ထိုင်းတရားရုံးချုပ်က Toyota ကို သွင်းကုန်ခွန် ဘတ် ၁၁ ဘီလီယံကျော် ပေးဆောင်စေရန် စီရင်ဆုံးဖြတ်
ထိုင်းနိုင်ငံ နိုင်ငံတော်တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံမှ Toyota လုပ်ငန်းခွဲ Toyota Motor Thailand (TMT) Co Ltdသည် သွင်းကုန်ခွန်အတွက် ဘတ် ၁၁.၆၃ ဘီလီယံ (ကန်ဒေါ်လာ ၃၁၅.၅ သန်း) ပေးဆောင်ရမည်ဖြစ်သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကာလအတွင်း ထိုင်းနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခဲ့သော Toyota Prius ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ်မော်ဒယ်များအတွက် ဂျပန်မှ မော်တော်ယာဉ် အစိတ်အပိုင်းများ တင်သွင်းခဲ့ရာတွင် သွင်းကုန်ခွန်များ ကုမ္ပဏီမှ မဖြစ်မနေ ပေးဆောင်ရမည် ဖြစ်သည်ဟု တရားရုံးက စီရင်ဆုံးဖြတ်ပါသည်။
တင်သွင်းခဲ့သော အဆိုပါ ယာဉ်အစိတ်အပိုင်းများသည် တစ်စစီ အပြည့်အဝ ဖြုတ်ချထားသော complete knock-down (CKD) အနေဖြင့် တင်သွင်းခြင်းဟု တရာရုံးက ဆုံးဖြတ်သည်။ သို့ဖြစ်ရာ သွင်းကုန်ခွန် ၈၀% ပေးသွင်းရမည် ဖြစ်သည်။ အဆိုပါ ယာဉ်အစိတ်အပိုင်းများသည် ဂျပန်-ထိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် Japan-Thailand Economic Partnership Agreement (JTEPA) အရ သွင်းကုန်ခွန် ၁၀% မျှသာ ပေးဆောင်ရမည်ဖြစ်သည့် လျှော့ချထားသည့် အခွန်နှုန်းထားတွင် အကျုံးမဝင်ဟု စီရင်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
Toyota ၏ ထိုင်းနိုင်ငံမှ လုပ်ငန်းခွဲသည် အဆိုပါ အစိတ်အပိုင်းများကို တင်သွင်းရာတွင် သွင်းကုန်ခွန် ၁၀% ပေးဆောင်ရမည့် JTEPA တွင် အကျုံးဝင်သည်ဟု ယူဆထားခဲ့ပါသည်။ သို့ဖြစ်ရာ Toyota က ၂၀၁၉ တွင် အယူခံ ဝင်ခဲ့ပြီး ၎င်းအယူခံကို ယခု စီရင်ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
Toyota ၏ ထိုင်းနိုင်ငံမှ လုပ်ငန်းခွဲမှ ကြေညာချက် ထုတ်ပြန်ရာတွင် JTEPA ကိုအခြေခံ၍ တင်သွင်းသော Prius အစိတ်အပိုင်းများအတွက် သက်သာသောအခွန်နှုန်းထားကို ပေးဆောင်ခဲ့ပါကြောင်း၊ သို့သော် ယခုချမှတ်သည့် စီရင်ချက်ကို လေးစားလိုက်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း Toyota ၏ ထိုင်းနိုင်ငံရှိ Gateway စက်ရုံတွင် တပ်ဆင်ထားသော Prius ကားအစီးရေ ၂၀,၀၀၀ ကျော်အတွက် တင်သွင်းခဲ့သော ယာဉ်အစိတ်အပိုင်းများအတွက် အခွန်ထပ်တိုး ပေးဆောင်ရမည် ဖြစ်ပါသည်။ တိုယိုတာသည် ဓာတ်ဆီအင်ဂျင်နှင့် ဟိုက်ဘရစ်အင်ဂျင် Camry ဆီဒင်များကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပါသည်။ ၎င်းကားများအတွက် အခွန်ထပ်တိုး ပေးဆောင်ရန် မလိုပေ။ အကြောင်းမှာ သုံးစွဲထားသော အစိတ်အပိုင်း အများစုသည် ထိုင်းနိုင်ငံတွင် ဝယ်ယူခဲ့သောကြောင့် ဖြစ်ပါသည်။
Prius သည် ကမ္ဘာ့ပထမဆုံး ဓာတ်ဆီ ဟိုက်ဘရစ်ကားမော်ဒယ် ဖြစ်ပါသည်။ တိုယိုတာသည် ဂျပန်နှင့် တရုတ်နိုင်ငံတို့တွင် Prius ကို စတင်ထုတ်လုပ်ပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံရှိ Gateway စက်ရုံကို တတိယမြောက်နိုင်ငံအဖြစ် ရွေးချယ်ခဲ့ပြီး Prius ကို စတင်ထုတ်လုပ်ခဲ့ပါသည်။ ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် Priuses စီးရေ ၁၈,၀၀၀ ရောင်းချခဲ့သည်။
၂၀၁၅ ခုနှစ် ဩဂုတ်လတွင် Toyota သည် Gateway စက်ရုံတွင် Prius ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။ ထိုစဉ်ကစ၍ ထိုင်းဈေးကွက်ထဲ Prius ရောင်းချခြင်း ရပ်ဆိုင်းခဲ့ပါသည်။ Toyo6 သည် ထိုင်းနိုင်ငံတွင် ၁၉၆၂ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့ပြီး လူပေါင်း ၁၃,၅၀၀ ကို အလုပ်ခန့်ထားသည့် စက်ရုံသုံးရုံကို လည်ပတ်လျက်ရှိသည်။ တစ်နှစ်လျှင် ကားအစီးရေ ၇၆၀,၀၀၀ ခန့် ထုတ်လုပ်ပါသည်။
Source Bangkokpost
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U