Toyota  မေလ ကမ္ဘာလုံးဆိုင်ရာ ရောင်းအား ခုန်တက်


Toyota  မေလ ကမ္ဘာလုံးဆိုင်ရာ ရောင်းအား ခုန်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Toyota Motor သည်ချစ်ပ်များနှင့် အခြားအစိတ်အပိုင်းများ ရရှိမှု ပြန်လည်ကောင်းမွန်လာခြင်းကြောင့် မေလတွင် ထုတ်လုပ်ပေးနိုင်သည့် အစီးရေ ပိုများခဲ့ပြီး ပြည်တွင်းနှင့် အခြားအဓိကစျေးကွက်များတွင် ရောင်းချစီးရေ ပိုများခဲ့သည်။ ယခုနှစ် မေလတွင် ယမန်နှစ် မေလထက် ကမ္ဘာလုံးဆိုင်ရာရောင်းအား ၁၀% ခုန်တက်သွားကြောင်း ကြာသပတေးနေ့ (ဇွန် ၂၉) တွင် ပြောကြားသည်။ 

ကုမ္ပဏီသည် ပြီးခဲ့သည့် မေလတွင် ကမ္ဘာတစ်လွှားတွင် ၎င်း၏ စည်းစိမ်ကားအမှတ်တံဆိပ် Lexus အပါအဝင်ကားအစီးရေ ၈၃၈,၄၇၈ စီး ရောင်းချခဲ့သည်။
ဂျပန်နိုင်ငံတွင်  အစီးရေ ၁၁၆,၉၅၄ ရောင်းချခဲ့သည်။
တရုတ်ပြည်တွင် ၁၆၂,၃၈၁ စီး ရောင်းချခဲ့သည်။

ဟိုက်ဘရစ်ကမ္ဘာ့ရောင်းအား ၂၆၁,၁၄၇ စီး ရှိသည်။ Toyota Motor ကားရောင်းအား စုစုပေါင်း၏ သုံးပုံတစ်ပုံ မပြည့်ချေ။ 

ဘက်ထရီသုံး အီးဗီကမ္ဘာ့ရောင်းအား Lexus အပါအဝင် ၉,၉၂၃ စီး ရှိသည်။ 
ယခုနှစ် ပထမ ၅ လတွင် ဘက်ထရီသုံး အီးဗီကမ္ဘာ့ရောင်းအား Lexus အပါအဝင်၃၅,၉၈၀ စီး ရှိသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 445 times