Toyota Motor Corp က မတ်လ ကားထုတ်လုပ်မှု စံချိန်တင်မြင့်မားဟု ထုတ်ပြန်ကြေညာ
မတ်လမှာ Toyota Motor ရဲ့ ကမ္ဘာတစ်လွှား ကားထုတ်လုပ်မှု စံချိန်တက်မြင့်မားခဲ့ကြောင်း Toyota Motor Corp က ဧပြီလ ၂၇ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂျပန်ပြည်တွင်း ထုတ်လုပ်မှု လျော့ကျခဲ့ပေမဲ့ ပြည်ပ ထုတ်လုပ်မှုများ အားကောင်းခဲ့တာကြောင့် ပြည်တွင်းထုတ်လုပ်မှု လျော့နည်းတာကို ထေမိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းထုတ်လုပ်မှုအနေဖြင့် စက်ရုံယာယီရပ်ထားရခြင်း၊ ပြည်တွင်း ဝယ်လိုအား အားနည်းနေခြင်းတို့ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောကြားပါတယ်။
ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Toyota Motor က ၂၀၂၂ မတ်လမှာ ပြည်တွင်းပြည်ပ မော်တော်ယာဉ် ထုတ်လုပ်မှု စုစုပေါင်း စီးရေ ၈၆၆,၇၇၅ ရှိကြောင်း ပြောကြားပါတယ်။
၂၀၂၂ မတ်လအတွင်း ပစ္စည်းပေးသွင်းတဲ့ လုပ်ငန်းအချို့ အပါအဝင် ကားစက်ရုံများ တိုက်ဘာတိုက်ခိုက်မှုကြောင့် အလုပ် ယာယီအားဖြင့် တစ်ရက် ရပ်နားခဲ့ရပါတယ်။
ဂျပန်အရှေ့မြောက်ပိုင်းမှာ ပြင်းအား အဆင့် ၇.၄ ရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် ယာဉ်ပစ္စည်း ထုတ်လုပ်မှုများ နှောင့်နှေးသွားစေခဲ့ပါတယ်။ လုပ်ငန်းစုကြီးရဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြတဲ့ Hino နှင့် Daihatsu တို့အတွက် ယာဉ်ပစ္စည်း ထုတ်လုပ်မှုများလည်း နှောင့်နှေးစေခဲ့ပါတယ်။
၂၀၂၂ မတ်လမှာ ပြည်တွင်းထုတ်လုပ်မှု လျော့နည်းခဲ့ပြီး စီးရေ ၂၆၁,၇၅၉ ထုတ်လုပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။