ကျပ်သိန်း ၃၅ဝ နှင့် ၈ဝဝ ကြား ရွေးချယ်သင့်သည့်ကား Toyota Mark X


Toyota Mark ll ကို ၂ဝဝ၃ မိုဒယ်အထိ ထုတ်လုပ်ခဲ့ပြီး နောက်ထပ်မျိုးဆက်သစ်အနေနဲ့ Toyota Mark X ကို ၂ဝဝ၄ မိုဒယ်ကနေ စတင်ထုတ်လုပ်ခဲ့ပါတယ်။

Mark ll ကို Mark Two လို့ သတ်မှတ်ထားပေမဲ့ Mark X ကတော့ Mark Ten မဟုတ်ဘဲ Mark Ex လို့ နာမ်စား ယူထားပါတယ်။ Mark X ကို ပထမ မျိုးဆက်အနေနဲ့ ၂ဝဝ၄ မိုဒယ်ကနေ ၂ဝဝ၉ မိုဒယ် ၊ ဒုတိယမျိုးဆက်ကို ၂ဝဝ၉ မိုဒယ်ကနေ ခက်ရှိ မိုဒယ်အထိ သတ်မှတ်လို့ ရပါတယ်။ Toyota Cresta အောင်မြင်မှုရတဲ့ Mark ll မျိုးဆက်ကို Mark X အထိ ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် တစ်ဘဝလုံးအတိုင်းအတာအထိ အောင်မြင်မှု ရနေတဲ့ကားလည်း ဖြစ်ပါတယ်။

 အင်ဂျင် အမျိုးအစား

Toyota Mark X က Crown လိုပဲ ၂၅ဝဝ စီစီ ၊ ၃ဝဝဝ စီစီ ၊ ၃၅ဝဝ စီစီ အင်ဂျင်သုံးမျိုးရှိပြီး ၃၅ဝဝ စီစီက မိုဒယ်အမြင့်ကားတွေမှာ အများဆုံးတွေ့ရပါတယ်။ ချက်စီအနေနဲ့ ခွဲမယ်ဆိုရင် ၂၅ဝဝ စီစီ (2WD) က GRX 120 ၊ ၂၅ဝဝ စီစီ (4WD) က GRX 125 ၊ ၃ဝဝဝ စီစီ (2WD) က GRX 121 ဖြစ်ပါတယ်။

အပြင်ပိုင်း နှင့် အတွင်းခန်း အပြင်အဆင်

Grade ခွဲတွေ အနေနဲ့ 250 F Package ၊ 250G L Package ၊ 300 G ၊ 300 G premium နဲ့ 300G preminum S package စတာတွေ ရှိပါတယ်။ 250F Package က ဂရိတ်အမြင့်ဆုံးဖြစ်လို့ Xenon Headlights မဖြစ်သလို Seat Motor လည်း မပါဝင်ပါဘူး။ တခြားဂရိတ်မှာတော့ CD player ၊ ခြေနင်းတန်းမီး ၊ Seat Motor ၊ ရှေ့အင်တင်နာ စတာတွေ ပါပါတယ်။ S Package က Sporty Package ဖြစ်လို့ အလွိုင်း ၁၈ လက်မ ဖြစ်သွားပြီး တခြားဂရိတ်တွေမှာတော့ ၁၆ လက်မ Standard အလွိုင်း ဖြစ်ပါတယ်။ ၃ဝဝဝ စီစီ Premium Package တွေမှာ Cruise Control ၊ Auto Parking System တွေ ပါဝင်ပြီး Original TV ဖြစ်ခဲ့ရင် Steering မှာ Controller တွေ ပါသွားပါတယ်။

ဈေးနှုန်း

Toyota Mark X ၂ဝဝ၄ ၊ ၂ဝဝ၅ မိုဒယ် (2500CC) နံပါတ်နိမ့်ကားတွေက ကျပ်သိန်းသုံးရာ နဲ့ ၃၅ဝ ကြားရှိပြီး ၂ဝ၁ဝ နောက်ပိုင်း မိုဒယ်မြင့်ကားတွေကတော့ ကျပ်သိန်း ခုနှစ်ရာအထက်မှာ ရှိပါတယ်။

Source: Automobile Journal

Read 816 times