိုရပေမည်။
ရှေးမူမပျက်ဖန်တီးခြင်းဖြစ်သည့်Toyota Land Cruiser တံဆိပ်အား ကားအနောက်ဖက်တွင် အစဉ်အလာမပြတ် တပ်ဆင်ထားပါတယ်။ Heritage Edition တွင် Bronze 8 - inch အလွိုင်းဘီး များဖြင့် ဆန်းသစ်စွာဖန်တီးထားမည်ဖြစ်ပြီး Running-Board နှင့် Lower Body Side Molding တို့ကိုလည်း ပေါင်းစပ်ထည့်သွင်းထားပါတယ်။
Black Accented ၊ Grille ဒီဇိုင်းနှင့်အတူ အနက်ရောင် ချယ်မှုန်းခြင်းများပါဝင်သည့် အရှေ့မီးကြီးများနှင့် အနက်ရောင် Chrome ဖြင့် ဖန်တီးထားသည့် နှင်းခွဲမီးနှင့်ဘေးဖက်အနောက်ကြည့်မှန်များသည် Blacked - out look ပုံစံရှိမည် ဖြစ်ပြီး Land cruiser ချစ်သူများကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။ အဆိုပါ Option အတွက် အဖြူ (သို့) အမည်းရောင် (၂) မျိုးသာရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ကားအတွင်းခန်းတစ်ခုလုံးအား Black Leather - trimmed Upholstery ဖြင့် ခင်းကျင်းထားမည်ဖြစ်ပြီး Bronze Wheel များနှင့် လိုက်ဖက်စေမည့် Bronze Accents ကိုလည်း အတွင်းခန်းတလျှောက်လုံးဖန်တီးထားပါတယ်။ အလားတူ လှပစွာပြုလုပ်တပ်ဆင်တားသည့် Contrast stitching များအား ထိုင်ခုံ ၊ Steering ၊ Door Trim နှင့် Center Console တို့တွင် ထည့်သွင်းထားပါတယ်။ ရာသီမျိုးစုံအသုံးပြုနိုင်မည့် ကြမ်းခင်းများနှင့် Cargo Liner တို့လည်း ပါရှိပါသေးတယ်။ အင်ဂျင်အနေဖြင့် ပုံမှန် Model တွင် ပါရှိသည့် ( 5.7 L V 8 Engine ) နှင့် ( 8 - Speed Auto gear ) တို့တပ်ဆင်ထားပါတယ်။ Heritage Edition ၏ ထူးခြားမှုမှာ ပုံမှန် Land Cruiser Model များတွင် အပိုဆောင်းများယူရနိုင်မည့် ပါဝင်မှုများအား standard ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ အစီးရေ ၁၂၀၀ ခန့်သာ ကန့်သတ်ထုတ်လုပ်မည်ဖြစ်ပြီး ယခုနှစ်နွေရာသီတွင် စတင်ရောင်းချမှာဖြစ်ပါတယ်။